အသင်းကြီးတစ်သင်းထံ ပြောင်းခွင့်ရမယ်လို့ ယုံကြည်ချက်ရှိနေတဲ့ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်

အာဆင်နယ်အသင်းရဲ့ အပယ်ခံ အိုဇေးလ်ဟာ အသင်းမှာ ကစားခွင့်လုံးဝမရတော့သော်လည်း နောက်ထပ်ဥရောပအသင်းကြီးတစ်သင်းထံ ပြောင်းခွင့်ရရန် ယုံကြည်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ဒီလိုအခြေအနေတွေနဲ့ ကြုံတွေ့နေရသော်လည်း အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာပဲ စာချုပ်သက်တမ်း ကုန်တဲ့ ၂၀၂၁ နွေရာသီအထိ ဆက်နေရန် ဆုံးဖြတ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးမှု အနည်းပါးဆုံးအသင်းဖြစ်နေပါတယ်။ The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ အိုဇေးလ်ဟာ နောက်ထပ် ဥရောပ အသင်းကြီးတစ်သင်းမှာ ကစားနိုင်ဦးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတယ်လို့ သိရပါတယ်။ အဲ့ဒီလို ကစားခွင့်ရမယ်ဆိုရင်တောင် အိုဇေးလ်အနေနဲ့ လစာ လျော့ချခံရဖွယ်ရှိနေပါတယ်။

အသက် ၃၂ နှစ်အရွယ် အိုဇေးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ ပြောင်းမယ်လို့ သတင်းထွက်ပေါ်ပေမယ့်လည်း စပိန်၊ အီတလီ နဲ့ မေဂျာလိဂ်ကလပ်တွေကိုလည်း ပြောင်းရွှေ့ကစားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းဆီကို ၂၀၁၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး (၂၅၄) ပွဲကစားကာ (၄၄) ဂိုးသွင်းပေးထားပါတယ်။

အသင္းႀကီးတစ္သင္းထံ ေျပာင္္းခြင့္ရမယ္လို႔ ယံုၾကည္ခ်က္ရွိေနတဲ့ အာဆင္နယ္ကြင္းလယ္လူ အိုေဇးလ္

အာဆင္နယ္အသင္းရဲ႕ အပယ္ခံ အိုေဇးလ္ဟာ အသင္းမွာ ကစားခြင့္လံုး၀မရေတာ့ေသာ္လည္း ေနာက္ထပ္ဥေရာပအသင္းႀကီးတစ္သင္းထံ ေျပာင္းခြင့္ရရန္ ယံုၾကည္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဂ်ာမနီလက္ေရြးစင္ကစားသမားေဟာင္းဟာ အာဆင္နယ္နည္းျပ အာတီတာရဲ႕ ပရီးမီးယားလိဂ္ နဲ႔ ယူ႐ိုပါလိဂ္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းမွာ ဒီလိုအေျခအေနေတြနဲ႔ ၾကံဳေတြ႕ေနရေသာ္လည္း အိုေဇးလ္ဟာ အာဆင္နယ္အသင္းမွာပဲ စာခ်ဳပ္သက္တမ္း ကုန္တဲ့ ၂၀၂၁ ေႏြရာသီအထိ ဆက္ေနရန္ ဆံုးျဖတ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဒီႏွစ္ပရီးမီးယားလိဂ္မွာ အခြင့္အေရးဖန္တီးမႈ အနည္းပါးဆုံးအသင္းျဖစ္ေနပါတယ္။ The Mirror သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အိုေဇးလ္ဟာ ေနာက္ထပ္ ဥေရာပ အသင္းႀကီးတစ္သင္းမွာ ကစားႏိုင္ဦးမယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ေနတယ္လို႔ သိရပါတယ္။ အဲ့ဒီလို ကစားခြင့္ရမယ္ဆိုရင္ေတာင္ အိုေဇးလ္အေနနဲ႔ လစာ ေလ်ာ့ခ်ခံရဖြယ္ရွိေနပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ အိုေဇးလ္ဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အသင္းတစ္သင္းထံ ေျပာင္းမယ္လို႔ သတင္းထြက္ေပၚေပမယ့္လည္း စပိန္၊ အီတလီ နဲ႔ ေမဂ်ာလိဂ္ကလပ္ေတြကိုလည္း ေျပာင္းေရႊ႕ကစားဖြယ္ရွိေနတာ ျဖစ္ပါတယ္။ အိုေဇးလ္ဟာ အာဆင္နယ္အသင္းဆီကို ၂၀၁၃ ခုႏွစ္က ရီးရဲလ္မက္ဒရစ္အသင္းကေန ေျပာင္းေရႊ႕လာခဲ့ၿပီး (၂၅၄) ပြဲကစားကာ (၄၄) ဂိုးသြင္းေပးထားပါတယ္။