အိုဇေးလ်ကို ပြန်ခေါ်ပေးပါဆိုပြီး ဆိုင်းဘုတ်တွေထောင်ပြီး အာဆင်နယ် ပရိသတ်တွေ တောင်းဆိုမှုပြုလုပ်ခဲ့


တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပခဲ့ရာကနေ အင်္ဂလန်နိုင်ငံမှာတော့ ဒီတစ်ပတ်ကစပြီး သတ်မှတ်ထားတဲ့ဦးရေအလိုက် ပရိသတ်တွေကို ပြန်လည်ကြည့်ရှု့ခွင့်ပေးခဲ့ တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အာဆင် နယ်ဟာ ပရိသတ်တွေပါတဲ့ ပွဲစဉ်တစ်ပွဲကို ပြန်လည်ကစားခဲ့ရပြီး အိမ်ကွင်းမှာ ရက်ပစ်ဝိန်းအသင်းကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတယ်ဆိုပေမယ့် ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင် ခဲ့ပြီး ကစားခဲ့တဲ့ ပွဲစဉ် ၅ပွဲစလုံးကို အနိုင်ရအောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ ကွင်းအတွင်းမှာလာ ရောက်ကြည့်ရှုနေတဲ့ ပရိသတ်တွေထဲက အချို့က ပွဲစပြီး ၅ မိနစ်အကြာမှာပဲ အသင်းမှာ နေရာပျောက်ဆုံးသွားခဲ့တဲ့ကွင်း လယ်ကစားသမား အိုဇေးလ်ကို အသင်းအတွက် ပြန်လည်နေရာပေးဖို့အတွက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အိုဇေးလ်ဟာ နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက်မှာ အဓိက,ကစားသမားတစ်ဦးဖြစ်ပေမယ့် နည်းပြဟောင်း အူနိုင်း အမ်မရီလက်ထက်မှာ အရန်ကစားသမားဖြစ်လာခဲ့ပြီးနောက် လက်ရှိနည်းပြ အာတီတာလက်ထက်မှာတော့ ပုံမှန်နေရာ ပျောက်ဆုံးသွားခဲ့သူဖြစ်ပါတယ်။ အသင်းမှာ လစာငွေအများဆုံးအဖြစ် တစ်ပတ်ကို ပေါင်သုံးသိန်းခွဲရနေတဲ့ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကျန်နေသေးမယ့် ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ရော၊ ဥရောပပြိုင်ပွဲတွေမှာပါ ကစားခွင့် ရမယ့်စာရင်းမှာ ထည့်သွင်းမခံခဲ့ရတာပဲ ဖြစ်ပါတယ်။

zawgyi version

အိုေဇးလ္ကို ျပန္ေခၚေပးပါဆိုၿပီး ဆိုင္းဘုတ္ေတြေထာင္ၿပီး အာဆင္နယ္ ပရိသတ္ေတြ ေတာင္းဆိုမႈျပဳလုပ္ခဲ့
တစ္ကမ႓ာလံုးမွာ ျဖစ္ပြားခဲ့တဲ့ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးပြဲေတြကို ပရိသတ္မပါဘဲ တံခါးပိတ္က်င္းပခဲ့ရာကေန အဂၤလန္ႏိုင္ငံမွာေတာ့ ဒီတစ္ပတ္ကစၿပီး သတ္မွတ္ထားတဲ့ဦးေရအလိုက္ ပရိသတ္ေတြကို ျပန္လည္ၾကည့္ရႈ႕ခြင့္ေပးခဲ့ တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာေတာ့ အာဆင္ နယ္ဟာ ပရိသတ္ေတြပါတဲ့ ပြဲစဥ္တစ္ပြဲကို ျပန္လည္ကစားခဲ့ရၿပီး အိမ္ကြင္းမွာ ရက္ပစ္ဝိန္းအသင္းကို ေလးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။
အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတယ္ဆိုေပမယ့္ ယူ႐ိုပါလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္ ခဲ့ၿပီး ကစားခဲ့တဲ့ ပြဲစဥ္ ၅ပြဲစလံုးကို အႏိုင္ရေအာင္စြမ္းေဆာင္ထားႏိုင္ခဲ့တဲ့ အသင္းလည္းျဖစ္ပါတယ္။ ကြင္းအတြင္းမွာလာ ေရာက္ၾကည့္ရႈေနတဲ့ ပရိသတ္ေတြထဲက အခ်ိဳ႕က ပြဲစၿပီး ၅ မိနစ္အၾကာမွာပဲ အသင္းမွာ ေနရာေပ်ာက္ဆံုးသြားခဲ့တဲ့ကြင္း လယ္ကစားသမား အိုေဇးလ္ကို အသင္းအတြက္ ျပန္လည္ေနရာေပးဖို႔အတြက္ ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အိုေဇးလ္ဟာ နည္းျပေဟာင္း အာစင္ဝင္းဂါးလက္ထက္မွာ အဓိက,ကစားသမားတစ္ဦးျဖစ္ေပမယ့္ နည္းျပေဟာင္း အူႏိုင္း အမ္မရီလက္ထက္မွာ အရန္ကစားသမားျဖစ္လာခဲ့ၿပီးေနာက္ လက္ရွိနည္းျပ အာတီတာလက္ထက္မွာေတာ့ ပံုမွန္ေနရာ ေပ်ာက္ဆံုးသြားခဲ့သူျဖစ္ပါတယ္။ အသင္းမွာ လစာေငြအမ်ားဆံုးအျဖစ္ တစ္ပတ္ကို ေပါင္သံုးသိန္းခြဲရေနတဲ့ အိုေဇးလ္ဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္းက်န္ေနေသးမယ့္ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္ေရာ၊ ဥေရာပၿပိဳင္ပြဲေတြမွာပါ ကစားခြင့္ ရမယ့္စာရင္းမွာ ထည့္သြင္းမခံခဲ့ရတာပဲ ျဖစ္ပါတယ္။