ယူနိုက်တက်အသင်းက မသိရင် ပရီးမီးယားလိဂ်ဖလားကြီး ရလိုက်သလို အောင်ပွဲခံခဲ့တယ်လို့ နောက်ကျဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲအပြီး ပြောကြားသွားခဲ့တဲ့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟော့တ်

ဟာဆန်ဟော့တ်က ဆောက်သမ်တန်အသင်းက ကစားသမားတွေအနေနဲ့ ယူနိုက်တက်ကစားသမားတွေလို အလွန်အကျူး အောင်ပွဲခံသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဟာ တနင်္ဂနွေနေ့က စိန့်မေရီမှာ ကစားခဲ့တဲ့ပွဲမှာ အစောပိုင်း သွင်းဂိုးတွေနဲ့ ပွဲချိန် (၃၃) မိနစ်ကတည်းက (၂-ဝ) နဲ့ အနိုင်ရနေတာ ဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် က (၁) ဂိုး နဲ့ ကာဗာနီက (၂) ဂိုးသွင်းယူပေးသွားခဲ့ပြီး အနိုင် (၃) မှတ်ရယူသွားခဲ့ပါတယ်။


ရှုံးပွဲကြုံတွေ့ခဲ့ရသော်လည်း ဆောက်သမ်တန်အသင်းဟာ အဆင့် (၅) နေရာမှာပဲ ရှိနေပါသေးတယ်။ ပွဲအပြီးမှာတော့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟော့တ်က ယူနိုက်တက်အသင်းရဲ့ အောင်ပွဲခံပုံနဲ့ ပတ်သက်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။
“ သူတို့ ရဲ့ အဝတ်လဲခန်းအတွင်းက အောင်ပွဲခံသံတွေကို ကြားရမှာပါ။ သူတို့ဟာ ဒီနေ့မှာ ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားကို ရလိုက်သလိုမျိုး အောင်ပွဲခံနေတာပါ။ ဒါဟာ ကျွန်တော့်အတွက် ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နဲ့ ကစားရတာ အရမ်းကို ခက်ခဲတယ်လို့ သူတို့သတ်မှတ်လို့ပါ။

ဒါပေမယ့် ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံး အသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါ အကောင်းဆုံး လုပ်ပြလေ့ရှိပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ ဒီနေ့ ကစားပုံနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်” လို့ ဆောက်သမ်တန်နည်းပြ ကပြောသွားခဲ့ပါတယ်။

ယူႏိုက္တက္အသင္းက မသိရင္ ပရီးမီးယားလိဂ္ဖလားႀကီး ရလိုက္သလို ေအာင္ပြဲခံခဲ့တယ္လို႔ ေနာက္က်ဂိုးနဲ႔ ရႈံးခဲ့တဲ့ပြဲအၿပီး ေျပာၾကားသြားခဲ့တဲ့ ေဆာက္သမ္တန္နည္းျပ ဟာဆန္ေဟာ့တ္

ဟာဆန္ေဟာ့တ္က ေဆာက္သမ္တန္အသင္းက ကစားသမားေတြအေနနဲ႔ ယူႏိုက္တက္ကစားသမားေတြလို အလြန္အက်ဴး ေအာင္ပြဲခံသင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ေဆာက္သမ္တန္အသင္းဟာ တနဂၤေႏြေန႔က စိန႔္ေမရီမွာ ကစားခဲ့တဲ့ပြဲမွာ အေစာပိုင္း သြင္းဂိုးေတြနဲ႔ ပြဲခ်ိန္ (၃၃) မိနစ္ကတည္းက (၂-ဝ) နဲ႔ အႏိုင္ရေနတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ယူႏိုက္တက္အသင္းဟာ ဒုတိယပိုင္းမွာ ျပန္လာႏိုင္ခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ က (၁) ဂိုး နဲ႔ ကာဗာနီက (၂) ဂိုးသြင္းယူေပးသြားခဲ့ၿပီး အႏိုင္ (၃) မွတ္ရယူသြားခဲ့ပါတယ္။

ရႈံးပြဲႀကဳံေတြ႕ခဲ့ရေသာ္လည္း ေဆာက္သမ္တန္အသင္းဟာ အဆင့္ (၅) ေနရာမွာပဲ ရွိေနပါေသးတယ္။ ပြဲအၿပီးမွာေတာ့ ေဆာက္သမ္တန္နည္းျပ ဟာဆန္ေဟာ့တ္က ယူႏိုက္တက္အသင္းရဲ႕ ေအာင္ပြဲခံပုံနဲ႔ ပတ္သက္ၿပီး ေျပာသြားခဲ့တာ ျဖစ္ပါတယ္။
“ သူတို႔ ရဲ႕ အဝတ္လဲခန္းအတြင္းက ေအာင္ပြဲခံသံေတြကို ၾကားရမွာပါ။ သူတို႔ဟာ ဒီေန႔မွာ ခက္ခဲတဲ့ ၿပိဳင္ဘက္တစ္ေယာက္ကို အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ဖလားကို ရလိုက္သလိုမ်ိဳး ေအာင္ပြဲခံေနတာပါ။ ဒါဟာ ကြၽန္ေတာ့္အတြက္ ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ နဲ႔ ကစားရတာ အရမ္းကို ခက္ခဲတယ္လို႔ သူတို႔သတ္မွတ္လို႔ပါ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ အသင္းရဲ႕ စြမ္းေဆာင္ရည္ နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္တို႔ဟာ အေကာင္းဆုံး အသင္းေတြနဲ႔ရင္ဆိုင္ရတဲ့အခါ အေကာင္းဆုံး လုပ္ျပေလ့ရွိပါတယ္။ ကြၽန္ေတာ္တို႔ အသင္းရဲ႕ ဒီေန႔ ကစားပုံနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္မိပါတယ္” လို႔ ေဆာက္သမ္တန္နည္းျပ ကေျပာသြားခဲ့ပါတယ္။