ဒီနေ့ည ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ နည်းပြဘဝ ပွဲ ၇၀၀ ပြည့်မြောက်မယ့် မန်စီးတီး နည်းပြ ဂွါဒီယိုလာ


နာမည်ကျော်နည်းပြတစ်ဦးဖြစ်ပြီး လက်ရှိမန်စီးတီးအသင်းကို ကိုင်တွယ်နေတဲ့ ဂွါဒီယိုလာကတော့ ဒီနေ့ညမှာကစားမယ့် ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ နည်းပြဘဝ ပွဲ ၇၀၀ မြောက်ကို ကိုင်တွယ်ရမှာပဲဖြစ်ပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ အတူ အောင်မြင်မှုရရှိခဲ့ပြီး လက်ရှိဘောလုံးလောကမှာ အအောင်မြင်ဆုံးနည်းပြတစ်ယောက်လို့ သတ်မှတ်ရမယ့် ဂွါဒီယို လာဟာ နည်းပြဘဝ ၁၃ နှစ်တာကာလအတွင်းမှာ အမှတ်ပေးဖလားချန်ပီယံအဖြစ် ၈ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ကြိမ်အ ထိ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက “ ဖူလ်ဟမ်နဲ့ ကစားမယ့်ပွဲမှာ နည်းပြဘဝပွဲ ၇၀၀ ပြည့် မြောက်မှာ ဖြစ်ပေမယ့် နောက်ထပ်ပွဲ ၇၀၀ လောက်ကိုင်တွယ်ပြီးမှ နည်းပြဘဝကို စွန့်ခွာချင်ပါတယ်။ နည်းပြဘဝမှာ နိုင်ပွဲ တွေရှိခဲ့သလို ရှုံးခဲ့တဲ့ပွဲတွေလည်း ရှိခဲ့ပါတယ်။ အခုလို ကိန်းဂဏန်းတစ်ခု ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် သက်ဆိုင် တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ဒီထက်ပိုကောင်းအောင် လုပ်ဆောင်သွားမှာပါ” လို့ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်းအားနည်းမှုကြောင့် ချန်ပီယံဆုကို မကာကွယ်ခဲ့နိုင်ပေမယ့် ဒီနှစ်မှာ လာပေါ်တီအပြင် အသစ်ခေါ်ယူထားတဲ့ နသန်အကီ၊ ရူဘင်ဒိုင်ယားစ်တို့လို ကစားသမားကောင်းတွေရှိနေတာကြောင့် ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ရည်မှန်ထားကြောင်းနဲ့ ပွဲစဉ်တိုင်းမှာ ရလဒ်ကောင်းရဖို့ ကြိုးစားပြင်ဆင်ထားကြောင်းပြော ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားအဆင့်- ၁၁ နေရာမှာ ရမှတ် ၁၅ မှတ်နဲ့ ရပ်တည် နေတာပဲ ဖြစ်ပါတယ်။

zawgyi version

ဒီေန႔ည ကစားမယ့္ ဖူလ္ဟမ္နဲ႔ပြဲမွာ နည္းျပဘဝ ပြဲ ၇၀၀ ျပည့္ေျမာက္မယ့္ မန္စီးတီး နည္းျပ ဂြါဒီယိုလာ
နာမည္ေက်ာ္နည္းျပတစ္ဦးျဖစ္ၿပီး လက္ရွိမန္စီးတီးအသင္းကို ကိုင္တြယ္ေနတဲ့ ဂြါဒီယိုလာကေတာ့ ဒီေန႔ညမွာကစားမယ့္ ဖူလ္ဟမ္အသင္းနဲ႔ပြဲစဥ္မွာ နည္းျပဘဝ ပြဲ ၇၀၀ ေျမာက္ကို ကိုင္တြယ္ရမွာပဲျဖစ္ပါတယ္။ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔ အတူ ေအာင္ျမင္မႈရရွိခဲ့ၿပီး လက္ရွိေဘာလံုးေလာကမွာ အေအာင္ျမင္ဆံုးနည္းျပတစ္ေယာက္လို႔ သတ္မွတ္ရမယ့္ ဂြါဒီယို လာဟာ နည္းျပဘဝ ၁၃ ႏွစ္တာကာလအတြင္းမွာ အမွတ္ေပးဖလားခ်န္ပီယံအျဖစ္ ၈ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ႀကိမ္အ ထိ ရယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ပြဲမတိုင္ခင္ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဂြါဒီယိုလာက “ ဖူလ္ဟမ္နဲ႔ ကစားမယ့္ပြဲမွာ နည္းျပဘဝပြဲ ၇၀၀ ျပည့္ ေျမာက္မွာ ျဖစ္ေပမယ့္ ေနာက္ထပ္ပြဲ ၇၀၀ ေလာက္ကိုင္တြယ္ၿပီးမွ နည္းျပဘဝကို စြန္႔ခြာခ်င္ပါတယ္။ နည္းျပဘဝမွာ ႏိုင္ပြဲ ေတြရွိခဲ့သလို ရႈံးခဲ့တဲ့ပြဲေတြလည္း ရွိခဲ့ပါတယ္။ အခုလို ကိန္းဂဏန္းတစ္ခု ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ သက္ဆိုင္ တဲ့သူအားလံုးကို ေက်းဇူးတင္ပါတယ္။ အနာဂတ္မွာ ဒီထက္ပိုေကာင္းေအာင္ လုပ္ေဆာင္သြားမွာပါ” လို႔ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဂြါဒီယိုလာက ၿပီးခဲ့တဲ့ရာသီက ခံစစ္ပိုင္းအားနည္းမႈေၾကာင့္ ခ်န္ပီယံဆုကို မကာကြယ္ခဲ့ႏိုင္ေပမယ့္ ဒီႏွစ္မွာ လာေပၚတီအျပင္ အသစ္ေခၚယူထားတဲ့ နသန္အကီ၊ ႐ူဘင္ဒိုင္ယားစ္တို႔လို ကစားသမားေကာင္းေတြရွိေနတာေၾကာင့္ ခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ဖို႔ ရည္မွန္ထားေၾကာင္းနဲ႔ ပြဲစဥ္တိုင္းမွာ ရလဒ္ေကာင္းရဖို႔ ႀကိဳးစားျပင္ဆင္ထားေၾကာင္းေျပာ ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးအသင္းဟာ အမွတ္ေပးဇယားအဆင့္- ၁၁ ေနရာမွာ ရမွတ္ ၁၅ မွတ္နဲ႔ ရပ္တည္ ေနတာပဲ ျဖစ္ပါတယ္။