အင်္ဂလန်မှာတော့ ၈ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပရိသတ်တွေ ကွင်းထဲမှာ ဘောလုံးပွဲ ပြန်ကြည့်နိုင်တော့မယ်


တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားခဲ့ရပြီး ပြန်လည်စတင်ကစားချိန်မှာလည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရတာဟာ ဒီနေ့အချိန်ထိပါပဲ။ ဒါပေမယ့် တာဝန်ရှိသူတွေဟာ ဘောလုံးဝါသနာရှင်တွေ အတွက် ကွင်းအတွင်းမှာ ဝင်ရောက်ပြီး ပွဲကြည့်ရှုနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တာကြောင့် အင်္ဂလန်နိုင်ငံရဲ့ ဒီတစ်ပတ်ပွဲစဉ် တွေမှာတော့ ပရိသတ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ဦးရေအတိုင်း ဘောလုံးကွင်းတွေထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။


အင်္ဂလန်အသင်းတွေထဲမှာတော့ ရက်ပစ်ဝိန်းကို အိမ်ကွင်းမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ်လက်ခံကစားမယ့် အာဆင်နယ်က ပထမဆုံးပရိသတ်တွေနဲ့အတူ ပြန်လည်ကစားမှာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ်တော့ လာမယ့်စနေနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းအသင်းက ပရိသတ်တွေနဲ့အတူ ကစားခွင့်ရမယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ တော့ ကွင်းအတွင်းမှာ ပရိသတ်ဦးရေ ၄၀၀၀ လောက်အထိပဲ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


TalkSports ရဲ့ဖော်ပြချက်အရတော့ တာဝန်ရှိသူတွေချမှတ်ထားတဲ့ စည်းကမ်းတွေအရ သတ်မှတ်ထားတဲ့ အကွာအဝေး အတိုင်းနေထိုင်ပြီး ဘောလုံးပရိသတ်တွေအနေနဲ့ ပွဲကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ အသင်းငယ်တွေဖြစ်တဲ့ ကမ်းဘရစ်ချ်၊ ကာစစ္စလီ ၊ လူတန်၊ ရှရှုးဘူရီနဲ့ ဝိုင်ကွမ်ဘီ ပရိသတ်တွေဟာ ကွင်းအတွင်းကို ပရိသတ်တွေပြန်လည်ကြည့် ရှုခွင့်ရဖို့ အတွက် ဦးဆောင်လှုပ်ရှားခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

အဂၤလန္မွာေတာ့ ၈ လအတြင္း ပထမဆံုးအႀကိမ္အျဖစ္ ပရိသတ္ေတြ ကြင္းထဲမွာ ေဘာလံုးပြဲ ျပန္ၾကည့္ႏိုင္ေတာ့မယ္
တစ္ကမ႓ာ့လံုးမွာ ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးပြဲေတြကို ရပ္နားခဲ့ရၿပီး ျပန္လည္စတင္ကစားခ်ိန္မွာလည္း ပရိသတ္မပါဘဲ ကြင္းပိတ္ကစားခဲ့ရတာဟာ ဒီေန႔အခ်ိန္ထိပါပဲ။ ဒါေပမယ့္ တာဝန္ရွိသူေတြဟာ ေဘာလံုးဝါသနာရွင္ေတြ အတြက္ ကြင္းအတြင္းမွာ ဝင္ေရာက္ၿပီး ပြဲၾကည့္ရႈႏိုင္ဖို႔အတြက္ လုပ္ေဆာင္ခဲ့တာေၾကာင့္ အဂၤလန္ႏိုင္ငံရဲ႕ ဒီတစ္ပတ္ပြဲစဥ္ ေတြမွာေတာ့ ပရိသတ္ေတြအေနနဲ႔ သတ္မွတ္ထားတဲ့ ဦးေရအတိုင္း ေဘာလံုးကြင္းေတြထဲမွာ ဝင္ေရာက္ၾကည့္ရႈႏိုင္မွာပဲ ျဖစ္ပါတယ္။
အဂၤလန္အသင္းေတြထဲမွာေတာ့ ရက္ပစ္ဝိန္းကို အိမ္ကြင္းမွာ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္လက္ခံကစားမယ့္ အာဆင္နယ္က ပထမဆံုးပရိသတ္ေတြနဲ႔အတူ ျပန္လည္ကစားမွာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအျဖစ္ေတာ့ လာမယ့္စေနေန႔မွာ ကစားမယ့္ ဝက္စ္ဟမ္းအသင္းက ပရိသတ္ေတြနဲ႔အတူ ကစားခြင့္ရမယ္လို႔ သိရပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေတာ့ ကြင္းအတြင္းမွာ ပရိသတ္ဦးေရ ၄၀၀၀ ေလာက္အထိပဲ ၾကည့္ရႈႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
TalkSports ရဲ႕ေဖာ္ျပခ်က္အရေတာ့ တာဝန္ရွိသူေတြခ်မွတ္ထားတဲ့ စည္းကမ္းေတြအရ သတ္မွတ္ထားတဲ့ အကြာအေဝး အတိုင္းေနထိုင္ၿပီး ေဘာလံုးပရိသတ္ေတြအေနနဲ႔ ပြဲကို ၾကည့္ရႈရမွာပဲျဖစ္ပါတယ္။ အဂၤလန္ႏိုင္ငံရဲ႕ အသင္းငယ္ေတြျဖစ္တဲ့ ကမ္းဘရစ္ခ်္၊ ကာစစၥလီ ၊ လူတန္၊ ရွရႈးဘူရီနဲ႔ ဝိုင္ကြမ္ဘီ ပရိသတ္ေတြဟာ ကြင္းအတြင္းကို ပရိသတ္ေတြျပန္လည္ၾကည့္ ရႈခြင့္ရဖို႔ အတြက္ ဦးေဆာင္လႈပ္ရွားခဲ့တာျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။