ဒဏ်ရာကြောင့် ၂ ပတ်အနားယူရဦးမယ့် အူစမန်နီဒမ်ဘီလီ

ဘာစီလိုနာတိုက်စစ်ကစားသမား အူစမန်နီဒမ်ဘီလီဟာ တံကောက်ကြောဒဏ်ရာကြောင့် (၂) ပတ်လောက် အနားယူရမယ်လို့ သိရပါတယ်။ သူဟာ ကာဒစ်ဇ် နဲ့ ပွဲတုန်းက အရန်ခုံကနေ ဝင်ရောက်ကစားခဲ့သူ ဖြစ်ပါတယ်။ ပုံမှန်အရ အူစမန်နီဒမ်ဘီလီရဲ့ ဒဏ်ရာဟာ အနည်းဆုံး (၁၀) ရက်လောက် အနားယူရမှာဖြစ်ပေမယ့် သူ့ရဲ့ ဒဏ်ရာပြဿနာ မှတ်တမ်းအရ ကြိုမသိနိုင်သေးဘူးလို့ သိရပါတယ်။

ဒမ်ဘီလီဟာ ဒီရာသီမှာ နည်းပြသစ်ရော်နယ်ကိုးမန်းရဲ့ လက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြကစားနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း စာချုပ်သစ်ချုပ်ဆိုရန် ကြိုးစားနေပြီလို့ သိရပါတယ်။


