ဘရူနိုဖာနန်ဒက်စ်ကို လစာ (၂) ဆပေးပြီး စာချုပ်သစ်ကမ်းလှမ်းတော့မယ် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို လစာ (၂) ဆပေးပြီး စာချုပ်သစ်တစ်ရပ်ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ကို စရောက်လာကတည်းက အကောင်းဆုံးခြေစွမ်းပြထားပြီး ဝက်စ်ဟမ်းအသင်းနဲ့ ပွဲတုန်းကလည်း ဆိုးလ်ရှားရဲ့ အသင်းအတွက် သူ့ရဲ့ အရေးပါပုံကို ထပ်မံပြသထားခဲ့သူဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲချိန်အစောပိုင်းမှာ အရန်ခုံမှာ ထိုင်ခဲ့ပေမယ့် (၁-ဝ) နဲ့ ရှုံးနိမ့်နေပြီး သူဝင်လာကတည်းက ပေါ့ဘာအတွက် ချေပဂိုးကို ဖန်တီးပေးခဲ့ပြီး နောက် ဂရင်းဝုဒ် နဲ့ ရပ်ရှ်ဖိုဒ့်တို့က နောက်ပိုင်းမှာ အနိုင်ဂိုးတွေ သွင်းပေးခဲ့ပြီး ယူနိုက်တက်အသင်း (၃-၁) နဲ့ နိုင်ပွဲရခဲ့ပါတယ်။

The Mirror သတင်းဌာနရဲ့ အဆိုအရ ယူနိုက်တက်အသ်းဟာ ဘရူနိုဖာနန်ဒက်စ်ကို တစ်ပတ်လစာ ပေါင် ၂ သိန်း နဲ့ စာချုပ်သစ်တစ်ရပ်ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ။် အသက် ၂၆ နှစ်အရါယ်ကစားသမားဟာ လက်ရှိယူနိုက်တက်မှာ တစ်ပတ် ပေါင် ၁ သိန်း ရရှိနေသူ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ လက်ရှိ လစာက ပေါ့ဘာထက် (၃) ဆ လောက် နည်းပြနေပါတယ်။ လက်ရှိ ယူနိုက်တက်မှာ လစာအများဆုံးကတော့ ဂိုးသမား ဒီဂီယာ ဖြစ်ပြီး တစ်ပတ် ပေါင် ၃ သိန်း ခွဲရရှိနေတာ ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းကစားသမားဟောင်း ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာလည်း ယူနိုက်တက်အသင်းအတွက် (၁၀) ဂိုးသွင်းထားပြီး အသင်းဖော်တွေကို (၆) ဂိုးဖန်တီးပေးထားပါတယ်။

ဘ႐ူႏိုဖာနန္ဒက္စ္ကို လစာ (၂) ဆေပးၿပီး စာခ်ဳပ္သစ္ကမ္းလွမ္းေတာ့မယ္ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ အဓိက ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကို လစာ (၂) ဆေပးၿပီး စာခ်ဳပ္သစ္တစ္ရပ္ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ေပၚတူဂီလက္ေရြးစင္ကစားသမားဟာ ပရီးမီးယားလိဂ္ကို စေရာက္လာကတည္းက အေကာင္းဆံုးေျခစြမ္းျပထားၿပီး ၀က္စ္ဟမ္းအသင္းနဲ႔ ပြဲတုနး္ကလည္း ဆိုးလ္ရွားရဲ႕ အသင္းအတြက္ သူ႔ရဲ႕ အေရးပါပံုကို ထပ္မံျပသထားခဲ့သူျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပြဲခ်ိန္အေစာပိုင္းမွာ အရန္ခံုမွာ ထိုင္ခဲ့ေပမယ့္ (၁-၀) နဲ႔ ရႈံးနိမ့္ေနၿပီး သူ၀င္လာကတည္းက ေပါ့ဘာအတြက္ ေခ်ပဂိုးကို ဖန္တီးေပးခဲ့ၿပီး ေနာက္ ဂရင္းဝုဒ္ နဲ႔ ရပ္ရွ္ဖိုဒ့္တို႔က ေနာက္ပိုင္းမွာ အႏိုင္ဂိုးေတြ သြင္းေပးခဲ့ၿပီး ယူႏိုက္တက္အသင္း (၃-၁) နဲ႔ ႏိုင္ပြဲရခဲ့ပါတယ္။

The Mirror သတင္းဌာနရဲ႕ အဆိုအရ ယူႏိုက္တက္အသ္းဟာ ဘ႐ူႏိုဖာနန္ဒက္စ္ကို တစ္ပတ္လစာ ေပါင္ ၂ သိန္း နဲ႔ စာခ်ဳပ္သစ္တစ္ရပ္ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ။္ အသက္ ၂၆ ႏွစ္အရါယ္ကစားသမားဟာ လက္ရွိယူႏိုက္တက္မွာ တစ္ပတ္ ေပါင္ ၁ သိန္း ရရွိေနသူ ျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၅ ခုႏွစ္မွာ ကုန္ဆံုးမွာ ျဖစ္ေပမယ့္လည္း သူ႔ရဲ႕ လက္ရွိ လစာက ေပါ့ဘာထက္ (၃) ဆ ေလာက္ နည္းျပေနပါတယ္။ လက္ရွိ ယူႏိုက္တက္မွာ လစာအမ်ားဆံုးကေတာ့ ဂိုးသမား ဒီဂီယာ ျဖစ္ၿပီး တစ္ပတ္ ေပါင္ ၃ သိန္း ခြဲရရွိေနတာ ျဖစ္ပါတယ္။ စပို႔တင္းလစၥဘြန္းကစားသမားေဟာင္း ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီမွာလည္း ယူႏိုက္တက္အသင္းအတြက္ (၁၀) ဂိုးသြင္းထားၿပီး အသင္းေဖာ္ေတြကို (၆) ဂိုးဖန္တီးေပးထားပါတယ္။