တံကောက်ကြော ဒဏ်ရာကြောင့် ဂိုးသမား အလစ်ဆန် (၂) ပတ်လောက် အနားယူရမယ်လို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်အတည်ပြု

လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က တံကောက်ကြော ဒဏ်ရာရရှိခဲ့တဲ့ အလစ်ဆန်ဟာ (၂) ပတ်လောက် အနားယူရမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းရဲ့ ဆေးဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့အပတ်တွေကတည်းက အလုပ်တွေရှုပ်နေတာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာလည်း ဂျိမ်းစ်မီလ်နာ လည်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အေဂျက်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လူငယ်ဂိုးသမား ကယ်လီဟာကို ပွဲထွက်စေခဲ့ပြီး အလစ်ဆန်ဟာ ဗန်ဒိုက်ချ်၊ သီယာဂို နဲ့ အာနိုလ်းတို့လို ကုသမှု ခံယူရဖွယ်ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အေဂျက်အသင်းနဲ့ ကစားတဲ့ ပွဲမတိုင်မီ ကလော့ပ်က “ သူဟာ ဘရိုက်တန်အသင်းနဲ့ ပွဲအပြီးမှာ သူဟာ တံကောက်ကြောဒဏ်ရာ ရတယ်လို့ ခံစားခဲ့ရတာကို ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ နည်းနည်းလေးပဲ ဖြစ်ပေမယ့် ဒီနေ့နဲ့ နောက်တစ်ပတ်လောက်အထိ သူ အနားယူရမှာပါ။ ကျွန်တော်တို့ လည်း စောင့်ကြည့်နေပါတယ်။ တံကောက်ကြောဒဏ်ရာက ၄ ရက် ၊ ၅ ရက်နဲ့ သက်သာတာကို ကျွန်တော်တစ်ခါမှ မကြားဖူးပါဘူး။ ဒါကြောင့် ၁၀ ရက် ကနေ ၁၄ ရက်အထိ ကြာမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဒါ့ကြောင့် အလစ်ဆန်ဟာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ ဝုလ်ဗ် ၊ ဖူလ်ဟမ်အသင်းတို့နဲ့ပွဲတွေကို လွဲချော်မှာဖြစ်ပြီး ကြားထဲက ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ မစ်ဂျဲလ်လန်နဲ့ ပွဲကိုလည်း လွဲမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဘရာဇီးဂိုးသမားဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကစားမယ့် စပါးအသင်းနဲ့ ပွဲကိုတော့ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ဂိုးသမား အလစ္ဆန္ (၂) ပတ္ေလာက္ အနားယူရမယ္လို႔ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္အတည္ျပဳ

လီဗာပူးလ္နည္းျပယာဂင္ကေလာ့ပ္က တံေကာက္ေၾကာ ဒဏ္ရာရရွိခဲ့တဲ့ အလစ္ဆန္ဟာ (၂) ပတ္ေလာက္ အနားယူရမယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။ ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံအသင္းရဲ႕ ေဆး၀န္ထမ္းေတြဟာ ၿပီးခဲ့တဲ့အပတ္ေတြကတည္းက အလုပ္ေတြရႈပ္ေနတာျဖစ္ပါတယ္။ ဘ႐ိုက္တန္အသင္းနဲ႔ သေရက်ခဲ့တဲ့ပြဲမွာလည္း ဂ်ိမ္းစ္မီလ္နာ လည္း တံေကာက္ေၾကာဒဏ္ရာ ရရွိခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ေအဂ်က္အသင္းကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ လူငယ္ဂိုးသမား ကယ္လီဟာကို ပြဲထြက္ေစခဲ့ၿပီး အလစ္ဆန္ဟာ ဗန္ဒိုက္ခ်္၊ သီယာဂို နဲ႔ အာႏိုလ္းတို႔လို ကုသမႈ ခံယူရဖြယ္ရွိတယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ေအဂ်က္အသင္းနဲ႔ ကစားတဲ့ ပြဲမတိုင္မီ ကေလာ့ပ္က “ သူဟာ ဘ႐ိုက္တန္အသင္းနဲ႔ ပြဲအၿပီးမွာ သူဟာ တံေကာက္ေၾကာဒဏ္ရာ ရတယ္လို႔ ခံစားခဲ့ရတာကို ကၽြန္ေတာ္တို႔ကို ေျပာခဲ့ပါတယ္။ နည္းနည္းေလးပဲ ျဖစ္ေပမယ့္ ဒီေန႔နဲ႔ ေနာက္တစ္ပတ္ေလာက္အထိ သူ အနားယူရမွာပါ။ ကၽြန္ေတာ္တို႔ လည္း ေစာင့္ၾကည့္ေနပါတယ္။ တံေကာက္ေၾကာဒဏ္ရာက ၄ ရက္ ၊ ၅ ရက္နဲ႔ သက္သာတာကို ကၽြန္ေတာ္တစ္ခါမွ မၾကားဖူးပါဘူး။ ဒါေၾကာင့္ ၁၀ ရက္ ကေန ၁၄ ရက္အထိ ၾကာမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”  လို႔ ေျပာသြားခဲ့ပါတယ္။

ဒါ့ေၾကာင့္ အလစ္ဆန္ဟာ လီဗာပူးလ္အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲေတြျဖစ္တဲ့ ဝုလ္ဗ္ ၊ ဖူလ္ဟမ္အသင္းတို႔နဲ႔ပြဲေတြကို လြဲေခ်ာ္မွာျဖစ္ၿပီး ၾကားထဲက ခ်န္ပီယံလိဂ္ပြဲျဖစ္တဲ့ မစ္ဂ်ဲလ္လန္နဲ႔ ပြဲကိုလည္း လြဲမွာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဘရာဇီးဂိုးသမားဟာ ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာ ကစားမယ့္ စပါးအသင္းနဲ႔ ပြဲကိုေတာ့ ျပန္လည္ပါ၀င္ႏိုင္ဖြယ္ရွိေနပါတယ္။