ဒီဇင်ဘာပွဲကျပ်ကာလမှာ ကစားသမားတွေ ဒဏ်ရာရရှိမှုက ကလော့ပ်ကို အိပ်မက်ဆိုးတွေ မက်စေတော့မှာလား


ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို ရောက်ဖို့ ပွဲစဉ် နှစ်ပွဲကစားဖို့ကျန်ရှိနေသေးတယ်ဆိုပေမယ့် ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အတ္တလန္တာနဲ့ ပွဲစဉ်မှာတော့ လီဗာပူးဟာ အိမ်ကွင်းမှာပဲ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက် နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့် ပထမအကျော့ပွဲစဉ် သုံးပွဲစလုံးကို အနိုင်ရထားခဲ့တာကြောင့် အိမ်ကွင်းမှာ ကစားတဲ့ အတ္တလန္တာနဲ့ပွဲမှာသာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့အတွက် အခြေအနေကောင်းသွားမှာပဲ ဖြစ်ပါတယ်။


လီဗာပူးဟာ လက်ရှိမှာ အသင်းရဲ့အဓိက,ကစားသမားအများစု ဒဏ်ရာရရှိနေသလို ကစားသမားအချို့ကလည်း ကိုဗစ်ကူး စက်ခံထားရမှုတွေရှိနေတာကြောင့် နည်းပြကလော့ပ်အနေနဲ့ အသင်းကို လက်ရှိလူအင်အားနဲ့ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေရတာပဲ ဖြစ်ပါတယ်။ ကစားသမားတွေကို အလှည့်ကျ အသုံးပြုလေ့မရှိတဲ့ ကလော့ပ်ရဲ့ နည်းစနစ်တွေ ကြောင့် လီဗာပူးအနေနဲ့ လာမယ့်ပွဲကျပ်ကာလအတွင်းမှာ ရုန်းကန်ရနိုင်တယ်ဆိုတဲ့ မှတ်ချက်ပြုမှုတွေလည်း ထွက်ပေါ်လာ ခဲ့ပါတယ်။


လီဗာပူးနည်းပြ ကလော့ပ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လက်စတာနဲ့ ကစားခဲ့တဲ့ပွဲမှာ အဓိက,ကစားသမား ငါးနေရာကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး နိုင်ပွဲရခဲ့တယ်ဆိုပေမယ့် အတ္တလန္တာနဲ့ပွဲမှာ အရန်ကစားသမားအများစုကို ပွဲထွက်ကစားစေခဲ့ တာကြောင့် အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာပွဲကျပ်ကာလလို့ ဆိုရမယ့် နိုဝင်ဘာ ၂၈ ရက်နေ့ကနေ ဇန် နဝါရီ ၂ ရက်နေ့အထိ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲအတူ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲလည်း ကစားဖို့ရှိနေတာကြောင့် နည်းပြ ကလော့ပ်အနေနဲ့ လီဗာပူးအသင်းကို အကောင်းဆုံးရလဒ်တွေရအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

zawgyi version

ဒီဇင္ဘာပြဲက်ပ္ကာလမွာ ကစားသမားေတြ ဒဏ္ရာရရွိမႈက ကေလာ့ပ္ကို အိပ္မက္ဆိုးေတြ မက္ေစေတာ့မွာလား
ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကို ေရာက္ဖို႔ ပြဲစဥ္ ႏွစ္ပြဲကစားဖို႔က်န္ရွိေနေသးတယ္ဆိုေပမယ့္ ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ အတၱလႏၲာနဲ႔ ပြဲစဥ္မွာေတာ့ လီဗာပူးဟာ အိမ္ကြင္းမွာပဲ ႏွစ္ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္တက္ေရာက္ ႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းေတြထြက္ေပၚလာခဲ့ပါတယ္။ လီဗာပူးဟာ ဒီရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္ ပထမအေက်ာ့ပြဲစဥ္ သံုးပြဲစလံုးကို အႏိုင္ရထားခဲ့တာေၾကာင့္ အိမ္ကြင္းမွာ ကစားတဲ့ အတၱလႏၲာနဲ႔ပြဲမွာသာ ရလဒ္ေကာင္းခဲ့မယ္ဆိုရင္ ရႈံးထြက္ အဆင့္ကို တက္ေရာက္ဖို႔အတြက္ အေျခအေနေကာင္းသြားမွာပဲ ျဖစ္ပါတယ္။
လီဗာပူးဟာ လက္ရွိမွာ အသင္းရဲ႕အဓိက,ကစားသမားအမ်ားစု ဒဏ္ရာရရွိေနသလို ကစားသမားအခ်ိဳ႕ကလည္း ကိုဗစ္ကူး စက္ခံထားရမႈေတြရွိေနတာေၾကာင့္ နည္းျပကေလာ့ပ္အေနနဲ႔ အသင္းကို လက္ရွိလူအင္အားနဲ႔ အေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္ေနရတာပဲ ျဖစ္ပါတယ္။ ကစားသမားေတြကို အလွည့္က် အသံုးျပဳေလ့မရွိတဲ့ ကေလာ့ပ္ရဲ႕ နည္းစနစ္ေတြ ေၾကာင့္ လီဗာပူးအေနနဲ႔ လာမယ့္ပြဲက်ပ္ကာလအတြင္းမွာ ႐ုန္းကန္ရႏိုင္တယ္ဆိုတဲ့ မွတ္ခ်က္ျပဳမႈေတြလည္း ထြက္ေပၚလာ ခဲ့ပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က လက္စတာနဲ႔ ကစားခဲ့တဲ့ပြဲမွာ အဓိက,ကစားသမား ငါးေနရာကို အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး ႏိုင္ပြဲရခဲ့တယ္ဆိုေပမယ့္ အတၱလႏၲာနဲ႔ပြဲမွာ အရန္ကစားသမားအမ်ားစုကို ပြဲထြက္ကစားေစခဲ့ တာေၾကာင့္ အိမ္ကြင္းမွာပဲ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဒီဇင္ဘာပြဲက်ပ္ကာလလို႔ ဆိုရမယ့္ ႏိုဝင္ဘာ ၂၈ ရက္ေန႔ကေန ဇန္ နဝါရီ ၂ ရက္ေန႔အထိ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၀ ပြဲအတူ ခ်န္ပီယံလိဂ္ပြဲစဥ္ ၂ ပြဲလည္း ကစားဖို႔ရွိေနတာေၾကာင့္ နည္းျပ ကေလာ့ပ္အေနနဲ႔ လီဗာပူးအသင္းကို အေကာင္းဆံုးရလဒ္ေတြရေအာင္ ဘယ္လိုလုပ္ေဆာင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။