ခရက်စ်နိုဒါ နဲ့ ပွဲမှာ ကစားခွင့်ရမယ့် အခွင့်အရေးကို အမိအရယူရမယ်လို့ ဆိုလိုက်တဲ့ ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမား ဂဲလ်မော

ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမားလေး ဂဲလ်မောဟာ ပွဲထွက်ကစားခွင့် ရရှိလာတဲ့ အခွင့်အရေးကို အရယူသွားရမယ်ဆိုတာကို နားလည်ထားပါတယ်။ နည်းပြလမ်းပတ်က အင်္ဂါနေ့ညကစားမယ့် ခရက်စ်နိုဒါ နဲ့ ချန်ပီယံလိဂ်ပွဲမှာ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ဂဲလ်မောကို ပွဲစတာနဲ့ ကစားခွင့်ပေးမယ်လို့ အတည်ပြုပြောသွားခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ကမှ ဒဏ်ရာ ပြဿနာကနေ ပြန်လည်ရောက်ရှိလာတဲ့ ဂဲလ်မောဟာ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ လမ်းပတ်ရဲ့ အထင်ကြီးလေးစားမှုကို ခံရရန်လိုအပ်တယ်လို့ နားလည်ထားပါတယ်။

“ အသင်းက ကစားသမားအသင်းတွေ၊ လူကောင်းတွေ ခေါ်ယူထားပါတယ်။ ဒါ့အပြင် အားလုံးကလည်း အကောင်းဆုံးခြေစွမ်းပြနေကြပါတယ်။ အသင်းအတွင်းလူစာရင်းရဲ့ ပြိုင်ဆိုင်မှုကိုလည်း အားလုံးမြင်နေရမှာပါ။ အရမ်းကိုတောင့်တင်းလို့ ရလဒ်တွေလည်း ကောင်းနေပါတယ်။ချဲလ်ဆီးက အသင်းကြီးတစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးစွမ်းဆောင်နေပါတယ်။

ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဒီလို ပြန်လည်ကစားခွင့်ရတဲ့အချိန်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါက အသင်းအတွင်း နေရာအတွက် ပြိုင်ဆိုင်မှုပါ။ ပွဲတစ်ပွဲကစားရဖို့ အရမ်းကို ခက်ပါတယ်။ ဒါပေမယ့် မနက်ဖြန် ကျွန်တော် အခွင့်အရေးရပါတယ်။ ကျွန်တော်အသင်းရဲ့ လူစာရင်းမှာ ဘာကြောင့်ရှိသင့်သလဲဆိုတာကို ပြသဖို့ လိုအပ်နေပါတယ်။ မနက်ဖြန်က ကျွန်တော်တို့အတွက် ပွဲကြီးတစ်ပွဲပါ။ အကောင်းစိတ်ဓာတ်နဲ့ အနိုင်ရဖို့ အရင်ဆုံးကြိုးစားသွားမှာပါ” လို့ ဂဲလ်မောက သတင်းထောက်များကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ခရက္စ္ႏိုဒါ နဲ႔ ပြဲမွာ ကစားခြင့္ရမယ့္ အခြင့္အေရးကို အမိအရယူရမယ္လို႔ ဆိုလိုက္တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ကစားသမား ဂဲလ္ေမာ

ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ကစားသမားေလး ဂဲလ္ေမာဟာ ပြဲထြက္ကစားခြင့္ ရရွိလာတဲ့ အခြင့္အေရးကို အရယူသြားရမယ္ဆိုတာကို နားလည္ထားပါတယ္။ နညး္ျပလမ္းပတ္က အဂၤါေန႔ညကစားမယ့္ ခရက္စ္ႏိုဒါ နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ အသက္ ၁၉ ႏွစ္အရြယ္ ကြင္းလယ္ကစားသမား ဂဲလ္ေမာကို ပြဲစတာနဲ႔ ကစားခြင့္ေပးမယ္လို႔ အတည္ျပဳေျပာသြားခဲ့တာျဖစ္ပါတယ္။

မၾကာေသးခင္ကမွ ဒဏ္ရာ ျပႆနာကေန ျပန္လည္ေရာက္ရွိလာတဲ့ ဂဲလ္ေမာဟာ အသင္းမွာ ပံုမွန္ကစားခြင့္ရဖို႔ လမ္းပတ္ရဲ႕ အထင္ႀကီးေလးစားမႈကို ခံရရန္လိုအပ္တယ္လို႔ နားလည္ထားပါတယ္။

“ အသင္းက ကစားသမားအသင္းေတြ၊ လူေကာင္းေတြ ေခၚယူထားပါတယ္။ ဒါ့အျပင္ အားလံုးကလည္း အေကာင္းဆံုးေျခစြမ္းျပေနၾကပါတယ္။ အသင္းအတြင္းလူစာရင္းရဲ႕ ၿပိဳင္ဆိုင္မႈကိုလည္း အားလံုးျမင္ေနရမွာပါ။ အရမ္းကိုေတာင့္တင္းလို႔ ရလဒ္ေတြလည္း ေကာင္းေနပါတယ္။ခ်ဲလ္ဆီးက အသင္းႀကီးတစ္သင္းျဖစ္ၿပီး ပရီးမီးယားလိဂ္မွာလည္း အေကာင္းဆံုးစြမ္းေဆာင္ေနပါတယ္။

ဒါေပမယ့္ ကၽြန္ေတာ့္အေနနဲ႔ ဒီလို ျပန္လည္ကစားခြင့္ရတဲ့အခ်ိန္မွာ အေကာင္းဆံုး စြမ္းေဆာင္ႏိုင္ဖို႔ ရည္ရြယ္ထားပါတယ္။ ဒါက အသင္းအတြင္း ေနရာအတြက္ ၿပိဳင္ဆိုင္မႈပါ။ ပြဲတစ္ပြဲကစားရဖို႔ အရမ္းကို ခက္ပါတယ္။ ဒါေပမယ့္ မနက္ျဖန္ ကၽြန္ေတာ္ အခြင့္အေရးရပါတယ္။ ကၽြန္ေတာ္အသင္းရဲ႕ လူစာရင္းမွာ ဘာေၾကာင့္ရွိသင့္သလဲဆိုတာကို ျပသဖို႔ လိုအပ္ေနပါတယ္။ မနက္ျဖန္က ကၽြန္ေတာ္တို႔အတြက္ ပြဲႀကီးတစ္ပြဲပါ။ အေကာင္းစိတ္ဓာတ္နဲ႔ အႏိုင္ရဖို႔ အရင္ဆံုးႀကိဳးစားသြားမွာပါ” လို႔ ဂဲလ္ေမာက သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာျဖစ္ပါတယ္။