ယူနိုက်တက်ဘုတ်အဖွဲ့က ဘောလုံးအကြောင်း နားလည်သလားလို့ ပြောဆိုလိုက်တဲ့ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်တဲ့ ရိုင်အိုလာက ယူနိုက်တက်ဘုတ်အဖွဲ့ကို ပေါ့ဘာအား ၂၀၂၁ မှာ ရောင်းချရန် တွန်းအားပေးလိုက်ပြီဖြစ်ပါတယ်။အစောပိုင်းတုန်းက ရိုင်အိုလာက ပေါ့ဘာဟာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ အတည်ပြုပြောခဲ့တာပါ။

အင်တာဗျူးတစ်ခုမှာ ရိုင်အိုလာက “ ပေါ့ဘာနဲ့ ယူနိုက်တက် ဇတ်လက ပြီးဆုံးသွားပြီလို့ ကျွန်တော် ပြောနိုင်ပါတယ်။ ပေါလ်ဟာ မပျော်မရွှင်ဖြစ်နေပါတယ်။ ယူနိုက်တက်မှာ သူဟာ မျှော်လင့်သလို မဖြစ်လာတာ ကြာပြီဖြစ်ပါတယ်။ ပေါလ်ဟာ အသင်းသစ်လိုအပ်နေပြီး ပတ်ဝန်းကျင်အသစ်ကို ပြောင်းရမှာပါ။ သူ့စာချုပ်က ၁၈ လ ကျန်နေသေးပြီး ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ သို့သော်လည်း ပေါ့ဘာကို လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချလိုက်တာက ယူနိုက်တက် နဲ့ ကစားသမားအတွက် အကောင်းဆုံးအဖြေဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

တစ်ကယ်လို့ မလုပ်ဖြစ်ရင်တော့ သူက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာဖြစ်ပါတယ်။ ယူနိုက်တက်ဘုတ်အဖွဲ့ကတော့ ပေါ့ဘာကို အလွတ်နဲ့ လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။ တစ်ကယ်လို့ အဲ့ဒါမှမဟုတ်ရင်တော့ သူတို့ဟာ ဘောလုံးအကြောင်း နားမလည်လို့ပါပဲ။ ပေါ့ဘာ အသင်းက ထွက်ခွာမယ့်ကိစ္စ နဲ့ ပတ်သက်ပြီး သူတို့ ကျွန်တော့်ကိုပဲ အပြစ်တင်ကြပါစေ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက္တက္ဘုတ္အဖြဲ႔က ေဘာလံုးအေၾကာင္း နားလည္သလားလို႔ ေျပာဆိုလိုက္တဲ့ ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ

ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ႐ိုင္အိုလာက ယူႏိုက္တက္ဘုတ္အဖြဲ႔ကို ေပါ့ဘာအား ၂၀၂၁ မွာ ေရာင္းခ်ရန္ တြန္းအားေပးလိုက္ၿပီျဖစ္ပါတယ္။အေစာပိုင္းတုန္းက ႐ိုင္အိုလာက ေပါ့ဘာဟာ အသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ အတည္ျပဳေျပာခဲ့တာပါ။

အင္တာဗ်ဴးတစ္ခုမွာ ႐ိုင္အိုလာက “ ေပါ့ဘာနဲ႔ ယူႏိုက္တက္ ဇတ္လက ၿပီးဆံုးသြားၿပီလို႔ ကၽြန္ေတာ္ ေျပာႏိုင္ပါတယ္။ ေပါလ္ဟာ မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။ ယူႏိုက္တက္မွာ သူဟာ ေမွ်ာ္လင့္သလို မျဖစ္လာတာ ၾကာၿပီျဖစ္ပါတယ္။ ေပါလ္ဟာ အသင္းသစ္လိုအပ္ေနၿပီး ပတ္၀န္းက်င္အသစ္ကို ေျပာင္းရမွာပါ။ သူ႔စာခ်ဳပ္က ၁၈ လ က်န္ေနေသးၿပီး ၂၀၂၂ ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္ပါတယ္။ သို႔ေသာ္လည္း ေပါ့ဘာကို လာမယ့္အေျပာင္းအေရႊ႕မွာ ေရာင္းခ်လိုက္တာက ယူႏိုက္တက္ နဲ႔ ကစားသမားအတြက္ အေကာင္းဆံုးအေျဖျဖစ္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။

တစ္ကယ္လို႔ မလုပ္ျဖစ္ရင္ေတာ့ သူက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာမွာျဖစ္ပါတယ္။ ယူႏိုက္တက္ဘုတ္အဖြဲ႔ကေတာ့ ေပါ့ဘာကို အလြတ္နဲ႔ လက္လႊတ္ဆံုးရႈံးခံမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ တစ္ကယ္လို႔ အဲ့ဒါမွမဟုတ္ရင္ေတာ့ သူတို႔ဟာ ေဘာလံုးအေၾကာင္း နားမလည္လို႔ပါပဲ။ ေပါ့ဘာ အသင္းက ထြက္ခြာမယ့္ကိစၥ နဲ႔ ပတ္သက္ၿပီး သူတို႔ ကၽြန္ေတာ့္ကိုပဲ အျပစ္တင္ၾကပါေစ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။