ကာဗာနီက ဆိုးလ်ရှားအတွက် လိုအပ်နေတဲ့ သူရဲကောင်း လို့ဆိုလိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ပေါလ်အင့်စ်

ယူနိုက်တက် နဲ့ လီဗာပူးလ်ကစားသမားဟောင်း ပေါလ်အင့်စ် က ကာဗာနီက နည်းပြဆိုးလ်ရှားအတွက် လိုအပ်နေတဲ့ တိုက်စစ်မှူး ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက ယူနိုက်တက်အသင်းဟာ ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက ်လမ်းခွဲခဲ့သူပါ။ ကာဗာနီဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းက ဆောက်သမ်တန်အသင်းကို ပထမပိုင်းမှာ (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပြီးမှ (၂) ဂိုးသွင်း (၁) ဂိုးဖန်တီးကာ (၃-၂) နဲ့ နိုင်ပွဲရစေခဲ့သူ ဖြစ်ပါတယ်။

“ နားထောင်ကြပါဦး ၊ သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို နေရာမှန်မှာ ထားကစားမယ်ဆိုရင် သူဟာ ဂိုးတွေသွင်းပေးမယ့်သူပါ။ သူဟာ ယူနိုက်တက်အသင်းက လိုအပ်နေတဲ့ ကစားသမားတစ်ယောက်၊ ဗဟိုတိုက်စစ်မှူးတစ်ယောက် ဖြစ်ပါတယ်။ မာရှယ်လ်က ဗဟိုတိုက်စစ်မှူးတစ်ယောက်မဟုတ်ပါဘူး။

သူဟာ တောင်ပံတွေကနေလည်း ကစားနိုင်ပေမယ့် ဗဟိုတိုက်စစ်မှူး ပဲ ဖြစ်ပါတယ်။ သူတို့က အီဟာလို နဲ့ ကြိုးစားခဲ့သေးပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ကာဗာနီကတော့ ကမ္ဘာ့အဆင့်ပါ။ သူ့မှာ ဂိုးသွင်းမယ့် အသိညဏ်ရှိပါတယ်။ ကျွန်တော်ကတော့ သူဟာ ယူနိုက်တက်အသင်းအတွက် ဒီနှစ် ဂိုးတွေ အများကြီးသွင်းပေးမယ်လို့ ထင်နေပါတယ်” လို့ ပေါလ်အင့်စ်က သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

ကာဗာနီက ဆိုးလ္ရွားအတြက္ လိုအပ္ေနတဲ့ သူရဲေကာင္း လို႔ဆိုလိုက္တဲ့ ယူႏိုက္တက္ ကစားသမားေဟာင္း ေပါလ္အင့္စ္

ယူႏိုက္တက္ နဲ႔ လီဗာပူးလ္ကစားသမားေဟာင္း ေပါလ္အင့္စ္ က ကာဗာနီက နည္းျပဆိုးလ္ရွားအတြက္ လိုအပ္ေနတဲ့ တိုက္စစ္မွဴး ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေနာက္ဆံုးရက္တုန္းက ယူႏိုက္တက္အသင္းဟာ ကာဗာနီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သူဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးၿပီးေနာက ္လမ္းခြဲခဲ့သူပါ။ ကာဗာနီဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းက ေဆာက္သမ္တန္အသင္းကို ပထမပိုင္းမွာ (၂-၀) နဲ႔ ရႈံးနိမ့္ခဲ့ၿပီးမွ (၂) ဂိုးသြင္း (၁) ဂိုးဖန္တီးကာ (၃-၂) နဲ႔ ႏိုင္ပြဲရေစခဲ့သူ ျဖစ္ပါတယ္။

“ နားေထာင္ၾကပါဦး ၊ သူဟာ ကမာၻ႕အဆင့္ တိုက္စစ္မွဴးတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ကို ေနရာမွန္မွာ ထားကစားမယ္ဆိုရင္ သူဟာ ဂိုးေတြသြင္းေပးမယ့္သူပါ။ သူဟာ ယူႏိုက္တက္အသင္းက လိုအပ္ေနတဲ့ ကစားသမားတစ္ေယာက္၊ ဗဟိုတိုက္စစ္မွဴးတစ္ေယာက္ ျဖစ္ပါတယ္။ မာရွယ္လ္က ဗဟိုတိုက္စစ္မွဴးတစ္ေယာက္မဟုတ္ပါဘူး။

သူဟာ ေတာင္ပံေတြကေနလည္း ကစားႏိုင္ေပမယ့္ ဗဟိုတိုက္စစ္မွဴး ပဲ ျဖစ္ပါတယ္။ သူတို႔က အီဟာလို နဲ႔ ႀကိဳးစားခဲ့ေသးေပမယ့္ အလုပ္မျဖစ္ခဲ့ပါဘူး။ ကာဗာနီကေတာ့ ကမာၻ႕အဆင့္ပါ။ သူ႔မွာ ဂိုးသြင္းမယ့္ အသိညဏ္ရွိပါတယ္။ ကၽြန္ေတာ္ကေတာ့ သူဟာ ယူႏိုက္တက္အသင္းအတြက္ ဒီႏွစ္ ဂိုးေတြ အမ်ားႀကီးသြင္းေပးမယ္လို႔ ထင္ေနပါတယ္” လို႔ ေပါလ္အင့္စ္က သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။