ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့ အသင်းဖြစ်တယ်လို့ ဆိုလိုက်တဲ့ တောင်ပံတိုက်စစ်ကစားသမား ဇီယက်
ချဲလ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဇီယက်က အေဒင်ဟာဇက် နဲ့ နှိုင်းယှဉ်ခြင်းခံနေရတဲ့အတွက် ဝမ်းသာနေပါတယ်။ နည်းပြလမ်းပတ်ကတော့ လက်ရှိ ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်နေတဲ့ ကစားသမားဟောင်း ဟာဇက် နဲ့ ဇီယက်ကို နှိုင်းယှဉ်မှု မလုပ်ရန် တောင်းဆိုထားတာဖြစ်ပါတယ်။ သို့သော်လည်း ဇီယက်က “ အေဒင်က ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
သူဘယ်လိုကစားသလဲဆိုတာကို ကြည့်ပြီး စိတ်ဓာတ်တက်ကြွမှုတွေ အမြဲရယူနိုင်ပါတယ်။ သူဘယ်လိုလုပ်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး သူ့ဆီက ကျွန်တေ်ာ အများကြီးသင်ယူရပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို သေချာပေါက် စိန်ခေါ်နေတဲ့အသင်းဖြစ်တယ်လို့ လည်း ဇီယက်က ထပ်မံပြောသွားခဲ့တာဖြစ်ပါတယ်။
“ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အမြဲတမ်းယုံကြည်မှုရှိရပါမယ်။ ဒါက ယုံကြည်မှုကနေစပြီး နေ့တိုင်းအလုပ်ကြိုးစားသွားရင် ဖြစ်မှာပါ။ အဲ့ဒီအချိန်ရောက်ရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့” လို့ ပြောသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းက အမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့ အသင်းဖြစ်တယ်လို့ ဆိုလိုက်တဲ့ တောင်ပံတိုက်စစ်ကစားသမား ဇီယက်