လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက တနလာၤနေ့က ဖူလ်ဟမ်အသင်းကို (၂-၁) နဲ့ ရှုံးခဲ့တဲ့ပွဲမှာ သူ့အသင်းက အမှားများခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ နိုင်ပွဲရရင် အမှတ်ပေးဇယားထိပ်က စပါး နဲ့ လီဗာပူးလ်အသင်းတို့နဲ့အတူ (၂၁) မှတ်စီနဲ့ ရပ်တည်ခွင့်ရမှာ ဖြစ်ပေမယ့် ပွဲကစားချိန်အတွင်း ဖန်တီးမှု ကင်းမဲ့နေတဲ့ လက်စတာအသင်းဟာ အရှုံးနဲ့ ထိုက်တန်တယ်လို့ ရော်ဂျာက ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ရော်ဂျာက “ စိတ်ပျက်မိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အမှားတွေကြောင့် တောင်ပေါ်ကို တက်ခဲ့ရသလို ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အများကြီး ရခဲ့ပေမယ့် ဖန်တီးမှု ကင်းမဲ့ နေပါတယ်။ ဖူလမ်ဟမ်အသင်းက အနိုင်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဟာ ပထမပိုင်းမှာ အင်အားအပြည့်နဲ့ ကျွန်တော်တို့ အမှားကို အခွင့်အရေးယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း အကောင်းဆုံး ကစားသွားပါတယ်။

ပြီးခဲ့တဲ့ နောက်ဆုံးပွဲတွေမှာလည်း ကျွန်တော်တို့ဟာ အမှားတွေ လုပ်ခဲ့ပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ တနလာၤနေ့က ရလဒ်ကြောင့် လက်စတာအသင်းဟာ (၁၀) ပွဲကစားပြီးချိန်မှာ (၁၈) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၄) နေရာမှာ ရပ်တည်နေပါတယ်။
ဖူလ္ဟမ္အသင္းကို ရႈံးခဲ့တဲ့ပြဲမွာ လက္စတာအသင္းဟာ အမွားမ်ားၿပီး အရႈံးနဲ႔ ထိုက္တန္ခဲ့တယ္လို႔ ဆိုလိုက္တဲ့ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာ
လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက တနလာၤေန႔က ဖူလ္ဟမ္အသင္းကို (၂-၁) နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ သူ႔အသင္းက အမွားမ်ားခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ႏိုင္ပြဲရရင္ အမွတ္ေပးဇယားထိပ္က စပါး နဲ႔ လီဗာပူးလ္အသင္းတို႔နဲ႔အတူ (၂၁) မွတ္စီန႔ဲ ရပ္တည္ခြင့္ရမွာ ျဖစ္ေပမယ့္ ပြဲကစားခ်ိန္အတြင္း ဖန္တီးမႈ ကင္းမဲ့ေနတဲ့ လက္စတာအသင္းဟာ အရႈံးနဲ႔ ထိုက္တန္တယ္လို႔ ေရာ္ဂ်ာက ၀န္ခံခဲ့တာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာ ေရာ္ဂ်ာက “ စိတ္ပ်က္မိပါတယ္။ ပထမပိုင္းမွာ ကၽြန္ေတာ္တို႔ လုပ္ခဲ့တဲ့ အမွားေတြေၾကာင့္ ေတာင္ေပၚကို တက္ခဲ့ရသလို ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ေဘာလံုးပိုင္ဆိုင္မႈ အမ်ားႀကီး ရခဲ့ေပမယ့္ ဖန္တီးမႈ ကင္းမဲ့ ေနပါတယ္။ ဖူလမ္ဟမ္အသင္းက အႏိုင္နဲ႔ ထိုက္တန္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူတို႔ဟာ ပထမပိုင္းမွာ အင္အားအျပည့္နဲ႔ ကၽြန္ေတာ္တို႔ အမွားကို အခြင့္အေရးယူႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း အေကာင္းဆံုး ကစားသြားပါတယ္။
ၿပီးခဲ့တဲ့ ေနာက္ဆံုးပြဲေတြမွာလည္း ကၽြန္ေတာ္တို႔ဟာ အမွားေတြ လုပ္ခဲ့ပါတယ္” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။ တနလာၤေန႔က ရလဒ္ေၾကာင့္ လက္စတာအသင္းဟာ (၁၀) ပြဲကစားၿပီးခ်ိန္မွာ (၁၈) မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ (၄) ေနရာမွာ ရပ္တည္ေနပါတယ္။