ပေါ့ဘာနဲ့ ယူနိုက်တက်ဇာတ်လမ်းက ပြီးဆုံးသွားပြီလို့ ဆိုလိုက်တဲ့ ရိုင်အိုလာ

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်တဲ့ရိုင်အိုလာက ပြင်သစ်ကစားသမားဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရန် နီးစပ်နေပြီလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ပေါ့ဘာဟာ ဒီရာသီမှာ ဆိုးလ်ရှားရဲ့ ပွဲထွက် (၁၁) ယောက်လူစာရင်းမှာ ပါဝင်ရန် ရုန်းကန်နေရပြီး ဖရက်ဒ်၊ တွမ်မီနေး နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ နောက်မှသာ ပွဲကစားခွင့်ရနေသူဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဒီတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ဝက်စ်ဟမ်းအသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့ပြီး (၁) ဂိုးသွင်းယူပေးခဲ့ပေမယ့် ရိုင်အိုလာက ပေါ့ဘာဟာ ယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေပြီး ဇန်နဝါရီမှာပဲ ထွက်ခွာတော့မယ်လို့ ပြောသွားခဲ့ပါတယ်။

ရိုင်အိုလာက “ ပေါ့ဘာ နဲ့ ယူနိုက်တက် ဇတ်လမ်းက ပြီးသွားပြီလို့ ကျွန်တော် ပြောနိုင်ပါတယ်။ ပေါလ်ဟာ မပျော်မရွှင်ဖြစ်နေပါတယ်။ သူမျှော်လင့်သလိုမျိုး သူမကစားနိုင်ပါဘူး။ သူအသင်းပြောင်းမှ ဖြစ်မှာပါ။ သူ ပတ်ဝန်းကျင်ပြောင်းမှ ဖြစ်တော့မှာပါ။ သူ့စာချုပ်သက်တမ်းက (၁) နှစ်ခွဲ ကျန်ရှိနေသေးပေမယ့် နောက်လာမယ့် အပြောင်းအရွှေ့မှာ သူ့ကို ရောင်းချလိုက်တာက အကောင်းဆုံးအဖြေလို့ ကျွန်တော်ထင်ပါတယ်” လို့ Tuttosport သတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ကို ပြန်ရောက်လာပြီးကတည်းက အသင်းအတွက် (၃၄) ဂိုးသွင်းပြီး (၃၅) ဂိုးဖန်တီးပေးထားပါတယ်။ သူ့ကို ရီးရဲလ်မက်ဒရစ် နဲ့ ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားတယ်လို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေတုန်းက သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ေပါ့ဘာနဲ႔ ယူႏိုက္တက္ဇာတ္လမ္းက ၿပီးဆံုးသြားၿပီလို႔ ဆိုလိုက္တဲ့ ေအးဂ်င့္ျဖစ္သူ

ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္တဲ့႐ိုင္အိုလာက ျပင္သစ္ကစားသမားဟာ ယူႏိုက္တက္အသင္းကေန ထြက္ခြာရန္ နီးစပ္ေနၿပီလို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။  ေပါ့ဘာဟာ ဒီရာသီမွာ ဆိုးလ္ရွားရဲ႕ ပြဲထြက္ (၁၁) ေယာက္လူစာရင္းမွာ ပါ၀င္ရန္ ႐ုန္းကန္ေနရၿပီး ဖရက္ဒ္၊ တြမ္မီေနး နဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ ေနာက္မွသာ ပြဲကစားခြင့္ရေနသူျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ဒီတစ္ပတ္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ၀က္စ္ဟမ္းအသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့ၿပီး (၁) ဂိုးသြင္းယူေပးခဲ့ေပမယ့္ ႐ိုင္အိုလာက ေပါ့ဘာဟာ ယူႏိုက္တက္မွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး ဇန္နဝါရီမွာပဲ ထြက္ခြာေတာ့မယ္လို႔ ေျပာသြားခဲ့ပါတယ္။

႐ိုင္အိုလာက “ ေပါ့ဘာ နဲ႔ ယူႏိုက္တက္ ဇတ္လမ္းက ၿပီးသြားၿပီလို႔ ကၽြန္ေတာ္ ေျပာႏိုင္ပါတယ္။ ေပါလ္ဟာ မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။ သူေမွ်ာ္လင့္သလိုမ်ိဳး သူမကစားႏိုင္ပါဘူး။ သူအသင္းေျပာင္းမွ ျဖစ္မွာပါ။ သူ ပတ္၀န္းက်င္ေျပာင္းမွ ျဖစ္ေတာ့မွာပါ။ သူ႔စာခ်ဳပ္သက္တမ္းက (၁) ႏွစ္ခြဲ က်န္ရွိေနေသးေပမယ့္ ေနာက္လာမယ့္ အေျပာင္းအေရႊ႕မွာ သူ႔ကို ေရာင္းခ်လိုက္တာက အေကာင္းဆံုးအေျဖလို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ Tuttosport သတင္းဌာနကို ေျပာခဲ့တာျဖစ္ပါတယ္။

ေပါ့ဘာဟာ ယူႏိုက္တက္ကို ျပန္ေရာက္လာၿပီးကတည္းက အသင္းအတြက္ (၃၄) ဂိုးသြင္းၿပီး (၃၅) ဂိုးဖန္တီးေပးထားပါတယ္။ သူ႔ကို ရီးရဲလ္မက္ဒရစ္ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔က ေခၚယူရန္ စိတ္၀င္စားတယ္လို႔ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ေတြတုန္းက သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။