ယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲမှာ ဘာမှားခဲ့သလဲဆိုတာ သိတယ်လို့ ဆိုလိုက်တဲ့ လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်လ်စမန်း

လိုက်ပ်ဇစ်နည်းပြဂျူလီယန်နာဂယ်လ်စမန်းက အောက်တိုဘာလတုန်းက ယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲမှာ သူ့အသင်း ဘာမှားခဲ့သလဲဆိုတာကို သိတယ်လို့ ပြောခဲ့ပါတယ်။ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့ပွဲမှာ ယူနိုက်တက်ဟာ အကောင်းဆုံးခြေစွမ်းပြပြီး ဂျာမန်ကလပ်အသင်းကို (၅-ဝ) နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။အင်္ဂါနေ့ ကစားမယ့်ပွဲမှာ လိုက်ပ်ဇ်ဟာ ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ရန်အတွက် ယူနိုက်တက်အသင်းကို မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပြီး ယူနိုက်တက်ကတော့ သရေရရုံနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဂျူလီယန်နာဂယ်လ်စမန်းက ယူနိုက်တက်နဲ့ ကစားမယ့်ပွဲမှာ သူ့အသင်းဟာ စိန်ခေါ်မှုကို ရင်ဆိုင်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။

“နိုင်ပွဲရရင် ကျွန်တော်တို့ဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ သေချာပါတယ်။ သရေကျလို့မရပါဘူး ဘာကြောင့်လဲဆိုတော့ နောက်ဆုံးအကြိမ်တုန်းက ကျွန်တော်တို့ဟာ သူတို့ကို ရှုံးထားပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲကို ကျွန်တော် ဘာမှားခဲ့သလဲဆိုတာ စီစစ်ခဲ့ပါတယ်။ ပထမအကျော့မှာ ကျွန်တော်တို့ဟာ တစ်ဦးချင်းရင်ဆိုင်ရမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ စတင်ဖို့ကို အနည်းငယ်ကြောက်ရွံ့ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုလုပ်နိုင်ပါတယ်။ အထူးသဖြင့် နောက်ဆုံးဧရိယာအတွင်းမှာ ဒီထက်ပိုကောင်းအောက ်လုပ်နိုင်ပါတယ်။ သူတို့က ခံစစ်ကို အကောင်းဆုံး ကစားခဲ့ပေမယ့် ကျွန်တော်တို့ကစားတာ ကောင်းတယ်လို့လည်း မပြောနိုင်ပါဘူး။

ကျွန်တော်တို့ အခွင့်အရေးတွေရဖို့ ရှာဖွေဖန်တီးသွားမှာပါ။ ဒိုင်လူကြီးဘက်ကလည်း ပွဲပြီးတဲ့အထိ မှန်မှန်ကန်ကန် ဖြစ်နေဖို့ လိုပါတယ်။ ပွဲပြီးတဲ့အထိ တိုက်ပွဲဝင်ပြီး အနိုင် (၃) မှတ်ကို ရယူသွားပါမယ်” လို့ အသက် ၃၃ နှစ်အရွယ် နည်းပြက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူႏိုက္တက္ကို ရႈံးခဲ့တဲ့ပြဲမွာ ဘာမွားခဲ့သလဲဆိုတာ သိတယ္လို႔ ဆိုလိုက္တဲ့ လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္နာဂယ္လ္စမန္း

လိုက္ပ္ဇစ္နည္းျပဂ်ဴလီယန္နာဂယ္လ္စမန္းက ေအာက္တိုဘာလတုန္းက ယူႏိုက္တက္ကို ရႈံးခဲ့တဲ့ပြဲမွာ သူ႔အသင္း ဘာမွားခဲ့သလဲဆိုတာကို သိတယ္လို႔ ေျပာခဲ့ပါတယ္။ အိုးထရက္ဖိုဒ့္မွာ ကစားခဲ့ပြဲမွာ ယူႏိုက္တက္ဟာ အေကာင္းဆံုးေျခစြမး္ျပၿပီး ဂ်ာမန္ကလပ္အသင္းကို (၅-၀) နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။အဂၤါေန႔ ကစားမယ့္ပြဲမွာ လိုက္ပ္ဇ္ဟာ ခ်န္ပီယံလိဂ္ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ရန္အတြက္ ယူႏိုက္တက္အသင္းကို မျဖစ္မေန အႏိုင္ကစားရမွာ ျဖစ္ၿပီး ယူႏိုက္တက္ကေတာ့ သေရရရံုနဲ႔ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

ဂ်ဴလီယန္နာဂယ္လ္စမန္းက ယူႏိုက္တက္နဲ႔ ကစားမယ့္ပြဲမွာ သူ႔အသင္းဟာ စိန္ေခၚမႈကို ရင္ဆိုင္သြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ႏိုင္ပြဲရရင္ ကၽြန္ေတာ္တို႔ဟာ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္မွာ ေသခ်ာပါတယ္။ သေရက်လို႔မရပါဘူး ဘာေၾကာင့္လဲဆိုေတာ့ ေနာက္ဆံုးအႀကိမ္တုန္းက ကၽြန္ေတာ္တို႔ဟာ သူတို႔ကို ရႈံးထားပါတယ္။ ဒါေပမယ့္ အဲ့ဒီပြဲကို ကၽြန္ေတာ္ ဘာမွားခဲ့သလဲဆိုတာ စီစစ္ခဲ့ပါတယ္။ ပထမအေက်ာ့မွာ ကၽြန္ေတာ္တို႔ဟာ တစ္ဦးခ်င္းရင္ဆိုင္ရမွာ ရႈံးနိမ့္ခဲ့ပါတယ္။

ကၽြန္ေတာ္တို႔ဟာ စတင္ဖို႔ကို အနည္းငယ္ေၾကာက္ရြံ႕ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ဒီထက္ပိုလုပ္ႏိုင္ပါတယ္။ အထူးသျဖင့္ ေနာက္ဆံုးဧရိယာအတြင္းမွာ ဒီထက္ပိုေကာင္းေအာက ္လုပ္ႏိုင္ပါတယ္။ သူတို႔က ခံစစ္ကို အေကာင္းဆံုး ကစားခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ကစားတာ ေကာင္းတယ္လို႔လည္း မေျပာႏိုင္ပါဘူး။

ကၽြန္ေတာ္တို႔ အခြင့္အေရးေတြရဖို႔ ရွာေဖြဖန္တီးသြားမွာပါ။ ဒိုင္လူႀကီးဘက္ကလည္း ပြဲၿပီးတဲ့အထိ မွန္မွန္ကန္ကန္ ျဖစ္ေနဖို႔ လိုပါတယ္။ ပြဲၿပီးတဲ့အထိ တိုက္ပြဲ၀င္ၿပီး အႏိုင္ (၃) မွတ္ကို ရယူသြားပါမယ္” လို႔ အသက္ ၃၃ ႏွစ္အရြယ္ နည္းျပက ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။