ဇီယက်ရဲ့ ဒဏ်ရာ နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူးလို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က ဇီယက် ရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးအသင်းကို ရောက်ရှိလာတဲ့ မော်ရိုကိုတောင်ပံကစားသမားဟာ စနေနေ့က လိဒ်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ဒုတိယမြောက်ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက်များက လမ်းပတ်ကို ဇီယက်ရဲ့ ဒဏ်ရာ နဲ့ ပတ်သက်ပြီး အင်္ဂါနေ့ကစားမယ့် ခရက်စ်နိုဒါ နဲ့ ပွဲမတိုင်မီ မေးမြန်းခဲ့ပါတယ်။

“ သူဟာ ပြီးခဲ့တဲ့ရာသီအကုန်က ကျွန်တော်တို့ဆီကို ရောက်ရှိလာပြီး လေ့ကျင့်ရေး အများကြီး လုပ်ခဲ့ပါတယ်။ ရာသီကြိုက ရရှိခဲ့တဲ့ ဒဏ်ရာက စိတ်ပျက်စရာဖြစ်ပြီး သူလည်း ပွဲတွေ လွတ်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ လေ့ကျင့်ရေးကို အကောင်းဆုံးလုပ်ပြီး ကွင်းထဲရောက်လာတာနဲ့ သူ့ရဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်။ အခုရရှိခဲ့တဲ့ ဒဏ်ရာက အသေးစားဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ်။ ပွဲပြီးကတည်းကအခုအချိန်အထိ သူအရမ်းကို မခံစားနေရပါဘူး။ ရက်သတ္တပတ် အနည်းငယ်လောက်ပဲလို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမယ့် ဆေးစစ်ချက်ကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ကျွန်တော် အရမ်းကြီးတော့ မစိုးရိမ်ပါဘူး။ သူဟာ ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမားဖြစ်ပြီး ကျွန်တော်တို့အတွက်လည်း အရေးပါတဲ့ကစားသမား တစ်ယောက်ပါ” လို့ လမ်းပတ်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဇီယက်ဟာ ပရီးမီးယားလိဂ်မှာ စတင်ကစားနိုင်ကတည်းက (၇) ပွဲကစားထားပြီး (၁) ဂိုးသွင်း (၃) ဂိုးဖန်တီးပေးထားပါတယ်။

ဇီယက္ရဲ႕ ဒဏ္ရာ နဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာ မရွိဘူးလို႔ ဆိုလိုက္တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ဇီယက္ ရဲ႕ ဒဏ္ရာျပႆနာနဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာမရွိဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိလာတဲ့ ေမာ္႐ိုကိုေတာင္ပံကစားသမားဟာ စေနေန႔က လိဒ္ယူႏိုက္တက္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာဒဏ္ရာ ရရွိခဲ့ၿပီး ဒုတိယေျမာက္ဒဏ္ရာကို ရရွိခဲ့တာ ျဖစ္ပါတယ္။

သတင္းေထာက္မ်ားက လမ္းပတ္ကို ဇီယက္ရဲ႕ ဒဏ္ရာ နဲ႔ ပတ္သက္ၿပီး အဂၤါေန႔ကစားမယ့္ ခရက္စ္ႏိုဒါ နဲ႔ ပြဲမတိုင္မီ ေမးျမန္းခဲ့ပါတယ္။

“ သူဟာ ၿပီးခဲ့တဲ့ရာသီအကုန္က ကၽြန္ေတာ္တို႔ဆီကို ေရာက္ရွိလာၿပီး ေလ့က်င့္ေရး အမ်ားႀကီး လုပ္ခဲ့ပါတယ္။ ရာသီႀကိဳက ရရွိခဲ့တဲ့ ဒဏ္ရာက စိတ္ပ်က္စရာျဖစ္ၿပီး သူလည္း ပြဲေတြ လြတ္ခဲ့ပါတယ္။

ဒါေပမယ့္ သူဟာ ေလ့က်င့္ေရးကို အေကာင္းဆံုးလုပ္ၿပီး ကြင္းထဲေရာက္လာတာနဲ႔ သူ႔ရဲ႕ အရည္အေသြးကို ျပသခဲ့ပါတယ္။ အခုရရွိခဲ့တဲ့ ဒဏ္ရာက အေသးစားျဖစ္မယ္လို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ေနပါတယ္။ ပြဲၿပီးကတည္းကအခုအခ်ိန္အထိ သူအရမ္းကို မခံစားေနရပါဘူး။ ရက္သတၱပတ္ အနည္းငယ္ေလာက္ပဲလို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ ေဆးစစ္ခ်က္ကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

ကၽြန္ေတာ္ အရမး္ႀကီးေတာ့ မစိုးရိမ္ပါဘူး။ သူဟာ ၾကံ့ခိုင္မႈျပည့္၀တဲ့ ကစားသမားျဖစ္ၿပီး ကၽြန္ေတာ္တို႔အတြက္လည္း အေရးပါတဲ့ကစားသမား တစ္ေယာက္ပါ” လို႔ လမ္းပတ္က ေျပာခဲ့တာ ျဖစ္ပါတယ္။ ဇီယက္ဟာ ပရီးမီးယားလိဂ္မွာ စတင္ကစားႏိုင္ကတည္းက (၇) ပြဲကစားထားၿပီး (၁) ဂိုးသြင္း (၃) ဂိုးဖန္တီးေပးထားပါတယ္။