ယူနိုက်တက်အသင်းအတွက် ပွဲကစားခွင့်ရဖို့ စောင့်ဆိုင်းခဲ့ရတာကို ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ဘူးလို့ ဝန်ခံပြောကြားသွားခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်

ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်က အသင်းအတွက် ကစားခွင့်ရဖို့ စောင့်ဆိုင်းခဲ့ရတာကို စိတ်ပျက်ခြင်းမရှိခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အေဂျက်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း ဗန်ဒီဘိခ်ဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန်အသင်းကို အနောက်ကနေ လိုက်ကစားပြီး အနိုင်ရခဲ့တဲ့ပွဲမှသာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့သူပါ။

အဲ့ဒီပွဲမှာ ဟော်လန်လက်ရွေးစင်ကစားသမားဟာ ခြေစွမ်းပြကစားခဲ့ပြီး နောက်လာမယ့် ဗုဒ္ဓဟူးနေ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ စိတ်ပျက်ခဲ့သလားလို့ မေးမြန်းခဲ့ရာ “ လုံးဝစိတ်မပျက်ခဲ့ပါဘူး၊ တစ်ကယ်ပါ။ ကျွန်တော့်အလုပ်က နေ့တိုင်းအလုပ်ကြိုးကြိုးစားစား လုပ်ပြီး အသင်းအတွက် တစ်စုံတစ်ရာ လုပ်ပေးဖို့ပါပဲ။ ပြီးတော့ အသင်းကို ကျွန်တော် အများကြီး ကူညီနိုင်ခဲ့ပါတယ်။ ကျွန်တော် စိတ်ရှည်ခဲ့ပါတယ်” လို့ ဗန်ဒီဘိခ်က ပြန်လည်ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် (၃) ယောက်အတွဲ ဘယ်နေရာမှာ မဆို ကစားနိုင်တဲ့အပေါ် ပျော်ရွှင်တယ်လို့လည်း ထပ်ပြောသွားခဲ့ပါတယ်။ “ ဒါက တစ်ကယ်ကောင်းပါတယ်။ အေဂျက်မှာလည်း အဲ့ဒီလို ကစားခဲ့ဖူးပါတယ်။ ကျွန်တော် မတူညီတဲ့ နေရာတော်တော်များများမှာ ကစားခဲ့ပါတယ်။ ကျွန်တော်ဟာ နံပါတ် (၁၀) ၊ နံပါတ် (၆) အဖြစ်လည်း ကစားခဲ့လို့ အသားကျနေပါပြီ” လို့ ထပ်ပြီးပြောခဲ့တာဖြစ်ပါတယ်။

ယူႏိုက္တက္အသင္းအတြက္ ပြဲကစားခြင့္ရဖို႔ ေစာင့္ဆိုင္းခဲ့ရတာကို ဘယ္တုန္းကမွ စိတ္မပ်က္ခဲ့ဘူးလို႔ ၀န္ခံေျပာၾကားသြားခဲ့တဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္

ယူႏိုက္တက္ ကြင္းလယ္လူ ဗန္ဒီဘိခ္က အသင္းအတြက္ ကစားခြင့္ရဖို႔ ေစာင့္ဆိုင္းခဲ့ရတာကို စိတ္ပ်က္ျခင္းမရွိခဲ့ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုနး္က ေအဂ်က္အသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၄၀ နဲ႔ ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဗန္ဒီဘိခ္ဟာ တနဂၤေႏြေန႔က ေဆာက္သမ္တန္အသင္းကို အေနာက္ကေန လိုက္ကစားၿပီး အႏိုင္ရခဲ့တဲ့ပြဲမွသာ ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ပထမဆံုးပြဲထြက္ကစားခြင့္ရခဲ့သူပါ။

အဲ့ဒီပြဲမွာ ေဟာ္လန္လက္ေရြးစင္ကစားသမားဟာ ေျခစြမ္းျပကစားခဲ့ၿပီး ေနာက္လာမယ့္ ဗုဒၶဟူးေန႔ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာလည္း ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ကစားခြင့္ရမယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ စိတ္ပ်က္ခဲ့သလားလို႔ ေမးျမန္းခဲ့ရာ “ လံုး၀စိတ္မပ်က္ခဲ့ပါဘူး၊ တစ္ကယ္ပါ။ ကၽြန္ေတာ့္အလုပ္က ေန႔တိုင္းအလုပ္ႀကိဳးႀကိဳးစားစား လုပ္ၿပီး အသင္းအတြက္ တစ္စံုတစ္ရာ လုပ္ေပးဖို႔ပါပဲ။ ၿပီးေတာ့ အသင္းကို ကၽြန္ေတာ္ အမ်ားႀကီး ကူညီႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္ စိတ္ရွည္ခဲ့ပါတယ္” လို႔ ဗန္ဒီဘိခ္က ျပန္လည္ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ (၃) ေယာက္အတြဲ ဘယ္ေနရာမွာ မဆို ကစားႏိုင္တဲ့အေပၚ ေပ်ာ္ရႊင္တယ္လို႔လည္း ထပ္ေျပာသြားခဲ့ပါတယ္။ “ ဒါက တစ္ကယ္ေကာင္းပါတယ္။ ေအဂ်က္မွာလည္း အဲ့ဒီလို ကစားခဲ့ဖူးပါတယ္။ ကၽြန္ေတာ္ မတူညီတဲ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ကစားခဲ့ပါတယ္။ ကၽြန္ေတာ္ဟာ နံပါတ္ (၁၀) ၊ နံပါတ္ (၆) အျဖစ္လည္း ကစားခဲ့လို႔ အသားက်ေနပါၿပီ” လို႔ ထပ္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။