မီနာမီနိုအတွက် ပွဲကစားချိန်ရလာမယ်လို့ ကတိပေးပြောကြားသွားခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က မီနာမီနိုရဲ့ ပွဲကစားခွင့် ရောက်လာမယ်လို့ ကတိပေးပြောကြားသွားခဲ့ပါတယ်။ ဂျပန်လက်ရွေးစင်ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဆဲလ်ဘတ်အသင်းကနေ ပေါင် ၇ သန်းနဲ့ ရောက်ရှိလာသူဖြစ်ပြီး ဒီရာသီမှာ ပွဲကစားခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ လူစားဝင် (၅) ပွဲကစားထားပြီး ချန်ပီယံလိဂ်မှာ (၂) ပွဲကစားခွင့်ရထားပါတယ်။

မီနာမီနိုရဲ့ နောက်ဆုံးပွဲထွက်ကစားခွင့်ဟာ အောက်တိုဘာလ ၂၇ ရက်နေ့တုန်းက မစ်ဂဲျလန် အသင်းနဲ့ ပွဲဖြစ်ပေမယ့် သူဟာ ဗုဒ္ဓဟူးနေ့ (ဒီနေ့) ည ကစားမယ့် အတ္တလန္တာအသင်းနဲ့ ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ တနင်္ဂနွေနေ့က လက်စတာအသင်းနဲ့ ပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့ ဖေမီနိုကို အနားပေးဖြစ်ပါက အသက် ၂၅ နှစ်အရွယ် မီနာမီနိုဟာ ဘရာဇီးကစားသမားနေရာမှာ ဝင်ရောက်ကစားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

“ တာကီက တနလာၤနေ့က လေ့ကျင့်ရေး ကောင်းကောင်း လုပ်ခဲ့ပါတယ်။ တာကီဟာ အရမ်းကို ထူးခြားပြီး အရမ်းတော်တဲ့ ကစားသမားပါ။ သူအနေနဲ့ စိန်ခေါ်မှုတွေ တွေ့ရမှာပါ။ သူ့ပွဲကစားချိန်ရလာမှာပါ။ သံသယမရှိပါဘူး” လို့ ကလော့ပ်က ပြောခဲ့တာ ဖြစ်ပါတယ်။

မီနာမီႏိုအတြက္ ပြဲကစားခ်ိန္ရလာမယ္လို႔ ကတိေပးေျပာၾကားသြားခဲ့တဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က မီနာမီႏိုရဲ႕ ပြဲကစားခြင့္ ေရာက္လာမယ္လို႔ ကတိေပးေျပာၾကားသြားခဲ့ပါတယ္။ ဂ်ပန္လက္ေရြးစင္ကစားသမားဟာ ဇန္နဝါရီအေျပာင္းအေရႊ႕တုနး္က ဆဲလ္ဘတ္အသင္းကေန ေပါင္ ၇ သန္းနဲ႔ ေရာက္ရွိလာသူျဖစ္ၿပီး ဒီရာသီမွာ ပြဲကစားခြင့္ရရန္ ႐ုန္းကန္ေနရသူျဖစ္ပါတယ္။ သူဟာ ပရီးမီးယားလိဂ္မွာ လူစား၀င္ (၅) ပြဲကစားထားၿပီး ခ်န္ပီယံလိဂ္မွာ (၂) ပြဲကစားခြင့္ရထားပါတယ္။

မီနာမီႏိုရဲ႕ ေနာက္ဆံုးပြဲထြက္ကစားခြင့္ဟာ ေအာက္တိုဘာလ ၂၇ ရက္ေန႔တုန္းက မစ္ဂဲ်လန္ အသင္းနဲ႔ ပြဲျဖစ္ေပမယ့္ သူဟာ ဗုဒၶဟူးေန႔ (ဒီေန႔) ည ကစားမယ့္ အတၱလႏာၱအသင္းနဲ႔ ပြဲမွာလည္း ပါ၀င္လာဖြယ္ရွိေနပါတယ္။ တနဂၤေႏြေန႔က လက္စတာအသင္းနဲ႔ ပြဲမွာ ေျခစြမး္ျပကစားခဲ့တဲ့ ေဖမီႏိုကို အနားေပးျဖစ္ပါက အသက္ ၂၅ ႏွစ္အရြယ္ မီနာမီႏိုဟာ ဘရာဇီးကစားသမားေနရာမွာ ၀င္ေရာက္ကစားဖြယ္ရွိေနတာ ျဖစ္ပါတယ္။

“ တာကီက တနလာၤေန႔က ေလ့က်င့္ေရး ေကာင္းေကာင္း လုပ္ခဲ့ပါတယ္။ တာကီဟာ အရမ္းကို ထူးျခားၿပီး အရမး္ေတာ္တဲ့ ကစားသမားပါ။ သူအေနနဲ႔ စိန္ေခၚမႈေတြ ေတြ႕ရမွာပါ။ သူ႔ပြဲကစားခ်ိန္ရလာမွာပါ။ သံသယမရွိပါဘူး” လို႔ ကေလာ့ပ္က ေျပာခဲ့တာ ျဖစ္ပါတယ္။