တစ်နေ့မှာ မန်စီးတီးအသင်းအနေနဲ့ စံချိန်တွေ အားလုံးကို ချိုးဖျက်နိုင်မယ်လို့ ပြောခဲ့တဲ့ နည်းပြ ဂွါဒီယိုလာ


မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြီးခဲ့နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အိုလံပီယာကို့စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အသင်း အနေနဲ့ တစ်နေ့နေ့မှာ စံချိန်မှတ်တမ်းအားလုံးကို ချိုးဖျက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီ ယံလိဂ်အုပ်စုပွဲစဉ် ၄ပွဲကစားပြီးချိန်မှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့နဲ့အတူ ရမှတ် ၁၂ အပြည့်ရရှိထားပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


မန်စီးတီးဟာ အိုလံပီယာကို့စ်နဲ့ ပွဲစဉ်တုန်းက ဂိုးပေါက်ခြိမ်းခြောက်မှု ၂၂ ကြိမ်အထိရရှိခဲ့ပေမယ့် ကွင်းလယ်လူဖိုဒန်ရဲ့ တစ် လုံးတည်းသော သွင်းဂိုးနဲ့သာအနိုင်ရခဲ့တာဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ မန်စီးတီးဟာ အမှတ် ပေးဇယားအဆင့် ၁၃ နေရာရောက်နေပြီး အမှတ်ပေးဇယားထိပ်က စပါးအသင်းနဲ့ ၈ မှတ်အထိ ကွာဟနေတာကြောင့် ဝေဖန်မှုတွေ ခံနေရပေမယ့် မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ အသင်းအနေနဲ့ တစ်နေ့မှာစံချိန်မှတ်တမ်းကောင်းတွေကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။


အိုလံပီယာကို့စ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ ဂွါဒီယိုလာက “ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး သွင်းဂိုးတွေရရှိခဲ့သင့် ပါတယ်။ ဒါပေမယ့် ခံစစ်မှာကစားသမား ၉ ယောက်လောက်အထိ ဆင်းပြီးကစားနေတဲ့အသင်းကို ထိုးဖောက်ဖို့ ခက်ပါ တယ်။ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် အပြည့်အဝကျေနပ်ပါတယ်။ အိုလံပီယာကို့စ်က အိမ်ကွင်းခြေစွမ်းကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး အမြင့်ဘောတွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အသင်းခံစစ်ဗဟိုလူတွေက အကောင်းဆုံးစွမ်းဆောင် နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

တစ္ေန႔မွာ မန္စီးတီးအသင္းအေနနဲ႔ စံခ်ိန္ေတြ အားလံုးကို ခ်ိဳးဖ်က္ႏိုင္မယ္လို႔ ေျပာခဲ့တဲ့ နည္းျပ ဂြါဒီယိုလာ
မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ၿပီးခဲ့ေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အိုလံပီယာကို႔စ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ အသင္း အေနနဲ႔ တစ္ေန႔ေန႔မွာ စံခ်ိန္မွတ္တမ္းအားလံုးကို ခ်ိဳးဖ်က္ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာခဲ့ပါတယ္။ မန္စီးတီးဟာ ခ်န္ပီ ယံလိဂ္အုပ္စုပြဲစဥ္ ၄ပြဲကစားၿပီးခ်ိန္မွာ လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာတို႔နဲ႔အတူ ရမွတ္ ၁၂ အျပည့္ရရွိထားၿပီး ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
မန္စီးတီးဟာ အိုလံပီယာကို႔စ္နဲ႔ ပြဲစဥ္တုန္းက ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၂၂ ႀကိမ္အထိရရွိခဲ့ေပမယ့္ ကြင္းလယ္လူဖိုဒန္ရဲ႕ တစ္ လံုးတည္းေသာ သြင္းဂိုးနဲ႔သာအႏိုင္ရခဲ့တာျဖစ္ပါတယ္။ လက္ရွိပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့ မန္စီးတီးဟာ အမွတ္ ေပးဇယားအဆင့္ ၁၃ ေနရာေရာက္ေနၿပီး အမွတ္ေပးဇယားထိပ္က စပါးအသင္းနဲ႔ ၈ မွတ္အထိ ကြာဟေနတာေၾကာင့္ ေဝဖန္မႈေတြ ခံေနရေပမယ့္ မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့ အသင္းအေနနဲ႔ တစ္ေန႔မွာစံခ်ိန္မွတ္တမ္းေကာင္းေတြကို ခ်ိဳးဖ်က္ႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာခဲ့ပါတယ္။
အိုလံပီယာကို႔စ္ကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာေတာ့ ဂြါဒီယိုလာက “ ကြ်န္ေတာ္တို႔အေနနဲ႔ ဒီထက္ပိုၿပီး သြင္းဂိုးေတြရရွိခဲ့သင့္ ပါတယ္။ ဒါေပမယ့္ ခံစစ္မွာကစားသမား ၉ ေယာက္ေလာက္အထိ ဆင္းၿပီးကစားေနတဲ့အသင္းကို ထိုးေဖာက္ဖို႔ ခက္ပါ တယ္။ အသင္းရဲ႕ စြမ္းေဆာင္ရည္အတြက္ အျပည့္အဝေက်နပ္ပါတယ္။ အိုလံပီယာကို႔စ္က အိမ္ကြင္းေျခစြမ္းေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ၿပီး အျမင့္ေဘာေတြနဲ႔ ဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ အသင္းခံစစ္ဗဟိုလူေတြက အေကာင္းဆံုးစြမ္းေဆာင္ ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။