ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရနိုင်သေးတယ်လို့ ပြောခဲ့တဲ့ နည်းပြ ဆိုးလ်ရှား


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက လက်ရှိမှာ အမှတ်ပေးဇယားအဆင့်-၉ နေရာကိုရောက်နေတယ်ဆိုပေမယ့် အသင်းအနေနဲ့ ရာသီအကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရနိုင်သေးကြောင်းပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ ၉ ပွဲကစားပြီးချိန်မှာ ၅ ပွဲနိုင် ၁ပွဲသရေ နဲ့ ၃ ပွဲရှုံးထားပြီး ရမှတ် ၁၆ မှတ်ရရှိထားကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက စပါးနဲ့ ၅မှတ်ကွာဟနေပေမယ့် လက်ကျန်တစ်ပွဲ ကစားဖို့ ကျန်ရှိနေတာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ဒီရာသီရှုံးပွဲ ၃ပွဲရှိထားတယ်ဆိုပေမယ့် အဝေးကွင်းပွဲစဉ်အဖြစ် ကစားရတဲ့ပွဲတိုင်းကို အနိုင်ရအောင် ကစားထားနိုင်တာကြောင့် ဒီနေ့ညမှာ ကစားမယ့် ဝက်စ်ဟမ်းအသင်းကိုလည်း အနိုင်ရမယ်လို့ ထင်ကြေးပေးခံနေရတာဖြစ် ပါတယ်။ ဝက်စ်ဟမ်းနဲ့ကစားမယ့် အဝေးကွင်းပွဲစဉ်ပြီးရင် ကစားဖို့ရှိနေတဲ့ လစ်ပ်ဇစ်နဲ့ အဝေးကွင်းပွဲစဉ်မှာလည်း ရလဒ်ကောင်းရယူပြီး ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုးလ်ရှားက ပြောခဲ့ပါ တယ်။


ဆိုးလ်ရှားက “ လက်ရှိအမှတ်ပေးဇယား အဆင့်-၉ နေရာမှာဆိုပေမယ့် လက်ကျန်တစ်ပွဲရှိနေပါသေးတယ်။ ကမ္ဘာ့အကြီး မားဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ယူနိုက်တက်ကို ကိုင်တွယ်နေရတာကြောင့် ဖိအားများတယ်ဆိုပေမယ့် ဒီရာထူးကို လုပ်ကိုင်ရတာ နှစ်သက်ပါတယ်။ ကျွန်တော်တို့ အားလုံးစုပေါင်းပြီး လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့ လုပ် ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲဆက် အနိုင်ရရှိ အောင် ကစားထားနိုင်ခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရႏိုင္ေသးတယ္လို႔ ေျပာခဲ့တဲ့ နည္းျပ ဆိုးလ္ရွား
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက လက္ရွိမွာ အမွတ္ေပးဇယားအဆင့္-၉ ေနရာကိုေရာက္ေနတယ္ဆိုေပမယ့္ အသင္းအေနနဲ႔ ရာသီအကုန္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရႏိုင္ေသးေၾကာင္းေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိ ၉ ပြဲကစားၿပီးခ်ိန္မွာ ၅ ပြဲႏိုင္ ၁ပြဲသေရ နဲ႔ ၃ ပြဲရႈံးထားၿပီး ရမွတ္ ၁၆ မွတ္ရရွိထားကာ အမွတ္ေပးဇယားထိပ္ဆံုးေနရာက စပါးနဲ႔ ၅မွတ္ကြာဟေနေပမယ့္ လက္က်န္တစ္ပြဲ ကစားဖို႔ က်န္ရွိေနတာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ဒီရာသီရႈံးပြဲ ၃ပြဲရွိထားတယ္ဆိုေပမယ့္ အေဝးကြင္းပြဲစဥ္အျဖစ္ ကစားရတဲ့ပြဲတိုင္းကို အႏိုင္ရေအာင္ ကစားထားႏိုင္တာေၾကာင့္ ဒီေန႔ညမွာ ကစားမယ့္ ဝက္စ္ဟမ္းအသင္းကိုလည္း အႏိုင္ရမယ္လို႔ ထင္ေၾကးေပးခံေနရတာျဖစ္ ပါတယ္။ ဝက္စ္ဟမ္းနဲ႔ကစားမယ့္ အေဝးကြင္းပြဲစဥ္ၿပီးရင္ ကစားဖို႔ရွိေနတဲ့ လစ္ပ္ဇစ္နဲ႔ အေဝးကြင္းပြဲစဥ္မွာလည္း ရလဒ္ေကာင္းရယူၿပီး ခ်န္ပီယံလိဂ္မွာ ရႈံးထြက္အဆင့္ကိုတက္ေရာက္ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ဆိုးလ္ရွားက ေျပာခဲ့ပါ တယ္။
ဆိုးလ္ရွားက “ လက္ရွိအမွတ္ေပးဇယား အဆင့္-၉ ေနရာမွာဆိုေပမယ့္ လက္က်န္တစ္ပြဲရွိေနပါေသးတယ္။ ကမ႓ာ့အႀကီး မားဆံုးကလပ္အသင္းေတြထဲက တစ္သင္းျဖစ္တဲ့ ယူႏိုက္တက္ကို ကိုင္တြယ္ေနရတာေၾကာင့္ ဖိအားမ်ားတယ္ဆိုေပမယ့္ ဒီရာထူးကို လုပ္ကိုင္ရတာ ႏွစ္သက္ပါတယ္။ ကြ်န္ေတာ္တို႔ အားလံုးစုေပါင္းၿပီး လာမယ့္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းရဖို႔ လုပ္ ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ပြဲဆက္ အႏိုင္ရရွိ ေအာင္ ကစားထားႏိုင္ခဲ့ပါတယ္။