လိုက်ပ်ဇစ်ကို ရှုံးပြီး ချန်ပီယံလိဂ်က ထွက်ခွာရတဲ့အပေါ် ဆင်ခြေပးစရာ မရှိဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရား

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားက အင်္ဂါနေ့ညက လိုက်ပ်ဇစ်အသင်းကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ရတဲ့အပေါ် အသင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမယ်လို့ ပြောသွားခဲ့ပါတယ်။ ရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မက်ဂွဲရားက “ ကျွန်တော်တို့က ပွဲကို လေးလေးပင်ပင်စခဲ့ပါတယ်။ အဲ့ဒါက လုံလုံလောက်လောက်မကောင်းခဲ့ပါတယ်။ ပထမပိုင်း မိနစ် (၂၀) မှာ ကျွန်တော်တို့ အမှားတွေများခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြန်ကြည့်ရပါမယ်။

ရှုံးပွဲကြောင့် အနောက်မှာ နေသွားမှာမဟုတ်ပါဘူး။ စနေနေ့က ကျွန်တော်တို့ ပထမပိုင်းမှာ (၂-ဝ) နဲ့ ရှုံးခဲ့ပါသေးတယ်။ နောက်တစ်ဂိုးပေးလိုက်ရတာက ခက်ခဲသွားတာပါ။ သူတို့က (၃-ဝ) နဲ့ ဦးဆောင်သွားလို့ ပွဲက ပိုခက်ခဲသွားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သရေရလဒ်ထွက်ပေါ်ဖို့ နီးစပ်ခဲ့ပါသေးတယ်။

ကျွန်တော်ကတော့ ဆင်ခြေတွေ မပေးချင်ပါဘူး။ တိုးတက်ဖို့အတွက်လုပ်ရပါမယ်။ကျွန်တော်တို့ နောက်တန်းက ကောင်းကောင်းမကာကွယ်နိုင်ဘူးဆိုရင်တော့ ရှုံးပွဲတွေ တွေ့နေမှာပါ။ အဲ့ဒီလို ကျွန်တော်မလိုချင်ပါဘူး။ ဒီအုပ်စုက ခက်ခဲတဲ့ အုပ်စုဖြစ်ပေမယ့် ကျွန်တော်တို့ နောက်တစ်ဆင့်ကို တက်သင့်ပါတယ်။ဒီပြိုင်ပွဲကို ရောက်ဖို့ ကျွန်တော်တို့ အရမ်းကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကြိုးစားသွားမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

လိုက္ပ္ဇစ္ကို ရႈံးၿပီး ခ်န္ပီယံလိဂ္က ထြက္ခြာရတဲ့အေပၚ ဆင္ေျခပးစရာ မရွိဘူးလို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရား

ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားက အဂၤါေန႔ညက လိုက္ပ္ဇစ္အသင္းကို ခ်န္ပီယံလိဂ္မွာ ရႈံးနိမ့္ခဲ့ရတဲ့အေပၚ အသင္းအေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ၾကည့္ရမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ရႈံးပြဲေၾကာင့္ ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္က ထြက္ခြာခဲ့ရၿပီး ယူ႐ိုပါလိဂ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ မက္ဂြဲရားက “ ကၽြန္ေတာ္တို႔က ပြဲကို ေလးေလးပင္ပင္စခဲ့ပါတယ္။ အဲ့ဒါက လံုလံုေလာက္ေလာက္မေကာင္းခဲ့ပါတယ္။ ပထမပိုင္း မိနစ္ (၂၀) မွာ ကၽြန္ေတာ္တို႔ အမွားေတြမ်ားခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ကိုယ္ ကၽြန္ေတာ္တို႔ ျပန္ၾကည့္ရပါမယ္။

ရႈံးပြဲေၾကာင့္ အေနာက္မွာ ေနသြားမွာမဟုတ္ပါဘူး။ စေနေန႔က ကၽြန္ေတာ္တို႔ ပထမပိုင္းမွာ (၂-၀) နဲ႔ ရႈံးခဲ့ပါေသးတယ္။ ေနာက္တစ္ဂိုးေပးလိုက္ရတာက ခက္ခဲသြားတာပါ။ သူတို႔က (၃-၀) နဲ႔ ဦးေဆာင္သြားလို႔ ပြဲက ပိုခက္ခဲသြားပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ သေရရလဒ္ထြက္ေပၚဖို႔ နီးစပ္ခဲ့ပါေသးတယ္။

ကၽြန္ေတာ္ကေတာ့ ဆင္ေျခေတြ မေပးခ်င္ပါဘူး။ တိုးတက္ဖို႔အတြက္လုပ္ရပါမယ္။ကၽြန္ေတာ္တို႔ ေနာက္တန္းက ေကာင္းေကာင္းမကာကြယ္ႏိုင္ဘူးဆိုရင္ေတာ့ ရႈံးပြဲေတြ ေတြ႕ေနမွာပါ။ အဲ့ဒီလို ကၽြန္ေတာ္မလိုခ်င္ပါဘူး။ ဒီအုပ္စုက ခက္ခဲတဲ့ အုပ္စုျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔ ေနာက္တစ္ဆင့္ကို တက္သင့္ပါတယ္။ဒီၿပိဳင္ပြဲကို ေရာက္ဖို႔ ကၽြန္ေတာ္တို႔ အရမ္းႀကိဳးစားခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ဒီထက္ပိုႀကိဳးစားသြားမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။