ခေါင်းပေါ်က ဆံပင်ဖြူတွေက ဖိအားတွေကြောင့် ဖြူလာတာမဟုတ်လို့ နောက်ထပ် ၁၀ နှစ် နည်းပြလုပ်လို့ ရသေးတယ်လို့ ပြောခဲတဲ့ မော်ရင်ဟို


စပါးနည်းပြမော်ရင်ဟိုက သူရဲ့ခေါင်းပေါ်က ဆံပင်တွေဖြူလာတာဟာ ဖိအားတွေနဲ့ ရင်ဆိုင်ရတာကြောင့် ဖြူလာတာ မ ဟုတ်တဲ့အတွက် နည်းပြလောကမှာ နောက်ထပ် ၁၀ နှစ်ကနေ ၁၅ နှစ်လောက်အထိ နည်းပြလုပ်လို့ရသေးတယ်ဆိုပြီး ပြောခဲ့ပါတယ်။ မော်ရင်ဟိုဟာ သူကိုင်တွယ်ခဲ့တဲ့အသင်းတွေနဲ့ ဒုတိယမြောက်ရာသီရောက်ရင် အောင်မြင်မှုရလေ့ရှိတဲ့ အစဉ်အလာတွေကြောင့် စပါးအသင်းပရိသတ်တွေအပြင် တာဝန်ရှိသူတွေကပါ မော်ရင်ဟိုကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့ အလိုရှိနေတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


လက်ရှိမှာ အသက် ၅၇ နှစ်ရှိနေပြီဖြစ်တဲ့ မော်ရင်ဟိုအနေနဲ့ စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာနည်းပြလောက ထွက်ပြီး အနားယူဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မော်ရင်ဟိုကတော့ သူအသက် ၇၀ လောက်အထိ နည်းပြလုပ်နိုင်တာကြောင့် နောက်ထပ်အနည်းဆုံး ၁၀ နှစ် နည်းပြလောကမှာ ဆက်ရှိနေဦးမယ်လို့ ပြောခဲ့ပါတယ်။ မော်ရင် ဟိုရဲ့လက်အောက်မှာ စပါးအသင်းဟာ ကစားပုံပိုကောင်းလာခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာသလို လက် ရှိမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။


ကမ္ဘာ့အကြီးဆုံးနည်းပညာတွေ့ဆုံပွဲတစ်ခုဖြစ်တဲ့ Web Summit မှာတော့ မော်ရင်ဟိုက “ အောင်မြင်မှုနဲ့ အောင်မြင်မှုရနေ တဲ့ ပရော်ဖက်ရှင်နယ်ဘဝလမ်းကြောင်း က မတူပါဘူး။ အောင်မြင်မှု ဆိုတာ အခိုက်အတန့်တစ်ခုမှာရရှိတာပါ။ အောင်မြင် တဲ့ ပရော်ဖက်ရှင်နယ်ဘဝ လမ်းကြောင်းက မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့အခိုက်အတန့်မှ ရတာပါ။အောင်မြင်မှုရတဲ့ ဘဝ လမ်းကြောင်းကို တစ်နှစ်တည်းနဲ့ တည်ဆောက်လို့မရပါဘူး။ ဒီလိုအောင်မြင်တဲ့ဘဝမျိုးကိုလည်း လိုချင်တာက ကျွန်တော် ရဲ့ အသွေးအသားထဲမှာ အမြဲရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေခါင္းေပၚက ဆံပင္ျဖဴေတြက ဖိအားေတြေၾကာင့္ ျဖဴလာတာမဟုတ္လို႔ ေနာက္ထပ္ ၁၀ ႏွစ္ နည္းျပလုပ္လို႔ ရေသးတယ္လို႔ ေျပာခဲတဲ့ ေမာ္ရင္ဟို
စပါးနည္းျပေမာ္ရင္ဟိုက သူရဲ႕ေခါင္းေပၚက ဆံပင္ေတြျဖဴလာတာဟာ ဖိအားေတြနဲ႔ ရင္ဆိုင္ရတာေၾကာင့္ ျဖဴလာတာ မ ဟုတ္တဲ့အတြက္ နည္းျပေလာကမွာ ေနာက္ထပ္ ၁၀ ႏွစ္ကေန ၁၅ ႏွစ္ေလာက္အထိ နည္းျပလုပ္လို႔ရေသးတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ သူကိုင္တြယ္ခဲ့တဲ့အသင္းေတြနဲ႔ ဒုတိယေျမာက္ရာသီေရာက္ရင္ ေအာင္ျမင္မႈရေလ့ရွိတဲ့ အစဥ္အလာေတြေၾကာင့္ စပါးအသင္းပရိသတ္ေတြအျပင္ တာဝန္ရွိသူေတြကပါ ေမာ္ရင္ဟိုကို ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အလိုရွိေနတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
လက္ရွိမွာ အသက္ ၅၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ေမာ္ရင္ဟိုအေနနဲ႔ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးခ်ိန္မွာနည္းျပေလာက ထြက္ၿပီး အနားယူဖုိ႔ ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနေပမယ့္ ေမာ္ရင္ဟိုကေတာ့ သူအသက္ ၇၀ ေလာက္အထိ နည္းျပလုပ္ႏိုင္တာေၾကာင့္ ေနာက္ထပ္အနည္းဆံုး ၁၀ ႏွစ္ နည္းျပေလာကမွာ ဆက္ရွိေနဦးမယ္လို႔ ေျပာခဲ့ပါတယ္။ ေမာ္ရင္ ဟိုရဲ႕လက္ေအာက္မွာ စပါးအသင္းဟာ ကစားပံုပိုေကာင္းလာခဲ့ၿပီး ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့အသင္းျဖစ္လာသလို လက္ ရွိမွာလည္း အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အသင္းျဖစ္ပါတယ္။
ကမၻာ့အၾကီးဆံုးနည္းပညာေတြ႕ဆံုပဲြတစ္ခုျဖစ္တဲ့ Web Summit မွာေတာ့ ေမာ္ရင္ဟိုက “ ေအာင္ျမင္မႈနဲ႔ ေအာင္ျမင္မႈရေန တဲ့ ပေရာ္ဖက္ရွင္နယ္ဘဝလမ္းေၾကာင္း က မတူပါဘူး။ ေအာင္ျမင္မႈ ဆိုတာ အခိုက္အတန္႔တစ္ခုမွာရရွိတာပါ။ ေအာင္ျမင္ တဲ့ ပေရာ္ဖက္ရွင္နယ္ဘဝ လမ္းေၾကာင္းက မွန္ကန္တဲ့အခ်ိန္၊ မွန္ကန္တဲ့အခိုက္အတန္႔မွ ရတာပါ။ေအာင္ျမင္မႈရတဲ့ ဘဝ လမ္းေၾကာင္းကို တစ္ႏွစ္တည္းနဲ႔ တည္ေဆာက္လို႔မရပါဘူး။ ဒီလိုေအာင္ျမင္တဲ့ဘဝမ်ိဳးကိုလည္း လိုခ်င္တာက ကြ်န္ေတာ္ ရဲ႕ အေသြးအသားထဲမွာ အျမဲရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။