ပီအက်စ်ဂျီနဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ ဖရက်ဒ်ရဲ့ကစားပုံကို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား


ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ ကစားဟန် က အစောပိုင်းကတည်းက အနီကတ်ပြစ်ဒဏ်ခံရနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဖရက်ဒ်ဟာ ပထမပိုင်းပွဲကစားချိန်အတွင်း ပီအက်စ်ဂျီကွင်းလယ်လူ ပါရီဒက်စ်ကို ရန်လိုတဲ့ အပြုအမူအဖြစ် ခေါင်းနဲ့ တိုက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ်မပြခဲ့ဘဲ VAR ပြန် ကြည့်ကာ အဝါကတ်ပဲ ပြခဲ့တာ ဖြစ်ပါတယ်။


ပွဲချိန် မိနစ် ၇၀ မှာတော့ ဖရက်ဒ်ဟာ ယူနိုက်တက်ကစားသမားဟောင်း ဟာရဲရားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် နောက်ထပ် အဝါကတ် ထိခဲ့ပြီး နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ပွဲမှာ သရေကျရုံနဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် အိမ်ကွင်းမှာ သုံးဂိုးတစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ရှုံးထွက်အဆင့်တက်ရောက်ဖို့အတွက် နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကိုတော့ လစ်ပ်ဇစ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ယူနိုက်တက်အသင်းနည်းပြ ဖြစ်တဲ့ ဆိုးလ်ရှားက သူအနေနဲ့ အဝါကတ်ပြစ်ဒဏ်ထိထားတဲ့ ကွင်းလယ်လူ ဖရက်ဒ်ကို လူစားလဲခဲ့သင့်တယ် ပြောခဲ့ပါတယ်။ ဖရက်ဒ်ထုတ်ပယ်ခံရချိန်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ဒုတိယဂိုးသွင်းယူပြီး တစ်မိနစ်အကြာမှာပဲ ဖြစ်တာကြောင့် ချေပဂိုးရဖို့အတွက် ခက်ခဲခဲ့သလို နောက်ထပ်အနိုင်ဂိုးသွင်းယူ ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့လည်း ဆိုးလ်ရှားက ပြောခဲ့ပါတယ်။ ချန်ပီယံလိဂ်အုပ်စု(H) မှာတော့ ပီအက်စ်ဂျီ၊ ယူနိုက်တက်နဲ့ လစ်ပ်ဇစ်တို့ဟာ ရမှတ် ၉ မှတ်စီရရှိထားပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အကြိတ်အနယ်ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

zawgyi version

ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အနီကတ္ထိခဲ့တဲ့ ဖရက္ဒ္ရဲ႕ကစားပံုကို ေဝဖန္မႈျပဳလုပ္ခဲ့တဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား
ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက ပီအက္စ္ဂ်ီနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ကြင္းလယ္လူ ဖရက္ဒ္ရဲ႕ ကစားဟန္ က အေစာပိုင္းကတည္းက အနီကတ္ျပစ္ဒဏ္ခံရႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ ဖရက္ဒ္ဟာ ပထမပိုင္းပြဲကစားခ်ိန္အတြင္း ပီအက္စ္ဂ်ီကြင္းလယ္လူ ပါရီဒက္စ္ကို ရန္လိုတဲ့ အျပဳအမူအျဖစ္ ေခါင္းနဲ႔ တိုက္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က တိုက္႐ိုက္ အနီကတ္မျပခဲ့ဘဲ VAR ျပန္ ၾကည့္ကာ အဝါကတ္ပဲ ျပခဲ့တာ ျဖစ္ပါတယ္။
ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဖရက္ဒ္ဟာ ယူႏိုက္တက္ကစားသမားေဟာင္း ဟာရဲရားကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ေနာက္ထပ္ အဝါကတ္ ထိခဲ့ၿပီး ႏွစ္ဝါတစ္နီ နဲ႔ ထုတ္ပယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ပီအက္စ္ဂ်ီနဲ႔ ကစားခဲ့တဲ့ ပြဲမွာ သေရက်ရံုနဲ႔ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္မွာ ျဖစ္ေပမယ့္ အိမ္ကြင္းမွာ သံုးဂိုးတစ္ဂိုးနဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ရႈံးထြက္အဆင့္တက္ေရာက္ဖို႔အတြက္ ေနာက္ဆံုးပြဲစဥ္အထိ ယွဥ္ၿပိဳင္ကစားရေတာ့မွာ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ေနာက္ဆံုးပြဲစဥ္ကိုေတာ့ လစ္ပ္ဇစ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ယူႏိုက္တက္အသင္းနည္းျပ ျဖစ္တဲ့ ဆိုးလ္ရွားက သူအေနနဲ႔ အဝါကတ္ျပစ္ဒဏ္ထိထားတဲ့ ကြင္းလယ္လူ ဖရက္ဒ္ကို လူစားလဲခဲ့သင့္တယ္ ေျပာခဲ့ပါတယ္။ ဖရက္ဒ္ထုတ္ပယ္ခံရခ်ိန္ဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ဒုတိယဂိုးသြင္းယူၿပီး တစ္မိနစ္အၾကာမွာပဲ ျဖစ္တာေၾကာင့္ ေခ်ပဂိုးရဖို႔အတြက္ ခက္ခဲခဲ့သလို ေနာက္ထပ္အႏိုင္ဂိုးသြင္းယူ ျခင္းကို ခံခဲ့ရတာျဖစ္တယ္လို႔လည္း ဆိုးလ္ရွားက ေျပာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္အုပ္စု(H) မွာေတာ့ ပီအက္စ္ဂ်ီ၊ ယူႏိုက္တက္နဲ႔ လစ္ပ္ဇစ္တို႔ဟာ ရမွတ္ ၉ မွတ္စီရရွိထားၿပီး ေနာက္တစ္ဆင့္တက္ဖို႔အတြက္ အႀကိတ္အနယ္ျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။