လက်ရှိလီဗာပူးလ်တိုက်စစ်က တစ်ချိန်က နည်းပြကြီးဖာဂူဆန်ရဲ ့ ယူနိုက်တက်တိုက်စစ်လိုပဲလို့ ချီးကျူးလိုက်တဲ့ ကွင်းလယ်လူဟောင်း ပေါလ်စခိုး
ယူနိုက်တက်ကွင်းလယ်လူဟောင်းပေါလ်စခိုးက လက်ရှိ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်က သူယူနိုက်တက်အသင်းမှာ ကစားခဲ့တုန်းက နည်းပြကြီးဖာဂူဆန် ကိုင်တွယ်ခဲ့တဲ့ တိုက်စစ်လိုပဲလို့ ပြောသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ဝုလ်ဗ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အန်ဖီးလ်၌ လီဗာပူးလ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖေမီနို နဲ့ ဒီယိုဂိုဂျိုတာတို့က ခြေစွမ်းပြကစားသွားခဲ့တာ ဖြစ်ပါတယ်။
ဝုလ်ဗ်နဲ့ ပွဲမှာတော့ တိုက်စစ် (၄) ယောက်မှာ ဂိုးသွင်းခဲ့တာ ဆာလာ တစ်ယောက်ပဲ ဖြစ်ပေမယ့် ပေါလ်စခိုးက လက်ရှိ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ဟာ ဖာဂူဆန်ယူနိုက်တက်မှာ ဆုဖလားတွေယူခဲ့တုန်းကလိုပဲလို့ ချီးကျူးသွားခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ဆက်လက်ထိန်းသိမ်းနိုင်တယ်လို့ ပေါလ်စခိုးက ယုံကြည်နေတာဖြစ်ပါတယ်။
သူက “ ကျွန်တော်ယူနိုက်တက်မှာ ကစားခဲ့တုန်းက အချိန်တွေကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာလည်း တိုက်စစ်မှူး (၄) ယောက် အမြဲတမ်းရှိခဲ့ပါတယ်။ (၄) ယောက်မှာ (၂) ယောက်က အရန်ခုံမှာ အမြဲတမ်းရှိနေပြီး ကွင်းထဲက (၂) ယောက်က ခြေစွမ်းမပြနိုင်ရင် ဝင်ကစားပြီး ခြေစွမ်းပြခဲ့ပါတယ်။ သူတို့က အဲ့ဒီလို အသင်းကို တည်ဆောက်ခဲ့တာပါ။ အခု သူတို့ကတော့ ရှေ့တန်းမှာ (၃) ယောက်နဲ့ ကစားပြီး မတူညီတဲ့ကစားကွက်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ဒီယိုဂိုဂျိုတာက တောင်ပံတိုက်စစ်သာမက ဖေမီနိုနေရာမှာလည်း ကစားနိုင်စွမ်းရှိတဲ့ကစားသမားပါ”” လို့ Amazon Sport အစီအစဉျကို ပွောသှားခဲ့တာ ဖွဈပါတယျ။
ဒ့ါအပြင်“မနှစ်က လီဗာပူးလ်အသင်းရခဲ့တဲ့ဖလားက အချိန်အတော်ကြာ ပြီးမှ ရခဲ့တာပါ။ သူတို့ကို ချီးကျူးပါတယ်။ သူတို့ဟာ အရမ်းကို ကောင်းမွန်ပြီးထိုက်တန်ပါတယ်။ ပရိသတ်တွေမပါတာကတော့ ရှက်စရာပါပဲ။ အခုတော့ ပရိသတ်တွေ ပြန်ရောက်လာပါပြီ။ သူတို့ ပရိသတ်တွေနဲ့ အမှတ်ပေးဖလားကို နောက်တစ်ကြိမ် ရမယ်လို့ ကျွန်တော်မမျှော်လင့်ပေမယ့် သူတို့ဟာ အခုလိုသာ ဆက်ပြီး ခြေစွမ်းပြသွားမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို သူတို့ ဆွတ်ခူးသွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပေါလ်စခိုးက ထပ်မံပြောသွားခဲ့ပါတယ်။