မော်ရင်ဟို ၊ ဂါရတ်ဘေးလ်တို့လို လူတွေရှိနေတာကြောင့် စပါးအနေနဲ့ အောင်မြင်မှုတွေရတော့မယ်လို့ ကစားသမား ဟောင်း ရော်ဘင်ဆင် ပြောဆို

စပါးအသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရော်ဘင်ဆင်က အသင်းအနေနဲ့ အသင်းကောင်းတစ်သင်းအဖြစ် ကာလ ရှည်ရှိနေခဲ့ပြီး အောင်မြင်မှု မရခဲ့ပေမယ့် လက်ရှိမှာ နည်းပြ မော်ရင်ဟိုအပြင် အသင်းကိုတစ်ကျော့ပြန်ရောက်ရှိလာတဲ့ ဂါ ရတ်ဘေးလ်တို့လို ကစားသမားကောင်းတွေကြောင့် ချန်ပီယံဆုတွေကို စိန်ခေါ်လာနိုင်တဲ့အနေအထားတွေရှိနေပြီလို့ ပြောခဲ့ပါတယ်။ စပါးဟာ မော်ရင်ဟိုရဲ့လက်အောက်မှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေ တဲ့ အသင်းလည်းဖြစ်ပါတယ်။


စပါးအသင်းဟာ နည်းပြဟောင်း ပိုချက်တီနိုရဲ့ လက်အောက်မှာ အသင်းကောင်းတစ်သင်းဖြစ်လာပြီး ထိပ်ဆုံး ၆သင်းစာ ရင်းဝင်ခဲ့ပေမယ့် အောင်မြင်မှုတစ်စုံတစ်ရာ မရခဲ့တာကြောင့် ကိုင်တွယ်နေတဲ့အသင်းတိုင်းကို ချန်ပီယံဆုရအောင် စွမ်း ဆောင်နိုင်ခဲ့တဲ့ မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီဝက်က နည်းပြအဖြစ် မော်ရင်ဟိုရောက်လာ ပြီးနောက် အသင်းအနေနဲ့ ကစားပုံပိုကောင်းလာတယ်လို့ မှတ်ချက်ပြုခံခဲ့ရပါတယ်။


မော်ရင်ဟိုအနေနဲ့ ကိုင်တွယ်ခဲ့တဲ့အသင်းတိုင်းရဲ့ ဒုတိယရာသီမှာ အောင်မြင်မှုရလေ့ရှိတာကြောင့် စပါးအသင်းအနေနဲ့ ဒီ ရာသီအောင်မြင်မှုတစ်စုံတစ်ရာ ရယူနိုင်မယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။အသင်းမှာ ကစားသမားကောင်းတွေ ရှိနေတဲ့အပြင် အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်လို ကမ္ဘာ့အဆင့်ကစားသမားကောင်းကိုလည်း ပြန်လည်ခေါ်ယူ နိုင်ခဲ့တာကြောင့် အသင်းအနေနဲ့ အောင်မြင်မှုတွေ ရရှိဖို့ အချိန်တန်ပြီလို့ ရော်ဘင်ဆင်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။¬

zawgyi version

ေမာ္ရင္ဟို ၊ ဂါရတ္ေဘးလ္တို႔လို လူေတြရွိေနတာေၾကာင့္ စပါးအေနနဲ႔ ေအာင္ျမင္မႈေတြရေတာ့မယ္လို႔ ကစားသမား ေဟာင္း ေရာ္ဘင္ဆင္ ေျပာဆို
စပါးအသင္းကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေရာ္ဘင္ဆင္က အသင္းအေနနဲ႔ အသင္းေကာင္းတစ္သင္းအျဖစ္ ကာလ ရွည္ရွိေနခဲ့ၿပီး ေအာင္ျမင္မႈ မရခဲ့ေပမယ့္ လက္ရွိမွာ နည္းျပ ေမာ္ရင္ဟိုအျပင္ အသင္းကိုတစ္ေက်ာ့ျပန္ေရာက္ရွိလာတဲ့ ဂါ ရတ္ေဘးလ္တို႔လို ကစားသမားေကာင္းေတြေၾကာင့္ ခ်န္ပီယံဆုေတြကို စိန္ေခၚလာႏိုင္တဲ့အေနအထားေတြရွိေနၿပီလို႔ ေျပာခဲ့ပါတယ္။ စပါးဟာ ေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာ ေျခစြမ္းျပေနၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေန တဲ့ အသင္းလည္းျဖစ္ပါတယ္။
စပါးအသင္းဟာ နည္းျပေဟာင္း ပိုခ်က္တီႏိုရဲ႕ လက္ေအာက္မွာ အသင္းေကာင္းတစ္သင္းျဖစ္လာၿပီး ထိပ္ဆံုး ၆သင္းစာ ရင္းဝင္ခဲ့ေပမယ့္ ေအာင္ျမင္မႈတစ္စံုတစ္ရာ မရခဲ့တာေၾကာင့္ ကိုင္တြယ္ေနတဲ့အသင္းတိုင္းကို ခ်န္ပီယံဆုရေအာင္ စြမ္း ေဆာင္ႏိုင္ခဲ့တဲ့ ေမာ္ရင္ဟိုကို နည္းျပအျဖစ္ခန္႔အပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီဝက္က နည္းျပအျဖစ္ ေမာ္ရင္ဟိုေရာက္လာ ၿပီးေနာက္ အသင္းအေနနဲ႔ ကစားပံုပိုေကာင္းလာတယ္လို႔ မွတ္ခ်က္ျပဳခံခဲ့ရပါတယ္။
ေမာ္ရင္ဟိုအေနနဲ႔ ကိုင္တြယ္ခဲ့တဲ့အသင္းတိုင္းရဲ႕ ဒုတိယရာသီမွာ ေအာင္ျမင္မႈရေလ့ရွိတာေၾကာင့္ စပါးအသင္းအေနနဲ႔ ဒီ ရာသီေအာင္ျမင္မႈတစ္စံုတစ္ရာ ရယူႏုိင္မယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ပါတယ္။အသင္းမွာ ကစားသမားေကာင္းေတြ ရွိေနတဲ့အျပင္ အသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဂါရတ္ေဘးလ္လို ကမၻာ့အဆင့္ကစားသမားေကာင္းကိုလည္း ျပန္လည္ေခၚယူ ႏိုင္ခဲ့တာေၾကာင့္ အသင္းအေနနဲ႔ ေအာင္ျမင္မႈေတြ ရရွိဖို႔ အခ်ိန္တန္ၿပီလို႔ ေရာ္ဘင္ဆင္က ေျပာခဲ့တာပဲ ျဖစ္ပါတယ္။¬