လိုက်ပ်ဇစ်ရှုံးပွဲကို စိတ်ထဲမထားပဲ မန်စီးတီး နဲ့ ပွဲကို အာရုံစိုက်ရန် ယူနိုက်တက်အသင်းကို တိုက်တွန်းလိုက်တဲ့ နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အင်္ဂါနေ့က လိုက်ပ်ဇစ်ကို ရှုံးခဲ့တဲ့ ပွဲကို စိတ်မကောင်းမဖြစ်ရန် တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။ ရှုံးပွဲရလဒ်ကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စု (H) မှာ တတိယနေရာမှာပဲ ရပ်တည်နိုင်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ သို့သော်လည်းယူနိုက်တက်အနေနဲ့ ရှုံးပွဲကို စိတ်ထဲမထည့်ပဲ စနေနေ့ကစားမယ့် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲကို အာရုံစိုက်ကြရန် ကစားသမားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

“ ကျွန်တော်တို့ စတင်တာ အရမ်းကို နှေးကွေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြန်လည်တိုက်ပွဲဝင်ခဲ့တာကတော့ အရမ်းကိုကောင်းပါတယ်။ ဒါက ပရီးမီးယားလိဂ်နဲ့ မတူပါဘူး။ အသင်းတစ်သင်းကို (၃) ဂိုးပေးပြီး ပြန်လည်နိုင်ပွဲယူဖို့ မျှော်လင့်လို့ မရပါဘူး။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။

နောက်ဆုံးမိနစ်အထိ သရေရလဒ်ထွက်ပေါ်နိုင်သေးတယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။သေချာတာကတော့ ကျွန်တော်တို့ လုံလုံလောက်လောက်မကောင်းခဲ့ပါဘူး။ ဒီအုပ်စုက ခက်ခဲပါတယ်။ ရှုံးပွဲကလည်း ကျွန်တော်တို့အတွက် ကြီးမားပါတယ်။ အစ္စတန်ဘူလ် နဲ့ ပွဲတုန်းကလည်း အတူတူပါပဲ။

ကျွန်တော်တို့ ရသင့်တဲ့အမှတ်တွေကို ဆုံးရှုံးခဲ့တာပါ။ ဘောလုံးသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းနေလို့မရပါဘူး။ ခဏတော့ ဝမ်းနည်းလို့ရပါတယ်။ နောက်ထပ်အရေးကြီးတဲ့ စနေနေ့ ပွဲကို ပြန်လည်အာရုံစိုက်ရပါမယ်” လို့ ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လိုက္ပ္ဇစ္ရႈံးပြဲကို စိတ္ထဲမထားပဲ မန္စီးတီး နဲ႔ ပြဲကို အာရံုစိုက္ရန္ ယူႏိုက္တက္အသင္းကို တိုက္တြန္းလိုက္တဲ့ နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အဂၤါေန႔က လိုက္ပ္ဇစ္ကို ရႈံးခဲ့တဲ့ ပြဲကို စိတ္မေကာင္းမျဖစ္ရန္ တိုက္တြန္းေျပာၾကားသြားခဲ့ပါတယ္။ ရႈံးပြဲရလဒ္ေၾကာင့္ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ အုပ္စု (H) မွာ တတိယေနရာမွာပဲ ရပ္တည္ႏိုင္ၿပီး ၿပိဳင္ပြဲက ထြက္ခြာခဲ့ရၿပီ ျဖစ္ပါတယ္။ သို႔ေသာ္လည္းယူႏိုက္တက္အေနနဲ႔ ရႈံးပြဲကို စိတ္ထဲမထည့္ပဲ စေနေန႔ကစားမယ့္ မန္စီးတီးနဲ႔ မန္ခ်က္စတာဒါဘီပြဲကို အာရံုစိုက္ၾကရန္ ကစားသမားေတြကို တိုက္တြန္းသြားခဲ့ပါတယ္။

“ ကၽြန္ေတာ္တို႔ စတင္တာ အရမ္းကို ေႏွးေကြးခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ျပန္လည္တိုက္ပြဲ၀င္ခဲ့တာကေတာ့ အရမ္းကိုေကာင္းပါတယ္။ ဒါက ပရီးမီးယားလိဂ္နဲ႔ မတူပါဘူး။ အသင္းတစ္သင္းကို (၃) ဂိုးေပးၿပီး ျပန္လည္ႏိုင္ပြဲယူဖို႔ ေမွ်ာ္လင့္လို႔ မရပါဘူး။ ကၽြန္ေတာ္တို႔ ကံမေကာင္းခဲ့ပါဘူး။

ေနာက္ဆံုးမိနစ္အထိ သေရရလဒ္ထြက္ေပၚႏိုင္ေသးတယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ေသခ်ာတာကေတာ့ ကၽြန္ေတာ္တို႔ လံုလံုေလာက္ေလာက္မေကာင္းခဲ့ပါဘူး။ ဒီအုပ္စုက ခက္ခဲပါတယ္။ ရႈံးပြဲကလည္း ကၽြန္ေတာ္တို႔အတြက္ ႀကီးမားပါတယ္။ အစၥတန္ဘူလ္ နဲ႔ ပြဲတုနး္ကလည္း အတူတူပါပဲ။

ကၽြန္ေတာ္တို႔ ရသင့္တဲ့အမွတ္ေတြကို ဆံုးရႈံးခဲ့တာပါ။ ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ၀မ္းနည္းေနလို႔မရပါဘူး။ ခဏေတာ့ ၀မ္းနည္းလို႔ရပါတယ္။ ေနာက္ထပ္အေရးႀကီးတဲ့ စေနေန႔ ပြဲကို ျပန္လည္အာရံုစိုက္ရပါမယ္” လို႔ ဆိုးလ္ရွားက ပြဲအၿပီးမွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။