လိုက်ပ်ဇစ်ကို သရေကစားမှာ မဟုတ်ပဲ အနိုင်ကစားမယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လိုက်ပ်ဇစ်ကို (ဝ-၀) သရေရလဒ်ထွက်ပေါ်အောင် မကစားနိုင်ဘူးလို့ ပြောသွားခဲ့ပါတယ်။ မနက်ဖြန်ကစားမယ့် လိုက်ပ်ဇစ် နဲ့ ချန်ပီယံလိဂ်ပွဲကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့အသင်းဟာ အနိုင်ကစားသွားမှာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ရှုံးနိမ့်သွားပါက ယူနိုက်တက်အသင်းဟာ ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရမှာ မဟုတ်ပါဘူး။

ဆိုးလ်ရှားက “ ဒီပွဲက ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဂိုးမရှိသရေရလဒ်ထွက်ပေါ်အောင် ကစားလို့ မရနိုင်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ ပုံစံမဟုတ်ပါဘူး။ ဒါကို ပီအက်စ်ဂျီနဲ့ ပွဲတုန်းက ပြသခဲ့ပြီး ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီလိုမျိုး ကျွန်တော်တို့ ထပ်လုပ်သွားမှာပါ။ ရှုံးထွက်ပွဲလိုမျိုးပေါ့။ သူတို့ကလည်း အသင်းကောင်းတစ်သင်းပါ။

ကျွန်တော်တို့ကလည်း အသင်းကောင်းဖြစ်ပြီး အနိုင်ယူနိုင်တဲ့ အရည်အသွေးရှိပါတယ်။ ပထမအကျော့ကလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေကို ကျွန်တော်တို့ ရှာဖွေနေတာပါ။ ကျွန်တော်တို့ဟာ လွယ်ကူတဲ့ ပွဲတွေကို မကစားချင်ပါဘူး။ ခက်ခဲတဲ့ပွဲမျိုးတွေကိုပဲ ကစားချင်ခဲ့တာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက တိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီ နဲ့ မာရှယ်လ်တို့ (၂) ယောက်ပါဝင်ကစားနိုင်မှာ မဟုတ်ပေမယ့် အနားယူခဲ့ရတဲ့ ဂိုးသမား ဒီဂီယာ နဲ့ နောက်ခံလူ လုခ်ရှောတို့ မနက်ဖြန်ကစားမယ့် ပွဲမှာ ပါဝင်နိုင်မယ်လို့ ပြောသွားခဲ့ပါတယ်။ “ ကာဗာနီ နဲ့ အန်တိုနီ တို့က အသေးစားဒဏ်ရာ ရထားပေမယ့် ဂျာမန်မြေကို သွားမယ့် ခရီးစဉ်ကိုတော့ လိုက် နိုင်မှာ မဟုတ်ပါဘူး။ ဒီဂီယာ နဲ့ လုခ်ရှောတို့ကတော့ လိုက်ပါနိုင်ပါတယ်” လို့ နည်းပြ ဆိုးလ်ရှားက ထပ်မံပြောခဲ့တာဖြစ်ပါတယ်။

လိုက္ပ္ဇစ္ကို သေရကစားမွာ မဟုတ္ပဲ အႏိုင္ကစားမယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက လိုက္ပ္ဇစ္ကို (၀-၀) သေရရလဒ္ထြက္ေပၚေအာင္ မကစားႏိုင္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ မနက္ျဖန္ကစားမယ့္ လိုက္ပ္ဇစ္ နဲ႔ ခ်န္ပီယံလိဂ္ပြဲကို ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက သူ႔အသင္းဟာ အႏိုင္ကစားသြားမွာျဖစ္တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ ရႈံးနိမ့္သြားပါက ယူႏိုက္တက္အသင္းဟာ ၁၆ သင္းအဆင့္ကို တက္လွမ္းခြင့္ရမွာ မဟုတ္ပါဘူး။

ဆိုးလ္ရွားက “ ဒီပြဲက ဘာမဆို ျဖစ္သြားႏိုင္ပါတယ္။ ဂိုးမရွိသေရရလဒ္ထြက္ေပၚေအာင္ ကစားလို႔ မရႏိုင္ပါဘူး။ ဒါက ကၽြန္ေတာ္တို႔ရဲ႕ ပံုစံမဟုတ္ပါဘူး။ ဒါကို ပီအက္စ္ဂ်ီနဲ႔ ပြဲတုန္းက ျပသခဲ့ၿပီး ကၽြန္ေတာ္တို႔ အႏိုင္ရခဲ့ပါတယ္။ အဲ့ဒီလိုမ်ိဳး ကၽြန္ေတာ္တို႔ ထပ္လုပ္သြားမွာပါ။ ရႈံးထြက္ပြဲလိုမ်ိဳးေပါ့။ သူတို႔ကလည္း အသင္းေကာင္းတစ္သင္းပါ။

ကၽြန္ေတာ္တို႔ကလည္း အသင္းေကာင္းျဖစ္ၿပီး အႏိုင္ယူႏိုင္တဲ့ အရည္အေသြးရွိပါတယ္။ ပထမအေက်ာ့ကလည္း ကၽြန္ေတာ္တို႔ လုပ္ႏိုင္ခဲ့ပါတယ္။ ဒီလိုပြဲမ်ိဳးေတြကို ကၽြန္ေတာ္တို႔ ရွာေဖြေနတာပါ။ ကၽြန္ေတာ္တို႔ဟာ လြယ္ကူတဲ့ ပြဲေတြကို မကစားခ်င္ပါဘူး။ ခက္ခဲတဲ့ပြဲမ်ိဳးေတြကိုပဲ ကစားခ်င္ခဲ့တာပါ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဆိုးလ္ရွားက တိုက္စစ္မွဴးေတြျဖစ္တဲ့ ကာဗာနီ နဲ႔ မာရွယ္လ္တို႔ (၂) ေယာက္ပါ၀င္ကစားႏိုင္မွာ မဟုတ္ေပမယ့္ အနားယူခဲ့ရတဲ့ ဂိုးသမား ဒီဂီယာ နဲ႔ ေနာက္ခံလူ လုခ္ေရွာတို႔ မနက္ျဖန္ကစားမယ့္ ပြဲမွာ ပါ၀င္ႏိုင္မယ္လို႔ ေျပာသြားခဲ့ပါတယ္။ “ ကာဗာနီ နဲ႔ အန္တိုနီ တို႔က အေသးစားဒဏ္ရာ ရထားေပမယ့္ ဂ်ာမန္ေျမကို သြားမယ့္ ခရီးစဥ္ကိုေတာ့ လိုက္ ႏိုင္မွာ မဟုတ္ပါဘူး။ ဒီဂီယာ နဲ႔ လုခ္ေရွာတို႔ကေတာ့ လိုက္ပါႏိုင္ပါတယ္” လိို႔ နည္းျပ ဆိုးလ္ရွားက ထပ္မံေျပာခဲ့တာျဖစ္ပါတယ္။