ယူနိုက်တက်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲကို ပီအက်စ်ဂျီအသင်းအနေနဲ့ ဗိုလ်လုပွဲလို စိတ်ထည့်ကစားရန် လိုအပ်တယ်လို့ သတိပေးလိုက်တဲ့ ကွင်းလယ်လူ ဗာရက်တီ

ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဗာရက်တီက ယူနိုက်တက် နဲ့ ကစားမယ့်ပွဲကို သူ့အသင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မနေနဲ့လို့ ပြောသွားခဲ့ပါတယ်။အိုးထရက်ဖိုဒ့်ကို သွားကစားမယ့် ပီအက်စ်ဂျီအသင်းဟာ နောက်တစ်ဆင့် တက်ရောက်ရေးအတွက် အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကနေ သရေ တစ်မှတ်ရရင်ပဲ နောက်တစ်ဆင့် ကို တက်နိုင်မှာပါ။ ဗာရက်တီက ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်းမှာ ပိုကောင်းနေတာဖြစ်ပေမယ့် သူ့အသင်းအနေနဲ့ အပြည့်အ၀ အာရုံစိုက်ကစားမယ်လို့ မျှော်လင့်နေပါတယ်။

“ ဒီပွဲက ဗိုလ်လုပွဲလိုပါပဲ။ အားလုံးက ဒီပွဲကို ကစားဖို့ အာရုံစိုက်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဟာ ကွင်းကောင်းတစ်ကွင်းမှာ အသင်းကြီးတစ်သင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်ဖို့အတွက် အရေးကြီးပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်ဖို့ ကျွန်တော်တို့ အများကြီးလုပ်ရပါမယ်။ သူတို့ကို အနိုင်ရဖို့အတွက် ကျွန်တော်တို့ ၁၅၀ ရာခိုင်နှုန်းလောက် ကြိုးစားကစားရမှာပါ။

ပီအက်စ်ဂျီလို အသင်းကြီးမျိုးမှာက ဖိအားတွေ အမြဲတမ်းရှိပါတယ်။ ပွဲတိုင်းက အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ အုပ်စုအတွင်း (၂) ပွဲရှုံးထားပြီးပါပြီ။ နောက်တစ်ပွဲရှုံးလို့ မရပါဘူး။ ကွင်းထဲမှာ အားကုန်ထုတ်ကစားပြီး ရလဒ်ကို စောင့်ကြည့်ကြတာပေါ့။ ပွဲတိုင်းမှာ အခက်အခဲမျိုးစုံရှိပါတယ်။ ကျွန်တော်တို့မှာလည်း မတူညီတဲ့ အခက်အခဲတွေရှိပေမယ့် အခုတော့ အားလုံးကို မေ့ထားရမှာပါ။ ဆင်ခြေတွေ မလိုပါဘူး။ မနက်ဖြန်ကို အနိုင်ရမှပဲ ဖြစ်မှာပါ” လို့ ဗာရက်တီက ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ယူႏိုက္တက္အသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲကို ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဗိုလ္လုပြဲလို စိတ္ထည့္ကစားရန္ လိုအပ္တယ္လို႔ သတိေပးလိုက္တဲ့ ကြင္းလယ္လူ ဗာရက္တီ

ပီအက္စ္ဂ်ီအသင္းရဲ႕ ကြငး္လယ္ၾကယ္ပြင့္ ဗာရက္တီက ယူႏိုက္တက္ နဲ႔ ကစားမယ့္ပြဲကို သူ႔အသင္းအေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ေက်နပ္မေနနဲ႔လို႔ ေျပာသြားခဲ့ပါတယ္။အိုးထရက္ဖိုဒ့္ကို သြားကစားမယ့္ ပီအက္စ္ဂ်ီအသင္းဟာ ေနာက္တစ္ဆင့္ တက္ေရာက္ေရးအတြက္ အႏိုင္ရဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကေန သေရ တစ္မွတ္ရရင္ပဲ ေနာက္တစ္ဆင့္ ကို တက္ႏိုင္မွာပါ။ ဗာရက္တီက ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ အိမ္ကြင္းထက္ အေ၀းကြင္းမွာ ပိုေကာင္းေနတာျဖစ္ေပမယ့္ သူ႔အသင္းအေနနဲ႔ အျပည့္အ၀ အာရံုစိုက္ကစားမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

“ ဒီပြဲက ဗိုလ္လုပြဲလိုပါပဲ။ အားလံုးက ဒီပြဲကို ကစားဖို႔ အာရံုစိုက္ေနၿပီလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ကြင္းေကာင္းတစ္ကြင္းမွာ အသင္းႀကီးတစ္သင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။ ဒီအဆင့္ကို ေက်ာ္ဖို႔အတြက္ အေရးႀကီးပါတယ္။ ပြဲေကာင္းတစ္ပြဲျဖစ္ဖို႔ ကၽြန္ေတာ္တို႔ အမ်ားႀကီးလုပ္ရပါမယ္။ သူတို႔ကို အႏိုင္ရဖို႔အတြက္ ကၽြန္ေတာ္တို႔ ၁၅၀ ရာခိုင္ႏႈန္းေလာက္ ႀကိဳးစားကစားရမွာပါ။

ပီအက္စ္ဂ်ီလို အသင္းႀကီးမ်ိဳးမွာက ဖိအားေတြ အၿမဲတမ္းရွိပါတယ္။ ပြဲတိုင္းက အေရးႀကီးပါတယ္။ ကၽြန္ေတာ္တို႔ဟာ အုပ္စုအတြင္း (၂) ပြဲရႈံးထားၿပီးပါၿပီ။ ေနာက္တစ္ပြဲရႈံးလို႔ မရပါဘူး။ ကြင္းထဲမွာ အားကုန္ထုတ္ကစားၿပီး ရလဒ္ကို ေစာင့္ၾကည့္ၾကတာေပါ့။ ပြဲတိုင္းမွာ အခက္အခဲမ်ိဳးစံုရွိပါတယ္။ ကၽြန္ေတာ္တို႔မွာလည္း မတူညီတဲ့ အခက္အခဲေတြရွိေပမယ့္ အခုေတာ့ အားလံုးကို ေမ့ထားရမွာပါ။ ဆင္ေျခေတြ မလိုပါဘူး။ မနက္ျဖန္ကို အႏိုင္ရမွပဲ ျဖစ္မွာပါ” လို႔ ဗာရက္တီက ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့တာျဖစ္ပါတယ္။