မန်စီးတီးအသင်းက ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို အဓိက ပစ်မှတ်ထားနေတယ်လို့ ဆိုလိုက်တဲ့ ဂါဘရီရယ်ဂျေးဆု

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျေးဆုက ဒီရာသီမှာ အသင်းက ချန်ပီယံလိဂ်ဖလားကို အဓိက ပစ်မှတ်ထားနေတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဖလားကို ရဖို့ လိုအပ်နေပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ရင့်ကျက်နေပါပြီ။ ကွင်းထဲကို မဝင်ခင် ဥမင်လှိုဏ်ခေါင်းထဲမှာ သီချင်းသံကို ကြားရတဲ့အခါ ကျွန်တော် အရမ်းစိတ်ခံစားမှု ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော် ဘောလုံးသမား တစ်ယောက်ဖြစ်ချင်ခဲ့တာကို သတိရမိတယ်။

ကျောင်းပြေးပြီး ဘောလုံးပွဲတွေကြည့်ခဲ့ရပါတယ်။ ဒီအင်တာဗျူးကို အမေမမြင်စေဖို့ မျှော်လင့်ပါတယ်။ ဒီလိုနေ့မှာသာ ဒီလိုပြိုင်ပွဲကြီးမှာအောင်မြင်မှုရရင် ကျွန်တော် အရမ်းကို ပျော်မိမှာပါ။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် တောင်းဆိုလွန်းတာတွေရှိပါတယ်။ ဂိုးတွေ အများကြီးသွင်းယူနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ဖြတ်ကျော်ခဲ့ရတာတွေရှည်လျားလွန်းပါတယ်။

နေ့စဉ်နေ့တိုင်း တစ်ဆင့်ချင်းတိုးတက်ရမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော့်ကစားသမားဘဝမှာ ပျော်တဲ့အချိန်ရော မပျော်တဲ့အချိန်တွေကိုပါ ဖြတ်သန်းခဲ့ရဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း ရင့်ကျက်သည်သထက် ပိုရင့်ကျက်လာပါပြီ။ ဒီထက်ပိုရင့်ကျက်ဖို့တော့ လိုပါသေးတယ်” လို့ ဂါဘရီရယ်ဂျေးဆုက ပြောခဲ့တာဖြစ်ပါတယ်။

မန္စီးတီးအသင္းက ဒီရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို အဓိက ပစ္မွတ္ထားေနတယ္လို႔ ဆိုလိုက္တဲ့ ဂါဘရီရယ္ေဂ်းဆု

မန္စီးတီးအသင္းရဲ႕ တိုက္စစ္မွဴး ဂါဘရီရယ္ေဂ်းဆုက ဒီရာသီမွာ အသင္းက ခ်န္ပီယံလိဂ္ဖလားကို အဓိက ပစ္မွတ္ထားေနတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ဟာ ခ်န္ပီယံလိဂ္ဖလားကို ရဖို႔ လိုအပ္ေနပါတယ္။ ဒီရာသီမွာ ကၽြန္ေတာ္တို႔ ရင့္က်က္ေနပါၿပီ။ ကြင္းထဲကို မ၀င္ခင္ ဥမင္လိႈဏ္ေခါင္းထဲမွာ သီခ်င္းသံကို ၾကားရတဲ့အခါ ကၽြန္ေတာ္ အရမ္းစိတ္ခံစားမႈ ျဖစ္ပါတယ္။ အရင္တုန္းက ကၽြန္ေတာ္ ေဘာလံုးသမား တစ္ေယာက္ျဖစ္ခ်င္ခဲ့တာကို သတိရမိတယ္။

ေက်ာင္းေျပးၿပီး ေဘာလံုးပြဲေတြၾကည့္ခဲ့ရပါတယ္။ ဒီအင္တာဗ်ဴးကို အေမမျမင္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီလိုေန႔မွာသာ ဒီလိုၿပိဳင္ပြဲႀကီးမွာေအာင္ျမင္မႈရရင္ ကၽြန္ေတာ္ အရမး္ကို ေပ်ာ္မိမွာပါ။ တိုက္စစ္မွဴးတစ္ေယာက္အေနန႔ဲ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ေတာင္းဆိုလြန္းတာေတြရွိပါတယ္။ ဂိုးေတြ အမ်ားႀကီးသြင္းယူႏိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ဟာ ျဖတ္ေက်ာ္ခဲ့ရတာေတြရွည္လ်ားလြန္းပါတယ္။

ေန႔စဥ္ေန႔တိုင္း တစ္ဆင့္ခ်င္းတိုးတက္ရမယ္ဆိုတာကို ကၽြန္ေတာ္သိပါတယ္။ ကၽြန္ေတာ့္ကစားသမားဘ၀မွာ ေပ်ာ္တဲ့အခ်ိန္ေရာ မေပ်ာ္တဲ့အခ်ိန္ေတြကိုပါ ျဖတ္သန္းခဲ့ရဖူးပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္လည္း ရင့္က်က္သည္သထက္ ပိုရင့္က်က္လာပါၿပီ။ ဒီထက္ပိုရင့္က်က္ဖို႔ေတာ့ လိုပါေသးတယ္” လို႔ ဂါဘရီရယ္ေဂ်းဆုက ေျပာခဲ့တာျဖစ္ပါတယ္။