အေဂျက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲက ကျွန်တော်ရဲ့ အကောင်းဆုံး ချန်ပီယံလိဂ်ပွဲတွေထဲက တစ်ပွဲလို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က အေဂျက်အသင်းကို အနိုင်ရခဲ့တဲ့ အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲဟာ လီဗာပူးလ်နည်းပြအဖြစ် အကောင်းဆုံး ဥရောပ ည တစ်ည ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ (၁-ဝ) နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ပြီဖြစ်ပါတယ်။

“ ကျွန်တော် လီဗာပူးလ်ကို စရောက်ကတည်းက ဒီညဟာ အကောင်းဆုံး ချန်ပီယံလိဂ်ည တစ်ည ဖြစ်ပါတယ်။ ပရိသတ်တွေ မပါတော့ ပိုပြီး အရေးကြီးခဲ့ပြီး ပိုပြီးခက်ခဲခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။ အခြေအနေတွေက အလှည့်အပြောင်းဖြစ်ခဲ့ပြီး လူငယ်တွေနဲ့ ကစားခဲ့ရပါတယ်။ ကာတစ်ဂျုံးစ်ဆိုရင် အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်” လို့ ယာဂင်ကလော့ပ်က ပွဲအပြီးမှာ သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။


