ပေါ်တိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့သော်လည်း အကောင်းဆုံးကစားနိုင်ခဲ့တဲ့တယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပေါ်တိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာက သူ့အသင်းကို ချန်ပီယံလိဂ်အုပ်စုထိပ်ဆုံးမှာ ရပ်တည်ခွင့်ရတယ်လို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ကစားရန် (၂) ပွဲကျန်ရှိနေချိန်မှာ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပေါ်တိုအသင်းကလည်း (၁) မှတ်ရရင် အုပ်စုအဆင့်ကနေ တက်ရောက်မှာဖြစ်လို့ မန်စီးတီးအသင်းကို အကောင်းဆုံးခံစစ်အသွင်အပြင်နဲ့ ကစားသွားခဲ့ပေမယ့် ဂွါဒီယိုလာက ပိုပြီး ပျော်ရွှင်နေပါတယ်။

“ ကျွန်တော်တို့ တိုက်စစ်ဆင်ခဲ့ပြီး ထောင့်ကန်ဘောနဲ့ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်တောင် သူတို့ကို မပေးခဲ့ရပါဘူး။ ပေါ်တူဂီ အမှတ်ပေးလိဂ်မှာဆိုရင် ဘင်ဖီကာ နဲ့အတူ သူတို့အသင်းက အကောင်းဆုံးအသင်းဖြစ်ပါတယ်။

သူတို့မှာ ကြံ့ခိုငမှု အပြည့်ရှိပြီး လျင်မြန်မှုတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပါတယ်။ ကံမကောင်းလို့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒီအုပ်စုအဆင့်ကနေ တက်ရောက်ဖို့က အရေးအကြီးဆုံးပါ။ ကျွန်တော်ပျော်ပါတယ်။ ပေါ်တိုလည်း အတူတူပဲလို့ ကျွန်တော်ထင်ပါတယ်” လို့ ဂွါဒီယိုလာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ေပၚတိုအသင္းနဲ႔ ဂိ္ုးမရွိသေရက်ခဲ့ေသာ္လည္း အေကာငး္ဆံုးကစားႏိုင္ခဲ့တဲ့တယ္လို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ေပၚတိုအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တာက သူ႔အသင္းကို ခ်န္ပီယံလိဂ္အုပ္စုထိပ္ဆံုးမွာ ရပ္တည္ခြင့္ရတယ္လို႔ ေျပာသြားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ကစားရန္ (၂) ပြဲက်န္ရွိေနခ်ိန္မွာ ရႈံးထြက္ (၁၆) သင္းအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ေပၚတိုအသင္းကလည္း (၁) မွတ္ရရင္ အုပ္စုအဆင့္ကေန တက္ေရာက္မွာျဖစ္လို႔ မန္စီးတီးအသင္းကို အေကာင္းဆံုးခံစစ္အသြင္အျပင္နဲ႔ ကစားသြားခဲ့ေပမယ့္ ဂြါဒီယိုလာက ပိုၿပီး ေပ်ာ္ရႊင္ေနပါတယ္။

“ ကၽြန္ေတာ္တို႔ တိုက္စစ္ဆင္ခဲ့ၿပီး ေထာင့္ကန္ေဘာနဲ႔ ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္ေတာင္ သူတို႔ကို မေပးခဲ့ရပါဘူး။ ေပၚတူဂီ အမွတ္ေပးလိဂ္မွာဆိုရင္ ဘင္ဖီကာ နဲ႔အတူ သူတို႔အသင္းက အေကာင္းဆံုးအသင္းျဖစ္ပါတယ္။

သူတို႔မွာ ၾကံ့ခိ္ုငမႈ အျပည့္ရွိၿပီး လ်င္ျမန္မႈေတြလည္း ရွိပါတယ္။ ကၽြန္ေတာ္တို႔ အမွားအယြင္းမရွိ ကစားႏိုင္ခဲ့ပါတယ္။ ကံမေကာင္းလို႔ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဒီအုပ္စုအဆင့္ကေန တက္ေရာက္ဖို႔က အေရးအႀကီးဆံုးပါ။ ကၽြန္ေတာ္ေပ်ာ္ပါတယ္။ ေပၚတိုလည္း အတူတူပဲလို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ ဂြါဒီယိုလာက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။