နောက်နှစ်နွေရာသီမှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် နီးစပ်နေတဲ့ ချဲလ်ဆီးအသင်း

ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို ချဲလ်ဆီးအသင်းဟာ နောက်ရာသီမတိုင်မီ ခေါ်ယူရန် ရေပန်းစားနေပါတယ်။ သတင်းများအရ အလာဘာကို ၂၀၂၁ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ချဲလ်ဆီးအသင်းက အရှေ့ဆုံးကို ရောက်နေတာ ဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံပြီး အကြိုသဘောတူညီမှု ရရန် လုပ်ဆောင်မယ်လို့ သိရပါတယ်။

အလာဘာရဲ့ အေးဂျင့်ဖြစ်တဲ့ ဇာဟာဗီဟာ ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့သူလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက အသက် ၂၈ နှစ်အရွယ်ကစားသမားက စပိန်လာလီဂါ အသင်းကြီးတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ (၂) သင်းထဲက (၁) သင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ သိခဲ့ရပါသေးတယ်။

အလာဘာဟာ ဗဟိုနောက်ခံလူ အပြင်၊ ဘယ်နောက်ခံလူ နဲ့ ကွင်းလယ်ခံစစ်တွေမှာပါကစားနိုင်စွမ်းရှိပြီး သူ့ရဲ့ အသက်အရွယ်အပိုင်းအခြားကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေလို့ အသင်းတိုင်းအတွက် အရမ်းကိုအသုံးဝင်တဲ့ကစားသမား ဖြစ်ပါတယ်။

ေနာက္ႏွစ္ေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူရန္ နီးစပ္ေနတဲ့ ခ်ဲလ္ဆီးအသင္း

ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာကို ခ်ဲလ္ဆီးအသင္းဟာ ေနာက္ရာသီမတိုင္မီ ေခၚယူရန္ ေရပန္းစားေနပါတယ္။ သတင္းမ်ားအရ အလာဘာကို ၂၀၂၁ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူရန္ ခ်ဲလ္ဆီးအသင္းက အေရွ႕ဆုံးကို ေရာက္ေနတာ ျဖစ္ပါတယ္။ ေအအက္စ္သတင္းဌာနရဲ႕ အဆိုအရ ခ်ဲလ္ဆီးအသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ ေတြ႕ဆုံၿပီး အႀကိဳသေဘာတူညီမႈ ရရန္ လုပ္ေဆာင္မယ္လို႔ သိရပါတယ္။

အလာဘာရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ဇာဟာဗီဟာ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဗရာမိုဗစ္ နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိခဲ့သူလည္း ျဖစ္ပါတယ္။
အေစာပိုင္းတုန္းက အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားက စပိန္လာလီဂါ အသင္းႀကီးေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာ (၂) သင္းထဲက (၁) သင္းဆီကိုပဲ ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိခဲ့ရပါေသးတယ္။

အလာဘာဟာ ဗဟိုေနာက္ခံလူ အျပင္၊ ဘယ္ေနာက္ခံလူ နဲ႔ ကြင္းလယ္ခံစစ္ေတြမွာပါကစားႏိုင္စြမ္းရွိၿပီး သူ႔ရဲ႕ အသက္အ႐ြယ္အပိုင္းအျခားကလည္း အေကာင္းဆုံးအေနအထားမွာ ရွိေနလို႔ အသင္းတိုင္းအတြက္ အရမ္းကိုအသုံးဝင္တဲ့ကစားသမား ျဖစ္ပါတယ္။