ပထမအကျော့ ရှုံးပွဲအတွက် ယူနိုက်တက်ကို ကလက်စားချေသွားမှာလို့ ဝန်ခံပြောကြားလိုက်တဲ့ လိုက်ပ်ဇစ် နောက်ခံလူ အန်ဂျယ်လီနို

မန်စီးတီးအသင်းကနေ လိုက်ပ်ဇစ်အသင်းထံမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဘယ်နောက်ခံလူ အန်ဂျယ်လီနိုက ယူနိုက်တက်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ကလက်စားချေသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ အန်ဂျယ်လီနို နဲ့ သူ့ရဲ့ လိုက်ပ်ဇစ်အသင်းဖော်တွေဟာ အင်္ဂါနေ့ကစားမယ့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို သေသေရှင်ရှင်ကစားရန် ပြင်ဆင်နေကြတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်သာ အနိုင်ရပါက ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပေမယ့် ယူနိုက်တက်ဘက်ကတော့ သရေရလဒ်ပဲ လိုအပ်နေပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမအကျော့ အိုးထရက်ဖိုဒ့်မှာတုန်းက အိမ်ကွင်းမှာ (၅-ဝ) နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီပွဲက ခက်ခက်ခဲခဲ ဖြစ်ခဲ့ပါတယ်။ ဘယ်အသင်းမဆို (၅) ဂိုး နဲ့ အနိုင်ရနိုင်ပါတယ်။ ဒါကို လက်ခံနိုင်ဖို့တော့ ခက်ပါတယ်။ ပိုဆိုးတာက ကျွန်တော့်က မန်ချက်က မန်စီးတီးက ဖြစ်ခဲ့တာပါ။ အဲ့ဒါကြောင့် ကျွန်တော်က ပိုခံစားရပါတယ်။ မနက်ဖြန်တော့ နောက်ဆုံးပါပဲ။ ကျွန်တော်တို့ အရမ်းကို အာရုံစိုက်နေပါတယ်။ အခြေအနေတွေကို အလှည့်အပြောင်းလုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ နောက်ဆုံးပွဲက ရလဒ်ကို မေ့လို့ရနိုင်မှာ မဟုတ်ပါဘူး” လို့ အန်ဂျယ်လီနိုက သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

ပထမအေက်ာ့ ရႈံးပြဲအတြက္ ယူနိုက္တက္ကို ကလက္စားေခ်သြားမွာလို႔ ၀န္ခံေျပာၾကားလိုက္တဲ့ လိုက္ပ္ဇစ္ ေနာက္ခံလူ အန္ဂ်ယ္လီႏို

မန္စီးတီးအသင္းကေန လိုက္ပ္ဇစ္အသင္းထံမွာ အငွားနဲ႔ သြားေရာက္ကစားေနတဲ့ ဘယ္ေနာက္ခံလူ အန္ဂ်ယ္လီႏိုက ယူႏိုက္တက္အသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ကလက္စားေခ်သြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ အန္ဂ်ယ္လီႏို နဲ႔ သူ႔ရဲ႕ လိုက္ပ္ဇစ္အသင္းေဖာ္ေတြဟာ အဂၤါေန႔ကစားမယ့္ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲကို ေသေသရွင္ရွင္ကစားရန္ ျပင္ဆင္ေနၾကတာျဖစ္ပါတယ္။

လိုက္ပ္ဇစ္သာ အႏိုင္ရပါက ၁၆ သင္းအဆင့္ကို တက္လွမ္းႏိုင္မွာျဖစ္ေပမယ့္ ယူႏိုက္တက္ဘက္ကေတာ့ သေရရလဒ္ပဲ လိုအပ္ေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ပထမအေက်ာ့ အိုးထရက္ဖိုဒ့္မွာတုန္းက အိမ္ကြင္းမွာ (၅-၀) နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

“အဲ့ဒီပြဲက ခက္ခက္ခဲခဲ ျဖစ္ခဲ့ပါတယ္။ ဘယ္အသင္းမဆို (၅) ဂိုး နဲ႔ အႏိုင္ရႏိုင္ပါတယ္။ ဒါကို လက္ခံႏိုင္ဖို႔ေတာ့ ခက္ပါတယ္။ ပိုဆိုးတာက ကၽြန္ေတာ့္က မန္ခ်က္က မန္စီးတီးက ျဖစ္ခဲ့တာပါ။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္က ပိုခံစားရပါတယ္။ မနက္ျဖန္ေတာ့ ေနာက္ဆံုးပါပဲ။ ကၽြန္ေတာ္တို႔ အရမ္းကို အာရံုစိုက္ေနပါတယ္။ အေျခအေနေတြကို အလွည့္အေျပာင္းလုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ေနာက္ဆံုးပြဲက ရလဒ္ကို ေမ့လို႔ရႏိုင္မွာ မဟုတ္ပါဘူး” လို႔ အန္ဂ်ယ္လီႏိုက သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။