လမ်းပတ်ရဲ့ ဘောလုံးကိုနားလည်နိုင်စွမ်းကြောင့် တစ်ချိန်မှာ အင်္ဂလန်အသင်းနည်းပြ ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တဲ့ အိုင်ဗန်နိုဗစ်


လက်ရှိအသင်းနည်းပြဖြစ်တဲ့ လမ်းပတ်နဲ့အတူ ချဲလ်ဆီးအသင်းမှာ တွဲကစားခဲ့ဖူးတဲ့ နောက်ခံလူဟောင်း အိုင်ဗန်နိုဗစ်က ဘောလုံးအကြောင်းကို ကောင်းကောင်းသိပြီး နားလည်နိုင်တဲ့ လမ်းပတ်ရဲ့ စွမ်းဆောင်ရည်တွေကြောင့် တစ်ချိန်မှာ အင်္ဂ လန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်လာနိုင်ကြောင်း ပြောခဲ့ပါတယ်။ လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်း နည်းပြဖြစ်လာခဲ့ပြီး ကစားသမားသစ်မခေါ်ယူခဲ့ဘဲ အကောင်းဆုံးတည်ဆောက်နိုင်ခဲ့သလို ဒီနှစ်မှာလည်း ကစားသမား ကောင်းတွေခေါ်ယူထားတာကြောင့် အသင်းက ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာခဲ့ပါတယ်။


ပြီးခဲ့တဲ့ရာသီက လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေကို ပေါင်သန်း ၂၃၀ ကျော် အသုံးပြုပြီး ခေါ်ယူထားတာကြောင့် လမ်းပတ်ရဲ့ အရည်အချင်းကို အားလုံးကစောင့်ကြည့်နေကြတာပြီး ချဲလ်ဆီးအနေနဲ့ အောင်မြင်မှုတွေရမလားဆိုတာကိုလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။


ချဲလ်ဆီးကစားသမားဟောင်းဟာ လက်ရှိမှာအသက် ၃၆ နှစ်ရှိနေပြီဖြစ်ပြီး ဝက်စ်ဘရွန်းအသင်းမှာ ကစားနေသူဖြစ်ပေမယ့် လမ်းပတ်ရဲ့အတွေ့အကြုံနဲ့ ဘောလုံးအကြောင်း နားလည်နိုင်စွမ်းကို ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။ ဒေးလီးမေးလ်ကနေ တဆင့် အိုင်ဗန်နိုဗစ်က “ ဖရန့် (လမ်းပတ်)အနေနဲ့ နည်းပြလောကထဲဝင်ရောက်ပြီး အောင်မြင်တဲ့နည်းပြတစ်ယောက် ဖြစ် လာမယ်ဆိုတာ အံသြစရာမရှိပါဘူး။ သူရဲ့စွမ်းဆောင်ရည်က တစ်ချိန်မှာ အင်္ဂလန်အသင်းနည်းပြဖြစ်လာဖို့တောင် ထိုက် တန်တဲ့သူပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

လမ္းပတ္ရဲ႕ ေဘာလံုးကိုနားလည္ႏိုင္စြမ္းေၾကာင့္ တစ္ခ်ိန္မွာ အဂၤလန္အသင္းနည္းျပ ျဖစ္လာႏိုင္တယ္လို႔ ေျပာခဲ့တဲ့ အိုင္ဗန္ႏိုဗစ္
လက္ရွိအသင္းနည္းျပျဖစ္တဲ့ လမ္းပတ္နဲ႔အတူ ခ်ဲလ္ဆီးအသင္းမွာ တြဲကစားခဲ့ဖူးတဲ့ ေနာက္ခံလူေဟာင္း အိုင္ဗန္ႏိုဗစ္က ေဘာလံုးအေၾကာင္းကို ေကာင္းေကာင္းသိၿပီး နားလည္ႏိုင္တဲ့ လမ္းပတ္ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ တစ္ခ်ိန္မွာ အဂၤ လန္လက္ေရြးစင္အသင္းရဲ႕ နည္းျပျဖစ္လာႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ လမ္းပတ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္း နည္းျပျဖစ္လာခဲ့ၿပီး ကစားသမားသစ္မေခၚယူခဲ့ဘဲ အေကာင္းဆံုးတည္ေဆာက္ႏိုင္ခဲ့သလို ဒီႏွစ္မွာလည္း ကစားသမား ေကာင္းေတြေခၚယူထားတာေၾကာင့္ အသင္းက ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့အသင္းျဖစ္လာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီက လမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့သလို အက္ဖ္ေအဖလားၿပိဳင္ပြဲမွာလည္း ဗိုလ္လုပြဲ အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားေကာင္းေတြကို ေပါင္သန္း ၂၃၀ ေက်ာ္ အသံုးျပဳၿပီး ေခၚယူထားတာေၾကာင့္ လမ္းပတ္ရဲ႕ အရည္အခ်င္းကို အားလံုးကေစာင့္ၾကည့္ေနၾကတာၿပီး ခ်ဲလ္ဆီးအေနနဲ႔ ေအာင္ျမင္မႈေတြရမလားဆိုတာကိုလည္း စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးကစားသမားေဟာင္းဟာ လက္ရွိမွာအသက္ ၃၆ ႏွစ္ရွိေနၿပီျဖစ္ၿပီး ဝက္စ္ဘရြန္းအသင္းမွာ ကစားေနသူျဖစ္ေပမယ့္ လမ္းပတ္ရဲ႕အေတြ႕အၾကံဳနဲ႔ ေဘာလံုးအေၾကာင္း နားလည္ႏိုင္စြမ္းကို ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။ ေဒးလီးေမးလ္ကေန တဆင့္ အိုင္ဗန္ႏိုဗစ္က “ ဖရန္႔ (လမ္းပတ္)အေနနဲ႔ နည္းျပေလာကထဲဝင္ေရာက္ၿပီး ေအာင္ျမင္တဲ့နည္းျပတစ္ေယာက္ ျဖစ္ လာမယ္ဆိုတာ အံၾသစရာမရွိပါဘူး။ သူရဲ႕စြမ္းေဆာင္ရည္က တစ္ခ်ိန္မွာ အဂၤလန္အသင္းနည္းျပျဖစ္လာဖို႔ေတာင္ ထိုက္ တန္တဲ့သူပါ” လို႔ ေျပာခဲ့ပါတယ္။