ဒီနေ့ည ကစားမယ့် ယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ကာဗာနီ ခြေစွမ်းမပြရန် မျှော်လင့်နေတဲ့ ပီအက်စ်ဂျီနည်းပြ တူချယ်

ပီအက်စ်ဂျီနည်းပြသောမတ်စ်တူချယ်က ဒီနေ့ည ကစားမယ့် ယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ တိုက်စစ်မှူးဟောင်း ကာဗာနီ ပွဲအစကတည်းက ပါဝင်ကစားမယ်လို့ မျှော်လင့်နေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖိုဒ့်မှာ အရေးပါတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲ တစ်ပွဲကို ကစားရမှာ ဖြစ်ပါတယ်။

တူချယ်က “ တိုက်စစ်မှူးတစ်ယောက်မှာ သူ့ရဲ့ အရည်အသွေးနဲ့ အမြဲတမ်းအသင်းအတွက် အရာရာကို ပေးဆပ်မယ့်ဆိုတဲ့ ဒီလို ခံယူချက်မျိုးက ရှားပါးပါတယ်။ သူ့မှာ ကြံ့ခိုင်မှု အပြည့်လည်း ရှိပြီး ဂိုးတွေသွင်းတာက သူ့ရဲ့ ပင်ကိုယ်ဗီဇပါပဲ။ သူဟာ ၂၄ နာရီ ၁ ပတ်စလုံး အမြဲအားပါတယ်။ သူ့ကို ညဘက်မှာတောင်ခေါ်မယ်ဆိုရင် သူဟာ အသင်းအတွက် အကောင်းဆုံးကစားပေးပြီး ဂိုးတွေ သွင်းပေးဦးမှာပါ။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးကို ကျွန်တော်နှစ်သက်ပါတယ်။

သူဟာ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံးပွဲ ဆောက်သမ်တန်နဲ့ ပွဲမှာ ပရိသတ်တွေကို သူဘယ်လို လုပ်နိုင်သလဲဆိုတာကို ပြသခဲ့ပါတယ်။ အဲ့ဒီလိုမျိုး မနက်ဖြန်မှာ သူလုပ်ပြဖို့ မလိုပါဘူး။ သူလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ အစောကြီးကတည်းက သိထားပါတယ်။ တစ်ကယ်လို့ သူလုပ်မယ်ဆိုရင်ကျွန်တော်တို့ အဖြေရှာရပါမယ်” လို့ ပြောသွားခဲ့ပါတယ်။



