ဒီနေ့ညအတွက် ပရီးမီးယားလိဂ်ပွဲစဉ်များကို Goal.com မှ သုံးသပ်ခြင်း

ဒီနေ့ည ကစားဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲထဲက ၃ ပွဲကို Goal.com ကရွေးချယ်ပြီး သုံးသပ်ထားတာကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

မန်စီးတီး vs ဖူလ်ဟမ်
———————–
ဒီနေ့ညပွဲအတွက် မန်စီးတီးမှာအားထားရတဲ့ တိုက်စစ်မှူး အဂူရို ပါဝင်နိုင်မှာမဟုတ်သလို ဖူလ်ဟမ်မှာလည်း တီတီ ၊ ကွန်ဂို လို နဲ့ အိုနိုမက်တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ မန်စီးတီးဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလကတည်းက အိမ်ကွင်းအဖြစ် လက်ခံကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆၄ ပွဲမှာ ပြိုင်ဘက်အသင်းတွေကို ဂိုးမသွင်းနိုင်တဲ့ ပွဲက တစ်ပွဲပဲရှိခဲ့ပါတယ်။ ဖူလ် ဟမ်ကို ဒီရာသီခံစစ်အဆိုးရွားဆုံး ဖြစ်နေပြီး ပေးဂိုး ၁၉ ဂိုးအထိရှိထားပါတယ်။ #မန်စီးတီး အနိုင်သေချာနေပြီး ဂိုးပြတ် ၊ မပြတ်သာ ကြည့်ရမယ့်ပွဲပါ။


ဝက်စ်ဟမ်း vs ယူနိုက်တက်
——————————-
ဝက်စ်ဟမ်းက လွန်ခဲ့တဲ့ ၂နှစ်တုန်းကလို ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲရဖို့ ကြိုးစားလာမှာပါ။ အားထားရတဲ့ ယာမိုလန်ကို ပြန်ပါလာတာကြောင့်လည်း ဝက်စ်ဟမ်းရဲ့ကစားအားကို လျော့တွက်လို့မရပါဘူး။ ယူနိုက်တက်ကလည်း ဒီရာသီအိမ်ကွင်း ထက် အဝေးကွင်းစွမ်းဆောင်ရည်က ပိုကောင်းနေပါတယ်။ အဝေးကွင်း ၄ပွဲကစားပြီးချိန်မှာ ၄ ပွဲစလုံးအနိုင်ရထားတဲ့ ယူ နိုက်တက်အနေနဲ့ အနိုင်ရဖို့ ကြိုးစားလာမှာဖြစ်သလို ဝက်စ်ဟမ်းရဲ့အိမ်ကွင်းကစားအားနဲ့ ပေါင်းလိုက်ရင် နှစ်သင်းပေါင်း သွင်းဂိုးအများကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီး vs လိဒ်
————————
ပရီးမီးယားလိဂ်ချန်ပီယံဆုကို မှန်းနေတဲ့ ချဲလ်ဆီးဟာ လက်ရှိမှာ စပါး၊ လီဗာပူးတို့နဲ့ ၂မှတ်သာကွာပြီး အဆင့်-၃ နေရာမှာ ရှိနေတာဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်ဟာ ဒီရာသီအဝေးကွင်းပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၂ ပွဲရှုံးခဲ့တာကြောင့် အိမ်ကွင်း၊ အဝေးကွင်းမရွေးဘဲ ခြေစွမ်းပြနိုင်တဲ့အသင်းလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံးမှာ အဓိက,ကစားသမားတွေဒဏ်ရာ ကင်းစင်နေတာကြောင့် ဒီပွဲမှာအနိုင်ရဖို့ ကြိုးစားလာကြမှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲဆက် ရှုံးပွဲမရှိခဲ့သလို ၉ ပွဲ ဂိုးမပေးရတဲ့ ခံစစ်ကြောင်းကြောင့် ချဲလ်ဆီးကိုပဲ ရွေးချယ်ရမယ့်ပွဲပါ။