ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ ဂျီရူး နဲ့ အီမာဆင် တို့ကို ဂျူဗင်တပ်စ်ခေါ်ယူရန် မျက်စိကျနေ

ဂျူဗင်တပ်စ်အသင်းဟာ ချဲလ်ဆီးကစားသမား (၂) ယောက်ဖြစ်တဲ့ ဂျီရူး နဲ့ အီမာဆင်တို့ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ နည်းပြပီယာလိုရဲ့ ပထမဆုံးရာသီမှာ အသင်းဟာ အမှတ်ပေးဇယား အဆင့် (၄) နေရာကို ရောက်နေခဲ့လို့ ကစားသမားအင်အားဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။

သတင်းများအရ ပီယာလိုဟာ ဂျီရူး နဲ့ အီမာဆင်အပြင် ဆာဆူအိုလိုက လိုကာတယ်လီ နဲ့ အူဒီးနီစ့်အသ်းက ဒီပေါလ်တို့ကိုလည်း မျက်စိကျနေတယ်လို့ သိရပါတယ်။ ဂျီရူးဟာ မနှစ်ကတည်းက ချဲလ်ဆီးအသင်းကနေ ထွက်ခွာရန် သတင်းတွေထွက်ခဲ့ပြီး ပြင်သစ်အသင်းရဲ့ ယူရို ၂၀၂၀ လူစာရင်းမှာ ပါဝင်ခွင့်ရရှိရန်အတွက် ပွဲကစားချိန်ပိုရရှိဖို့ လိုအပ်နေသူဖြစ်ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် တစ်ပွဲတောင် ပွဲထွက်ကစားခွင့်မရထားလို့ သူ့အခြေအနေက စိုးရိမ်စရာဖြစ်နေတယ်လို့ မကြာသေးခင်က ပြောခဲ့ပါသေးတယ်။

“ ကျွန်တော့်ကိုယ် ကျွန်တော် ချဲလ်ဆီးအသင်းရဲ့ အခန်းကဏ္ဍမှာ ပါဝင်သေးတယ်လို့ ထင်နေပေမယ့် ပွဲကစားချိန်က ပိုနည်းလာပါတယ်။ ပြောင်းလဲဖို့ ဒါမှမဟုတ် ဆုံးဖြတ်ချက် တစ်ခုတော့ ချမှကို ဖြစ်တော့မှာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

အီတလီလက်ရွေးစင်နောက်ခံလူ အီမာဆင်ကတော့ ချဲလ်ဆီးအသင်းမှာ ဘင်ချီဝဲလ် နဲ့ မားကိုစ့်အလွန်ဆိုတို့ နောက်မှသာ ကစားခွင့်ရမှာဖြစ်လို့ ဒီရာသီမှာ လူစားဝင်ကစားခွင့်ရဖို့ တောင် အနိုင်နိုင်ဖြစ်နေသူပါ။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် (၅) ပွဲကစားထားပေမယ့် စုစုပေါင်း (၁၅၈) မိနစ်ပဲ ကစားခွင့်ရထားသူ ဖြစ်ပါတယ်။

ခ်ဲလ္ဆီးကစားသမားေတြျဖစ္တဲ့ ဂ်ီ႐ူး နဲ႔ အီမာဆင္ တို႔ကို ဂ်ဴဗင္တပ္စ္ေခၚယူရန္ မ်က္စိက်ေန

ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်ဲလ္ဆီးကစားသမား (၂) ေယာက္ျဖစ္တဲ့ ဂ်ီ႐ူး နဲ႔ အီမာဆင္တို႔ကို လာမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေခၚယူရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ နည္းျပပီယာလိုရ႕ဲ ပထမဆံုးရာသီမွာ အသင္းဟာ အမွတ္ေပးဇယား အဆင့္ (၄) ေနရာကို ေရာက္ေနခဲ့လို႔ ကစားသမားအင္အားျဖည့္တင္းခ်င္ေနတာ ျဖစ္ပါတယ္။

သတင္းမ်ားအရ ပီယာလိုဟာ ဂ်ီ႐ူး နဲ႔ အီမာဆင္အျပင္ ဆာဆူအိုလိုက လိုကာတယ္လီ နဲ႔ အူဒီးနီစ့္အသ္းက ဒီေပါလ္တို႔ကိုလည္း မ်က္စိက်ေနတယ္လို႔ သိရပါတယ္။ ဂ်ီ႐ူးဟာ မႏွစ္ကတည္းက ခ်ဲလ္ဆီးအသင္းကေန ထြက္ခြာရန္ သတင္းေတြထြက္ခဲ့ၿပီး ျပင္သစ္အသင္းရဲ႕ ယူ႐ို ၂၀၂၀ လူစာရင္းမွာ ပါ၀င္ခြင့္ရရွိရန္အတြက္ ပြဲကစားခ်ိန္ပိုရရွိဖို႔ လိုအပ္ေနသူျဖစ္ပါတယ္။ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ တစ္ပြဲေတာင္ ပြဲထြက္ကစားခြင့္မရထားလို႔ သူ႔အေျခအေနက စိုးရိမ္စရာျဖစ္ေနတယ္လို႔ မၾကာေသးခင္က ေျပာခဲ့ပါေသးတယ္။

“ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ ခ်ဲလ္ဆီးအသင္းရဲ႕ အခန္းက႑မွာ ပါ၀င္ေသးတယ္လို႔ ထင္ေနေပမယ့္ ပြဲကစားခ်ိန္က ပိုနည္းလာပါတယ္။ ေျပာင္းလဲဖို႔ ဒါမွမဟုတ္ ဆံုးျဖတ္ခ်က္ တစ္ခုေတာ့ ခ်မွကို ျဖစ္ေတာ့မွာပါ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

အီတလီလက္ေရြးစင္ေနာက္ခံလူ အီမာဆင္ကေတာ့ ခ်ဲလ္ဆီးအသင္းမွာ ဘင္ခ်ီဝဲလ္ နဲ႔ မားကိုစ့္အလြန္ဆိုတို႔ ေနာက္မွသာ ကစားခြင့္ရမွာျဖစ္လို႔ ဒီရာသီမွာ လူစား၀င္ကစားခြင့္ရဖို႔ ေတာင္ အႏိုင္ႏိုင္ျဖစ္ေနသူပါ။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ (၅) ပြဲကစားထားေပမယ့္ စုစုေပါင္း (၁၅၈) မိနစ္ပဲ ကစားခြင့္ရထားသူ ျဖစ္ပါတယ္။