ပီအက်စ်ဂျီ နဲ့ ကစားမယ့်ပွဲကို ဒီဂီယာ ပါဝင်ကစားနိုင်မယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတည်ပြု

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဂိုးသမား ဒီဂီယာဟာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို ပါဝင်ကစားနိုင်မယ်လို့ ပြောသွားခဲ့ပါတယ်။ စပိန်လက်ရွေးစင်ဂိုးသမားဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ပထမပိုင်းမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ။် သူဟာ ဒူးဒဏ်ရာ ခံစားခဲ့ရတာဖြစ်ပြီး (၁) ပွဲ ဒါမှမဟုတ် (၂) ပွဲလောက်လွဲချော်မယ်လို့ ခန့်မှန်းခဲ့ရပါတယ်။

သို့သော်လည်း ယခုအခါ ဒီဂီယာဟာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီး အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပြီး ကာဗာနီလည်း ကစားရန် ကြံ့ခိုင်မှု ပြည့်ဝနေတာဖြစ်ပါတယ်။

ဆိုးလ်ရှားက “ ဒီဂီယာ ဒီနေ့ အသင်းနဲ့ လေ့ကျင့်ရေးပြန်ဆင်းနေပြီး အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။ ကာဗာနီလည်း ကစားဖို့ အဆင်သင့်ဖြစ်နေပါတယ်” လို့ သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။ လူငယ်ဂိုးသမား ဟန်ဒါဆန်ရဲ့ ဖိအားပေးမှုကို ခံနေရသော်လည်း ဒီဂီယာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ နံပါတ် (၁) ဂိုးသမာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ပီအက္စ္ဂ်ီ နဲ႔ ကစားမယ့္ပြဲကို ဒီဂီယာ ပါ၀င္ကစားႏိုင္မယ္လို႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအတည္ျပဳ

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ဂိုးသမား ဒီဂီယာဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲကို ပါ၀င္ကစားႏိုင္မယ္လို႔ ေျပာသြားခဲ့ပါတယ္။ စပိန္လက္ေရြးစင္ဂိုးသမားဟာ တနဂၤေႏြေန႔က ေဆာက္သမ္တန္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ ပထမပိုင္းမွာ လူစားလဲခံခဲ့ရတာ ျဖစ္ပါတယ။္ သူဟာ ဒူးဒဏ္ရာ ခံစားခဲ့ရတာျဖစ္ၿပီး (၁) ပြဲ ဒါမွမဟုတ္ (၂) ပြဲေလာက္လြဲေခ်ာ္မယ္လို႔ ခန္႔မွန္းခဲ့ရပါတယ္။

သို႔ေသာ္လည္း ယခုအခါ ဒီဂီယာဟာ ၾကံ့ခိုင္မႈ ျပန္လည္ျပည့္၀လာၿပီး အသင္းရဲ႕ လူစာရင္းမွာ ေရြးခ်ယ္ျခင္းခံခဲ့ရၿပီး ကာဗာနီလည္း ကစားရန္ ၾကံ့ခိုင္မႈ ျပည့္၀ေနတာျဖစ္ပါတယ္။

ဆိုးလ္ရွားက “ ဒီဂီယာ ဒီေန႔ အသင္းနဲ႔ ေလ့က်င့္ေရးျပန္ဆင္းေနၿပီး အသင္းရဲ႕ လူစာရင္းမွာ ပါ၀င္လာမွာျဖစ္ပါတယ္။ ကာဗာနီလည္း ကစားဖို႔ အဆင္သင့္ျဖစ္ေနပါတယ္” လို႔ သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။ လူငယ္ဂိုးသမား ဟန္ဒါဆန္ရဲ႕ ဖိအားေပးမႈကို ခံေနရေသာ္လည္း ဒီဂီယာဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းရဲ႕ နံပါတ္ (၁) ဂိုးသမာ ျဖစ္ေနဆဲ ျဖစ္ပါတယ္။