မန်စီးတီးအသင်းမှာ ကျွန်တော်က အကောင်းဆုံး ပင်နယ်တီ ကန်သွင်းသူ လို့ ဆိုလိုက်တဲ့ ဂိုးသမား အီဒါဆန်

မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆင်က ဂွါဒီယိုလာရဲ့ အသင်းမှာ သူက အကောင်းဆုံး ပင်နယ်တီ ကန်သွင်းသူလို့ ပြောသွားခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ဂိုးသမားဟာ အီတီဟတ်ကွင်းကို မရောက်ခင်က Ribeirao နဲ့ Rio Ave အသင်းတွေမှာ ဖရီးကစ်တွေကို ကန်လေ့ရှိခဲ့တဲ့ ဂိုးသမား ဖြစ်ပါတယ်။

ဂွါဒီယိုလာက အသက် ၂၇ နှစ်အရွယ်ဂိုးသမားဟာ ပွဲချိန်အတွင်း ဘယ်တော့မှ ပင်နယ်တီ ကန်ရမှာ မဟုတ်ဘူးလို့ အစောပိုင်းတွေတုန်းက ပြောထားခဲ့ပေမယ့် အီဒါဆင်ကတော့ သူဟာ ၁၂ ကိုက်အတွင်း အကောင်းဆုံး ပင်နယ်တီ ကန်သွင်းတတ်သူလို့ ဝန်ခံပြောသွားခဲ့ပါတယ်။

အီဒါဆင်က “ ကျွန်တော်ဟာ ဖရီးကစ်ကို များများစားစား လေ့ကျင့်လေ့မရှိပါဘူး။ ကျွန်တော်ဟာ ပင်နယ်တီကိုတော့ ကန်လေ့ရှိပါတယ်။

Riberao မှာ ကစားတုန်းက ကျွန်တော်ဟာ ဖရီးကစ်အချို့ကို ကန်ခဲ့ဖူးပေမယ့် အဲ့ဒါက အရင်က ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ အသင်းမှာ ပင်နယ်တီ နဲ့ ဖရီးကစ် ကန်တာ ကောင်းတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်က အကောင်းဆုံး ပင်နယ်တီ ကန်သွင်းသူ ဖြစ်ပေမယ့် ရွေးချယ်မခံရပါဘူး။ အရေးအကြီးဆုံးက ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်ဖို့နဲ့ နိုင်ပွဲရဖို့ပါပဲ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မန္စီးတီးအသင္းမွာ ကၽြန္ေတာ္က အေကာင္းဆံုး ပင္နယ္တီ ကန္သြင္းသူ လို႔ ဆိုလိုက္တဲ့ ဂိုးသမား အီဒါဆန္

မန္စီးတီးအသင္းရဲ႕ ဂိုးသမား အီဒါဆင္က ဂြါဒီယိုလာရဲ႕ အသင္းမွာ သူက အေကာင္းဆံုး ပင္နယ္တီ ကန္သြင္းသူလို႔ ေျပာသြားခဲ့ပါတယ္။ ဘရာဇီးလက္ေရြးစင္ဂိုးသမားဟာ အီတီဟတ္ကြင္းကို မေရာက္ခင္က Ribeirao နဲ႔ Rio Ave အသင္းေတြမွာ ဖရီးကစ္ေတြကို ကန္ေလ့ရွိခဲ့တဲ့ ဂိုးသမား ျဖစ္ပါတယ္။

ဂြါဒီယိုလာက အသက္ ၂၇ ႏွစ္အရြယ္ဂိုးသမားဟာ ပြဲခ်ိန္အတြင္း ဘယ္ေတာ့မွ ပင္နယ္တီ ကန္ရမွာ မဟုတ္ဘူးလို႔ အေစာပိုင္းေတြတုန္းက ေျပာထားခဲ့ေပမယ့္ အီဒါဆင္ကေတာ့ သူဟာ ၁၂ ကိုက္အတြင္း အေကာင္းဆံုး ပင္နယ္တီ ကန္သြင္းတတ္သူလို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။

အီဒါဆင္က “ ကၽြန္ေတာ္ဟာ ဖရီးကစ္ကို မ်ားမ်ားစားစား ေလ့က်င့္ေလ့မရွိပါဘူး။ ကၽြန္ေတာ္ဟာ ပင္နယ္တီကိုေတာ့ ကန္ေလ့ရွိပါတယ္။

Riberao မွာ ကစားတုန္းက ကၽြန္ေတာ္ဟာ ဖရီးကစ္အခ်ိဳ႕ကို ကန္ခဲ့ဖူးေပမယ့္ အဲ့ဒါက အရင္က ျဖစ္ပါတယ္။ အခု ကၽြန္ေတာ္တို႔ အသင္းမွာ ပင္နယ္တီ နဲ႔ ဖရီးကစ္ ကန္တာ ေကာင္းတဲ့သူေတြ ရွိပါတယ္။ ကၽြန္ေတာ္က အေကာင္းဆံုး ပင္နယ္တီ ကန္သြင္းသူ ျဖစ္ေပမယ့္ ေရြးခ်ယ္မခံရပါဘူး။ အေရးအႀကီးဆံုးက ကၽြန္ေတာ္တို႔ ဂိုးေတြ သြင္းႏိုင္ဖို႔နဲ႔ ႏိုင္ပြဲရဖို႔ပါပဲ” လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။