လီဗာပူးလ်အသင်းကို ပြန်သွားမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟို

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုက အနာဂတ်မှာ လီဗာပူးလ်အသင်းကို ပြန်သွားမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ဘာစီလိုနာအသင်းဆီ မပြောင်းရွှေ့မီ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ အန်ဖီးလ်မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်းများစွာ ကစားခဲ့ပြီး ပွဲပေါင်း (၂၀၁) ပွဲကစားခဲ့ပြီး (၅၄) ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာတော့ အဆိုပါ စွမ်းဆောင်ထားခဲ့တာတွေကို မလုပ်နိုင်သေးပေမယ့် တောင်အမေရိက ကစားသမားက ရော်နယ်ကိုးမန်းရဲ့ လက်အောက်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားနေပြီး ပျော်ရွှင်နေပြီး ပရီးမီးယားလိဂ်ကို ပြန်သွားမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

ကော်တင်ဟိုက “ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး လိဂ်တစ်လိဂ်ပါ။ လီဗာပူးလ်လိုအသင်းမျိုးမှာ ကစားခွင့်ရတဲ့ အခါင့်အရေးမျိုးက ကျွန်တော့်အတွက် အရမ်းကို ဂုဏ်ယူစရာပါ။ အနာဂတ်မှာတော့ ဘာတွေ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို ပြောဆိုကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် အခု ကျွန်တော့် ရည်မှန်းချက်က ဘာစီလိုနာအသင်းနဲ့ အောင်မြင်မှု ရဖို့ပါ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကော်တင်ဟိုဟာ ယခုတစ်ပတ် ကစားခဲ့တဲ့ ဘာစီလိုနာအသင်းက အိုဆာဆူနာကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၁) ဂိုးသွင်းယူပေးခဲ့ပြီး ဒီဂိုးဟာ ဒီရာသီမှာ သူ့ရဲ့ (၅) ဂိုးမြောက် သွင်းဂိုးဖြစ်ပါတယ်။ လီဗာပူးလ်ကစားသမားဟောင်းရဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၂-၂၃ ဘောလုံးရာသီအကုန်အထိ ကျန်ရှိနေပါသေးတယ်။

လီဗာပူးလ္အသင္းကို ျပန္သြားမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့တဲ့ ဘာစီလိုနာ အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ေကာ္တင္ဟို

ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ေကာ္တင္ဟိုက အနာဂတ္မွာ လီဗာပူးလ္အသင္းကို ျပန္သြားမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။ဘာစီလိုနာအသင္းဆီ မေျပာင္းေရႊ႕မီ ဘရာဇီးလက္ေရြးစင္ကစားသမားဟာ အန္ဖီးလ္မွာ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့ၿပီး ပြဲေပါင္း (၂၀၁) ပြဲကစားခဲ့ၿပီး (၅၄) ဂိုးသြင္းေပးခဲ့သူ ျဖစ္ပါတယ္။

ေကာ္တင္ဟိုဟာ ဘာစီလိုနာအသင္းမွာေတာ့ အဆိုပါ စြမ္းေဆာင္ထားခဲ့တာေတြကို မလုပ္ႏိုင္ေသးေပမယ့္ ေတာင္အေမရိက ကစားသမားက ေရာ္နယ္ကိုးမန္းရဲ႕ လက္ေအာက္မွာ အဓိက အခန္းက႑ကေန ပါ၀င္ကစားေနၿပီး ေပ်ာ္ရႊင္ေနၿပီး ပရီးမီးယားလိဂ္ကို ျပန္သြားမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။

ေကာ္တင္ဟိုက “ ပရီးမီးယားလိဂ္က ကမာၻေပၚက စိတ္လႈပ္ရွားစရာ အေကာင္းဆံုး လိဂ္တစ္လိဂ္ပါ။ လီဗာပူးလ္လိုအသင္းမ်ိဳးမွာ ကစားခြင့္ရတဲ့ အခါင့္အေရးမ်ိဳးက ကၽြန္ေတာ့္အတြက္ အရမ္းကို ဂုဏ္ယူစရာပါ။ အနာဂတ္မွာေတာ့ ဘာေတြ ျဖစ္ႏိုင္တယ္ မျဖစ္ႏိုင္ဘူးဆိုတာကို ေျပာဆိုကေတာ့ ခက္ခဲပါတယ္။ ဒါေပမယ့္ အခု ကၽြန္ေတာ့္ ရည္မွန္းခ်က္က ဘာစီလိုနာအသင္းနဲ႔ ေအာင္ျမင္မႈ ရဖို႔ပါ”  လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

ေကာ္တင္ဟိုဟာ ယခုတစ္ပတ္ ကစားခဲ့တဲ့ ဘာစီလိုနာအသင္းက အိုဆာဆူနာကို (၄-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ (၁) ဂိုးသြင္းယူေပးခဲ့ၿပီး ဒီဂိုးဟာ ဒီရာသီမွာ သူ႔ရဲ႕ (၅) ဂိုးေျမာက္ သြင္းဂိုးျဖစ္ပါတယ္။ လီဗာပူးလ္ကစားသမားေဟာင္းရဲ႕ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၂-၂၃ ေဘာလံုးရာသီအကုန္အထိ က်န္ရွိေနပါေသးတယ္။