ခါးသီးလန်ဒန်ပြိုင်ဘက်အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်တို့က တိရစ္ဆာန်တွေရုန်းကန်သွားတယ်လို့ ဆိုလိုက်တဲ့ စပါးနည်းပြ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုက လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်ကို ချီးကျူးသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဆွန်ဟောင်မင် နဲ့ ဟယ်ရီကိန်း တို့ဟာ (၁) ဂိုးစီ သွင်းပေးခဲ့လို့ ဒီရာသီမှာ သူတို့ (၂) ယောက်ပေါင်း (၁၂) ဂိုးအထိ သွင်းထားခဲ့ကြပြီး စပါးအသင်းလည်း လိဂ်ပွဲမှာ (၁၀) ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းရထားပြီ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ အသင်းရဲ့ ကြယ်ပွင့် (၂) ယောက် အလုပ်ကြိုးစားပုံနဲ့ ပတ်သက်ပြီးပြောသွားခဲ့ပါတယ်။

“” သူတို့ဟာ တိရစ္ဆာန်တွေလို အလုပ်ကို ကြိုးစားနေတာပါ။ တိရစ္ဆာန်တွေအားလုံးကို ကျွန်တော် လေးစားပါတယ်။ တိရစ္ဆာန်တွေကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော့်ကို တစ်မျိုးမထင်ကြပါနဲ့ ဒါပေမယ့် အသင်းဘောလုံးမရချိန်မှာ သူတို့ဟာ အလုပ်ကို အံ့အားသင့်စရာကောင်းလောက်အောင်ကို ကြိုးစားနေပါတယ်။

ဟယ်ရီကိန်းဟာ ဘောလုံးကို ပင်နယ်တီ စည်းအတွင်းထိ ဝင်ရှင်းခဲ့ပါတယ်။ ဆွန်ဟောင်မင်ကလည်း ပထမ မိနစ် (၆၀) လောက်အထိ အလုပ်အရမ်းကြိုးစားသွားခဲ့ပါတယ်။ သူတို့ဟာ အသင်းအတွက် အရာရာပေးဆပ်ပြီး ပရော်ဖက်ရှင်နယ် ဘယ်လောက်ပီသလဲဆိုတာ ပြသနေသူတွေ ဖြစ်ပါတယ်” လို့ မော်ရင်ဟိုက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ခါးသီးလန္ဒန္ၿပိဳင္ဘက္အာဆင္နယ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ဟယ္ရီကိန္း နဲ႔ ဆြန္ေဟာင္မင္တို႔က တိရစာၦန္ေတြ႐ုန္းကန္သြားတယ္လို႔ ဆိုလိုက္တဲ့ စပါးနည္းျပ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုက လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္အသင္းကို (၂-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဟယ္ရီကိန္း နဲ႔ ဆြန္ေဟာင္မင္ကို ခ်ီးက်ဴးသြားခဲ့ပါတယ္။ ပထမပိုင္းမွာ ဆြန္ေဟာင္မင္ နဲ႔ ဟယ္ရီကိန္း တို႔ဟာ (၁) ဂိုးစီ သြင္းေပးခဲ့လို႔ ဒီရာသီမွာ သူတို႔ (၂) ေယာက္ေပါင္း (၁၂) ဂိုးအထိ သြင္းထားခဲ့ၾကၿပီး စပါးအသင္းလည္း လိဂ္ပြဲမွာ (၁၀) ပြဲဆက္တိုက္ ရႈံးပြဲမရွိေသးတဲ့ မွတ္တမ္းရထားၿပီ ျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ အသင္းရဲ႕ ၾကယ္ပြင့္ (၂) ေယာက္ အလုပ္ႀကိဳးစားပံုနဲ႔ ပတ္သက္ၿပီးေျပာသြားခဲ့ပါတယ္။

“” သူတို႔ဟာ တိရစာၦန္ေတြလို အလုပ္ကို ႀကိဳးစားေနတာပါ။ တိရစာၦန္ေတြအားလံုးကို ကၽြန္ေတာ္ ေလးစားပါတယ္။ တိရစာၦန္ေတြကို ကၽြန္ေတာ္ခ်စ္ပါတယ္။ ကၽြန္ေတာ့္ကို တစ္မ်ိဳးမထင္ၾကပါနဲ႔ ဒါေပမယ့္ အသင္းေဘာလံုးမရခ်ိန္မွာ သူတို႔ဟာ အလုပ္ကို အံ့အားသင့္စရာေကာင္းေလာက္ေအာင္ကို ႀကိဳးစားေနပါတယ္။

ဟယ္ရီကိန္းဟာ ေဘာလံုးကို ပင္နယ္တီ စည္းအတြင္းထိ ၀င္ရွင္းခဲ့ပါတယ္။ ဆြန္ေဟာင္မင္ကလည္း ပထမ မိနစ္ (၆၀) ေလာက္အထိ အလုပ္အရမ္းႀကိဳးစားသြားခဲ့ပါတယ္။ သူတို႔ဟာ အသင္းအတြက္ အရာရာေပးဆပ္ၿပီး ပေရာ္ဖက္ရွင္နယ္ ဘယ္ေလာက္ပီသလဲဆိုတာ ျပသေနသူေတြ ျဖစ္ပါတယ္” လို႔ ေမာ္ရင္ဟိုက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။