အရမ်းကောင်းတဲ့ လီဗာပူးလ်က ထွက်ခွာပြီး ရုန်းကန်နေရတဲ့ ဘာစီလိုနာအသင်းကို ဘာကြောင့်သွားချင်ရတာလဲလို့ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကို မေးခွန်းထုတ်လိုက်တဲ့ ယူနိုက်တက်ဂန္တဝင်ကစားသမား ပေါလ်စခိုး

ယူနိုက်တက်ဂန္တဝင်ကစားသမား ပေါလ်စခိုးက လီဗာပူးလ်အသင်းက ထွက်ခွာချင်နေတဲ့ ဝိုင်နယ်လ်ဒမ်းကို မေးခွန်းထုတ်လိုက်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းရှိရာ ကို သွားရောက်ရန် နီးစပ်ခဲ့ပေမယ့် လီဗာပူးလ်အသင်းမှာပဲ ဆက်နေခဲ့ရသူ ဖြစ်ပါတယ်။ ပေါလ်စခိုးက မာဆေးဆိုဒ်မှာ ဆက်နေသွားတာက သူ့အတွက် ပိုပြီးကောင်းတဲ့ ရွေးချယ်စရာဖြစ်တယ်လို့ ကွင်းလယ်လူကို ပြောသွားခဲ့ပါတယ်။

သူက “ သူကဘာကြောင့် လီဗာပူးလ်က ထွက်ခွာချင်ရတာလဲ၊ လီဗာပူးလ်အသင်းက အပတ်တိုင်းမှာ ဆွဲဆောင်မှုရှိတဲ့ ကစားဟန်ကို ကစားနေတဲ့ အသင်းပါ။ သူ့ကို ဘာစီလိုနာအသင်းက ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် တစ်ကယ်မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်သူက ဒီက ထွက်ခွာချင်နေရတာလဲ၊ ကျွန်တော်ကတော့ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဖလားကို ဆက်ပြီး ရနိုင်ပြီး သူ့အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်းပါ။

သူဟာ ဘာစီလိုနာအသင်းမှာ ကစားနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ ဘာစီလိုနာရဲ့ ကစားဟန်နဲ့လည်း အံဝင်မယ့်ကစားသမားပါ။  ဒါ့အပြင် နယ်သာလန်နည်းပြဟောင်း ကိုးမန်းကလည်း အဲ့ဒီကို ရောက်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ ရုန်းကန်နေရပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ်ကနေ အဲ့ဒီလို ရုန်းကန်နေရတဲ့ အသင်းဆီကို သူဘာကြောင့် သွားချင်နေရတာလဲ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

အရမ္းေကာင္းတဲ့ လီဗာပူးလ္က ထြက္ခြာၿပီး ႐ုန္းကန္ေနရတဲ့ ဘာစီလိုနာအသင္းကို ဘာေၾကာင့္သြားခ်င္ရတာလဲလို႔ ကြင္းလယ္လူ ဝိုင္နယ္လ္ဒမ္းကို ေမးခြန္းထုတ္လိုက္တဲ့ ယူႏိုက္တက္ဂႏၲဝင္ကစားသမား ေပါလ္စခိုး

ယူႏိုက္တက္ဂႏၲဝင္ကစားသမား ေပါလ္စခိုးက လီဗာပူးလ္အသင္းက ထြက္ခြာခ်င္ေနတဲ့ ဝိုင္နယ္လ္ဒမ္းကို ေမးခြန္းထုတ္လိုက္ပါတယ္။ အသက္ ၃၀ အ႐ြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းရွိရာ ကို သြားေရာက္ရန္ နီးစပ္ခဲ့ေပမယ့္ လီဗာပူးလ္အသင္းမွာပဲ ဆက္ေနခဲ့ရသူ ျဖစ္ပါတယ္။ ေပါလ္စခိုးက မာေဆးဆိုဒ္မွာ ဆက္ေနသြားတာက သူ႔အတြက္ ပိုၿပီးေကာင္းတဲ့ ေ႐ြးခ်ယ္စရာျဖစ္တယ္လို႔ ကြင္းလယ္လူကို ေျပာသြားခဲ့ပါတယ္။

သူက “ သူကဘာေၾကာင့္ လီဗာပူးလ္က ထြက္ခြာခ်င္ရတာလဲ၊ လီဗာပူးလ္အသင္းက အပတ္တိုင္းမွာ ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္ကို ကစားေနတဲ့ အသင္းပါ။ သူ႔ကို ဘာစီလိုနာအသင္းက ဆက္သြယ္မႈေတြ လုပ္ခဲ့ေပမယ့္ တစ္ကယ္မျဖစ္ခဲ့ပါဘူး။ ဘာေၾကာင့္သူက ဒီက ထြက္ခြာခ်င္ေနရတာလဲ၊ ကြၽန္ေတာ္ကေတာ့ လီဗာပူးလ္အသင္းဟာ အမွတ္ေပးဖလားကို ဆက္ၿပီး ရႏိုင္ၿပီး သူ႔အတြက္လည္း အရမ္းကို စိတ္လႈပ္ရွားစရာေကာင္းတဲ့အသင္းပါ။

သူဟာ ဘာစီလိုနာအသင္းမွာ ကစားႏိုင္တဲ့ ကစားသမားတစ္ေယာက္ပါ။ ဘာစီလိုနာရဲ႕ ကစားဟန္နဲ႔လည္း အံဝင္မယ့္ကစားသမားပါ။ ဒါ့အျပင္ နယ္သာလန္နည္းျပေဟာင္း ကိုးမန္းကလည္း အဲ့ဒီကို ေရာက္ေနပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ႐ုန္းကန္ေနရပါတယ္။ အဲ့ဒါေၾကာင့္ လီဗာပူးလ္ကေန အဲ့ဒီလို ႐ုန္းကန္ေနရတဲ့ အသင္းဆီကို သူဘာေၾကာင့္ သြားခ်င္ေနရတာလဲ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။