ပီတာချက်ရဲ့ ညွှန်ကြားမှုနဲ့ ခေါ်ယူခဲ့တဲ့ မန်ဒီက ၁၂ ပွဲကစားအပြီးမှာ ပီတာချက်ရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့


ချဲလ်ဆီးအသင်းမှာ ကစားသမားဘဝတုန်းက အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တာကြောင့် နာမည်ကျော်ခဲ့တဲ့ ပီတာချက်ဟာ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းရဲ့နည်းစနစ်အကြံပေးအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက ထိပ်ဆုံး ၆ သင်းမှာ ပေးဂိုးအများဆုံးအသင်းဖြစ်ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားဖြစ်တဲ့ ကီပါကလည်း ပုံမှန် လက်စွမ်းရဖို့ ရုန်းကန်နေရတာကြောင့် နွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားသစ်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။


ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ ကီပါရဲ့နေရာမှာ အစားထိုးဖို့အတွက် နာမည်ကြီးကစားသမားအများအပြားကို ကမ်းလှမ်း မှုပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာအသင်းတွေက ပယ်ချခဲ့တာကြောင့် နောက်ဆုံးမှာတော့ ပီတာချက်ရဲ့ အကြံပေးညွှန်ကြား ချက်နဲ့အတူ ရန်းနက်စ်က မန်ဒီကို ခေါ်ယူဖို့လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ဒီရောက်လာပြီးနောက်မှာတော့ ဦးစားပေး ကစားသမားအဖြစ်ကစားရင်း လက်စွမ်းပြခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့ရလဒ်ပိုင်းတွေ သိသိသာသာ တိုးတက်လာခဲ့ပါ တယ်။


အချက်အလက်စစ်တမ်းတွေကောက်ယူထားတဲ့ အဖွဲ့ရဲ့ ဖော်ပြချက်အရ မန်ဒီဟာ ချဲလ်ဆီးအတွက် ၁၂ ပွဲကစားပြီးချိန်မှာ တော့ အသင်းရဲ့ဂန္တဝင်ဂိုးသမားတစ်ဦးဖြစ်ခဲ့တဲ့ ပီတာချက်ရဲ့ စံချိန်မှတ်တမ်းကောင်းကို လိုက်မီခဲ့တယ်လို့ သိရပါတယ်။ မန်ဒီအနေနဲ့ သူကစားခဲ့တဲ့ ၁၂ ပွဲမှာ ဂိုးမပေးရအောင် ၉ ပွဲအထိ စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုးကလည်း ၃ ဂိုးပဲရှိခဲ့တာဖြစ်ပါ တယ်။ မန်ဒီရဲ့လက်စွမ်းပြမှုကြောင့် ချဲလ်ဆီးအသင်းက ရလဒ်တွေကောင်းခဲ့သလို သူကိုခေါ်ယူဖို့ညွှန်ကြားပေးခဲ့တဲ့ ပီတာ ချက်အတွက်လည်း အကောင်းဆုံးလုပ်ဆောင်နိုင်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ပီတာခ်က္ရဲ႕ ၫႊန္ၾကားမႈနဲ႔ ေခၚယူခဲ့တဲ့ မန္ဒီက ၁၂ ပြဲကစားအၿပီးမွာ ပီတာခ်က္ရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္ခဲ့
ခ်ဲလ္ဆီးအသင္းမွာ ကစားသမားဘဝတုန္းက အေကာင္းဆံုးလက္စြမ္းျပႏိုင္ခဲ့တာေၾကာင့္ နာမည္ေက်ာ္ခဲ့တဲ့ ပီတာခ်က္ဟာ လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕နည္းစနစ္အၾကံေပးအျဖစ္ လုပ္ကိုင္ေနသူလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ ရာသီက ထိပ္ဆံုး ၆ သင္းမွာ ေပးဂိုးအမ်ားဆံုးအသင္းျဖစ္ခဲ့ၿပီး ကမ႓ာ့ေစ်းအႀကီးဆံုးဂိုးသမားျဖစ္တဲ့ ကီပါကလည္း ပံုမွန္ လက္စြမ္းရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂိုးသမားသစ္ေခၚယူဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အေနနဲ႔ ကီပါရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ နာမည္ႀကီးကစားသမားအမ်ားအျပားကို ကမ္းလွမ္း မႈျပဳလုပ္ခဲ့ေပမယ့္ သက္ဆိုင္ရာအသင္းေတြက ပယ္ခ်ခဲ့တာေၾကာင့္ ေနာက္ဆံုးမွာေတာ့ ပီတာခ်က္ရဲ႕ အၾကံေပးၫႊန္ၾကား ခ်က္နဲ႔အတူ ရန္းနက္စ္က မန္ဒီကို ေခၚယူဖို႔လုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ မန္ဒီေရာက္လာၿပီးေနာက္မွာေတာ့ ဦးစားေပး ကစားသမားအျဖစ္ကစားရင္း လက္စြမ္းျပခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ရလဒ္ပိုင္းေတြ သိသိသာသာ တိုးတက္လာခဲ့ပါ တယ္။
အခ်က္အလက္စစ္တမ္းေတြေကာက္ယူထားတဲ့ အဖြဲ႕ရဲ႕ ေဖာ္ျပခ်က္အရ မန္ဒီဟာ ခ်ဲလ္ဆီးအတြက္ ၁၂ ပြဲကစားၿပီးခ်ိန္မွာ ေတာ့ အသင္းရဲ႕ဂႏၲဝင္ဂိုးသမားတစ္ဦးျဖစ္ခဲ့တဲ့ ပီတာခ်က္ရဲ႕ စံခ်ိန္မွတ္တမ္းေကာင္းကို လိုက္မီခဲ့တယ္လို႔ သိရပါတယ္။ မန္ဒီအေနနဲ႔ သူကစားခဲ့တဲ့ ၁၂ ပြဲမွာ ဂိုးမေပးရေအာင္ ၉ ပြဲအထိ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ေပးဂိုးကလည္း ၃ ဂိုးပဲရွိခဲ့တာျဖစ္ပါ တယ္။ မန္ဒီရဲ႕လက္စြမ္းျပမႈေၾကာင့္ ခ်ဲလ္ဆီးအသင္းက ရလဒ္ေတြေကာင္းခဲ့သလို သူကိုေခၚယူဖို႔ၫႊန္ၾကားေပးခဲ့တဲ့ ပီတာ ခ်က္အတြက္လည္း အေကာင္းဆံုးလုပ္ေဆာင္ႏိုင္မႈတစ္ခုျဖစ္ခဲ့တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။