လိုက်ပ်ဇစ်နဲ့ ပွဲမှာ အသင်းရဲ့ တိုက်စစ်မှူး (၂) ယောက် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဝန်ခံသွားခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး (၂) ယောက်ဖြစ်တဲ့ ကာဗာနီ နဲ့ မာရှယ်လ်တို့ဟာ မနက်ဖြန်ကစားမယ့် လိုက်ပ်ဇစ် နဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်ကို ရှုံးရင် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ ယခုလအစောပိုင်းတုန်းက ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းကို (၃-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ (၂) ဂိုးသွင်းပြီးူ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမား မာရှယ်လ်ကတော့ ဒီရာသီပရီးမီးယားလိဂ်မှာ ရုန်းကန်နေရဆဲ ဖြစ်ပြီး အခုထိ တစ်ဂိုးမှ မသွင်းနိုင်သေးပါဘူး။ သူတို့ (၂) ယောက်စလုံးဟာ စနေနေ့က ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမှာ ပွဲထွက်ကစားခဲ့ပေမယ့် လူစားလဲခြင်းခံခဲ့ရပါတယ်။ ယခုအခါ နည်းပြ ဆိုးလ်ရှားက သူတို့ (၂) ယောက်ဟာ လိုက်ပ်ဇစ်အသင်းနဲ့ ကစားမယ့် ပွဲမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြုပြောသွားခဲ့တာဖြစ်ပါတယ်။

“ ကာဗာနီ နဲ့ အန်တိုနီ တို့က အသေးစားဒဏ်ရာ ရထားပေမယ့် ဂျာမန်မြေကို သွားမယ့် ခရီးစဉ်ကိုတော့ လိုက် နိုင်မှာ မဟုတ်ပါဘူး။ ဒီဂီယာ နဲ့ လုခ်ရှောတို့ကတော့ လိုက်ပါနိုင်ပါတယ်” လို့ နည်းပြ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

လိုက္ပ္ဇစ္နဲ႔ ပြဲမွာ အသင္းရဲ႕ တိုက္စစ္မွဴး (၂) ေယာက္ ဒဏ္ရာေၾကာင့္ ပါ၀င္ႏိုင္မွာ မဟုတ္ဘူးလို႔ ၀န္ခံသြားခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွဴး (၂) ေယာက္ျဖစ္တဲ့ ကာဗာနီ နဲ႔ မာရွယ္လ္တို႔ဟာ မနက္ျဖန္ကစားမယ့္ လိုက္ပ္ဇစ္ နဲ႔ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ လိုက္ပ္ဇစ္ကို ရႈံးရင္ ၁၆ သင္းအဆင့္ကို တက္လွမ္းႏိုင္မွာ မဟုတ္ပါဘူး။ ယခုလအေစာပိုင္းတုန္းက ကစားခဲ့တဲ့ ေဆာက္သမ္တန္အသင္းကို (၃-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဥ႐ုေဂြးလက္ေရြးစင္ကစားသမားဟာ (၂) ဂိုးသြင္းၿပီးူ ေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္ကစားသမား မာရွယ္လ္ကေတာ့ ဒီရာသီပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရဆဲ ျဖစ္ၿပီး အခုထိ တစ္ဂိုးမွ မသြင္းႏိုင္ေသးပါဘူး။ သူတို႔ (၂) ေယာက္စလံုးဟာ စေနေန႔က ၀က္စ္ဟမ္းအသင္းနဲ႔ ပြဲမွာ ပြဲထြက္ကစားခဲ့ေပမယ့္ လူစားလဲျခင္းခံခဲ့ရပါတယ္။ ယခုအခါ နည္းျပ ဆိုးလ္ရွားက သူတို႔ (၂) ေယာက္ဟာ လိုက္ပ္ဇစ္အသင္းနဲ႔ ကစားမယ့္ ပြဲမွာ ပါ၀င္မွာ မဟုတ္ဘူးလို႔ အတည္ျပဳေျပာသြားခဲ့တာျဖစ္ပါတယ္။

“ ကာဗာနီ နဲ႔ အန္တိုနီ တို႔က အေသးစားဒဏ္ရာ ရထားေပမယ့္ ဂ်ာမန္ေျမကို သြားမယ့္ ခရီးစဥ္ကိုေတာ့ လိုက္ ႏိုင္မွာ မဟုတ္ပါဘူး။ ဒီဂီယာ နဲ႔ လုခ္ေရွာတို႔ကေတာ့ လိုက္ပါႏိုင္ပါတယ္” လိို႔ နည္းျပ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။