ဂရင်းဝုဒ်ယူနိုက်တက်မှာ ဂိုးပြန်သွင်းနိုင်လို့ ပျော်ရွှင်နေတဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က စနေနေ့က ဝက်စ်ဟမ်းအသင်းကို ယူနိုက်တက် အနိုင်ရခဲ့တဲ့ ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး ဂရင်းဝုဒ် ဂိုးသွင်းနိုင်တဲ့အပေါ် ပျော်ရွှင်နေပါတယ်။ ဆောင်ဂိတ်က ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစားသမားကို နောက်နွေရာသီမှာကစားမယ့် ယူရိုပြိုင် နဲ့ နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတို့အတွက် ခေါ်ယူရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဆောက်ဂိတ်က “ ပိတ်ရက်တုန်းက မေဆန်နဲ့ သူ့ရဲ့ အဆုံးအသတ်ကို မြင်ရတာ ကျွန်တော်အတွက် အင်အားဖြစ်စေပါတယ်။ အခွင့်အရေးတစ်ကြိမ်ကို အဆုံးသတ်လိုက်တဲ့ သူ့ရဲ့ အရည်အချင်းက အရမ်းကောင်းပါတယ်။ ဒါကို ကျွန်တော်တို့ ရာသီကုန်တဲ့အထိ မြင်ချင်တာပါ။ ဒါကြောင့်ပဲ သူ့ကို စက်တင်ဘာလတုန်းက ကျွန်တော်တို့ ခေါ်ယူခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။


