အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူရန် စဉ်းစားနေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူရန် ရည်ရွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသင်းမှာ အဓိက ညာနောက်ခံလူအဖြစ် ဝမ်ဘစ်ဆာကာ ရှိနေပေမယ့် မိုဖူမန်ဆာ နဲ့ ဒီယိုဂိုဒါလော့တ်ရဲ့ အနာဂတ်က အသင်းမှာ မသေချာဘူးဖြစ်နေပါတယ်။

ယူနိုက်တက်သာ သူတို့ (၂) ယောက်ထဲက တစ်ယောက်ကို ရောင်းချဖြစ်ပါက ဆိုးလ်ရှားဟာ အစားထိုးရန် ကစားသမားတွေကို ပစ်မှတ်ထားနေပါတယ်။ The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ထရစ်ပီယာကို ခေါ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ လက်ရှိရာသီမှာ စပိန်လာလီဂါ နဲ့ ချန်ပီယံလိဂ် (၁၅) ပွဲအပါအဝင် ပြိုင်ပွဲစုံ (၄၈) ပွဲကစားထားသူဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစာသမားရဲ့ စာချုပ်သက်တမ်းက (၁၉) လသာ ကျန်ရှိနေပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ စာချုပ်သက်တမ်းတိုးရန် ကစားသမား နဲ့ ဆွေးနွေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူ ထရစ္ပီယာကို ေခၚယူရန္ စဥ္းစားေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူ ထရစ္ပီယာကို ေခၚယူရန္ ရည္႐ြယ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသင္းမွာ အဓိက ညာေနာက္ခံလူအျဖစ္ ဝမ္ဘစ္ဆာကာ ရွိေနေပမယ့္ မိုဖူမန္ဆာ နဲ႔ ဒီယိုဂိုဒါေလာ့တ္ရဲ႕ အနာဂတ္က အသင္းမွာ မေသခ်ာဘူးျဖစ္ေနပါတယ္။

ယူႏိုက္တက္သာ သူတို႔ (၂) ေယာက္ထဲက တစ္ေယာက္ကို ေရာင္းခ်ျဖစ္ပါက ဆိုးလ္ရွားဟာ အစားထိုးရန္ ကစားသမားေတြကို ပစ္မွတ္ထားေနပါတယ္။ The Telegraph သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က အက္သလက္တီကိုမက္ဒရစ္အသင္းမွာ ေျခစြမ္းျပေနတဲ့ ထရစ္ပီယာကို ေခၚယူဖြယ္ရွိတယ္လို႔ သိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကစားသမားဟာ လက္ရွိရာသီမွာ စပိန္လာလီဂါ နဲ႔ ခ်န္ပီယံလိဂ္ (၁၅) ပြဲအပါအဝင္ ၿပိဳင္ပြဲစုံ (၄၈) ပြဲကစားထားသူျဖစ္ပါတယ္။ အသက္ ၃၀ အ႐ြယ္ကစာသမားရဲ႕ စာခ်ဳပ္သက္တမ္းက (၁၉) လသာ က်န္ရွိေနေပမယ့္ အက္သလက္တီကိုမက္ဒရစ္အသင္းကေတာ့ စာခ်ဳပ္သက္တမ္းတိုးရန္ ကစားသမား နဲ႔ ေဆြးေႏြးဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။