စာချုပ်သစ် နဲ့ ပတ်သက်ပြီး ပြောဆိုရန် ငြင်းဆန်ခဲ့တဲ့ လီဗာပူးလ်နည်းပြ ဝိုင်နယ်လ်ဒမ်း

လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းဟာ တနင်္ဂနွေနေ့က ဝုလ်ဗ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ သူ့ရဲ့ စာချုပ်ကိစ္စ နဲ့ ပတ်သက်ပြီး ပြောဆိုရန် ငြင်းဆန်သွားခဲ့ပါတယ်။ ပရိသတ် (၂၀၀၀) ရှေ့မှာ လှပတဲ့ ဂိုး(၁) ဂိုးသွင်းခဲ့တဲ့ ဟော်လန်လက်ရွေးစင်ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းက (၁) နှစ်တောင် ကျန်တော့တာ မဟုတ်ပါဘူး။

ပွဲအပြီးမှာ သူ့ရဲ့ စာချုပ်ကိစ္စ နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဝိုင်နယ်လ်ဒမ်းက “ အရင်က အင်တာဗျူးတွေတုန်းကလည်း ကျွန်တော် ဖြေပြီးသားပါ။ ကျွန်တော်ရဲ့ စာချုပ်ကိစ္စ နဲ့ ပတ်သက်ပြီး ဘာမှ မပြောနိုင်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

ပြီးတော့ လီဗာပူးလ်အသင်းက ချန်ပီယံ ခြေစွမ်းပြခဲ့သလားလို့ မေးမြန်းခဲ့ရာ သူက “ ဒါက ချန်ပီယံ ခြေစွမ်းလားဆိုတာ ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့ သည်းခံရပါမယ်။ ကစားတဲ့ ပုံအရတော့ ကျွန်တော်တို့ကောင်းခဲ့ပြီး ဂိုးတွေလည်း သွင်းခဲ့ပါတယ်။ပရိသတ်တွေကလည်း ခြေစွမ်းနဲ့ ပတ်သက်ပြီး အကူအညီရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲချိန်အတွင်း သူတို့ရဲ့ အားပေးသံတွေက အရမ်းကို အားတက်စေပါတယ်” လို့ ထပ်မံ ပြောခဲ့တာဖြစ်ပါတယ်။

စာခ်ဳပ္သစ္ နဲ႔ ပတ္သက္ၿပီး ေျပာဆိုရန္ ျငင္းဆန္ခဲ့တဲ့ လီဗာပူးလ္နည္းျပ ဝိုင္နယ္လ္ဒမ္း

လီဗာပူးလ္ကြင္းလယ္လူ ဝိုင္နယ္လ္ဒမ္းဟာ တနဂၤေႏြေန႔က ဝုလ္ဗ္အသင္းကို (၄-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ သူ႔ရဲ႕ စာခ်ဳပ္ကိစၥ နဲ႔ ပတ္သက္ၿပီး ေျပာဆိုရန္ ျငင္းဆန္သြားခဲ့ပါတယ္။ ပရိသတ္ (၂၀၀၀) ေရွ႕မွာ လွပတဲ့ ဂိုး(၁) ဂိုးသြင္းခဲ့တဲ့ ေဟာ္လန္လက္ေရြးစင္ကစားသမားရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက (၁) ႏွစ္ေတာင္ က်န္ေတာ့တာ မဟုတ္ပါဘူး။

ပြဲအၿပီးမွာ သူ႔ရဲ႕ စာခ်ဳပ္ကိစၥ နဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့ရာ ဝိုင္နယ္လ္ဒမ္းက “ အရင္က အင္တာဗ်ဴးေတြတုနး္ကလည္း ကၽြန္ေတာ္ ေျဖၿပီးသားပါ။ ကၽြန္ေတာ္ရဲ႕ စာခ်ဳပ္ကိစၥ နဲ႔ ပတ္သက္ၿပီး ဘာမွ မေျပာႏိုင္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။

ၿပီးေတာ့ လီဗာပူးလ္အသင္းက ခ်န္ပီယံ ေျခစြမ္းျပခဲ့သလားလို႔ ေမးျမန္းခဲ့ရာ သူက “ ဒါက ခ်န္ပီယံ ေျခစြမ္းလားဆိုတာ ကၽြန္ေတာ္ မေျပာခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ သည္းခံရပါမယ္။ ကစားတဲ့ ပံုအရေတာ့ ကၽြန္ေတာ္တို႔ေကာင္းခဲ့ၿပီး ဂိုးေတြလည္း သြင္းခဲ့ပါတယ္။ပရိသတ္ေတြကလည္း ေျခစြမ္းနဲ႔ ပတ္သက္ၿပီး အကူအညီရခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပြဲခ်ိန္အတြင္း သူတို႔ရဲ႕ အားေပးသံေတြက အရမ္းကို အားတက္ေစပါတယ္” လို႔ ထပ္မံ ေျပာခဲ့တာျဖစ္ပါတယ္။