ကလော့ပ်အပါအဝင် ထိပ်သီး ၆ သင်းနည်းပြများအနေနဲ့ လူစားလဲမှု ၅ ဦးအသုံးပြုမယ့် စည်းမျဉ်းသစ်ကြောင့် ခံပြင်းဒေါသ ထွက်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့

ပြီးခဲတဲ့ရက်က ပြုလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေရဲ့ အစည်းအဝေးပွဲမှာတော့ လူစားလဲမှု ၅ ဦးအသုံးပြုမယ့် စည်း မျဉ်းသစ်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ကလော့ပ်အပါအဝင် အသင်းကြီးနည်းပြတွေကလွဲပြီး ကျန်နည်းပြတွေက စည်းမျဉ်းသစ်ကို သဘောတူထောက်ခံခဲ့တာကြောင့် အသင်းကြီးနည်းပြတွေအနေနဲ့ ခံပြင်းဒေါသထွက်နေကြတယ်လို့ လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


Sportmails ရဲ့ ဖော်ပြချက်အရတော့ လူစားလဲမှုအစီအစဉ်ကို ဒီရာသီမှာ စတင်စမ်းသပ်လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ သိရပါပြီး ပရီးမီးယားလိဂ်အသင်း ၂၀ ရဲ့နည်းပြတွေထဲမှာ ၁၅ ယောက်လောက်က ဒီစည်းမျဉ်းအသစ်ကို လက်ခံသဘော တူနေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်မှာ လူစားလဲကစားသမား ၅ ဦးအထိအသုံးပြုဖို့ကို ဒီရာသီမစတင်ခင်မှာက တည်းက ဆွေးနွေးခဲ့ကြတာဖြစ်ပေမယ့် သဘောတူညီမှုမရခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။


ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက လူစားလဲမှု ၅ ဦးထားရှိဖို့အတွက် ဆွေးနွေးခဲ့ရာမှာတော့ ထောက်ခံသူဦးရေက ၉ ဦးသာ ရှိ ခဲ့ပြီး အသင်းကြီးတွေအနေနဲ့ အခွင့်အရေးပိုရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အသင်းငယ်တွေ ရဲ့ နည်းပြအချို့ဟာ လူစားလဲမှု ၅ ဦးအထိပြုလုပ်ဖို့ကို သဘောတူလက်ခံလာကြပြီးနောက် လက်ရှိအချိန်မှာတော့ ဒီစည်း မျဉ်းကို ထောက်ခဲ့တဲ့ ပရီးမီးယားလိဂ်ကနည်းပြ အရေအတွက်က ၁၄ ဦးအထိ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version

