ဖီဖာ ရဲ့ The Best အကောင်းဆုံးဆု ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီး လီဗာပူးလ်ကစားသမား အများဆုံး ပါဝင်

နောက်လမှာ ပေးမယ့် ၂၀၂၀ ဖီဖာရဲ့ အကောင်းဆုံး ဆု ဆန်ခါတင်စာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။ အကောင်းဆုံး ဆန်ခါတင်စာရင်းမှာ လီဗာပူးလ်ကစားသမား (၅) ယောက်အထိ ပါဝင်လာပါတယ်။ တိုက်စစ်မှူး မာနေး နဲ့ ဆာလာ တို့ဟာ လီဗာပူးလ်အသင်းဖော်သစ် သီယာဂို နဲ့ ဒဏ်ရာ ရနေတဲ့ ဗန်ဒိုက်ချ် တို့နဲ့အတူ အကောင်းဆုံးစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမား အလစ်ဆန်ကလည်း ဖီဖာအကောင်းဆုံး ဂိုးသမား ဆန်ခါတင်စာရင်းမှာ လီဗာပူးလ်အသင်းဖော်တွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။ ဘရာဇီး ဂိုးသမားဟာ မာနေး၊ ဆာလာ နဲ့ ဗန်ဒိုက်ချ် တို့နဲ့အတူ မနှစ်က လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဖလားရရှိအောင် အဓိက စွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမား သီယာဂိုကတော့ နွေရာသီအပြောင်းအရွှေ့ကမှ ဘိုင်ယန်မြူးနစ်အသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာသူပါ။ ဆန်ခါတင်စာရင်းမှာ ပရီးမီးယားလိဂ်က နောက်ထပ်ကြယ်ပွင့်အဖြစ် မန်စီးတီးကစားသမား ဒီဘရိုင်းက ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဘောလွန်းဒီအောဆုအများဆုံး ရထားသူတွေ ဖြစ်တဲ့ ဘာစီလိုနာ ကြယ်ပွင့် မက်ဆီ နဲ့ ဂျူဗင်တပ်စ် ကြယ်ပွင့် ရော်နယ်ဒို တို့လည်း ထုံးစံအတိုင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ လွှမ်းမိုးမှုကို ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး အကောင်းဆုံး စိန်ခေါ်သွားခဲ့ပြီး အသင်းအတွက် (၄၇) ပွဲကစား (၅၅) ဂိုး သွင်းထားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ ပီအက်စ်ဂျီက အမ်ဘာပေ နဲ့ နေမာ တို့လည်း ပါဝင်ခဲ့ပြီး မနှစ်က ရီးရဲလ်မက်ဒရစ် အသင်း စပိန်လာလီဂါဖလားကို ရရှိအောင် အသင်းခေါင်းဆောင်ရာမိုစ့်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမားနေရာအတွက် ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာ နဲ့ တာစတီဂန်တို့အပြင် အက်သလက်တီကိုမက်ဒရစ်က အိုဘလက်ခ်တို့ ပါဝင်ခဲ့ပါတယ်။ မနှစ်က ဖီဖာအကောင်းဆုံးဆုကိုတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဘယ်သူရရှိသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဖီဖာ ရဲ႕ The Best အေကာင္းဆံုးဆု ဆန္ခါတင္စာရင္း ထြက္ေပၚလာၿပီး လီဗာပူးလ္ကစားသမား အမ်ားဆံုး ပါ၀င္

ေနာက္လမွာ ေပးမယ့္ ၂၀၂၀ ဖီဖာရဲ႕ အေကာင္းဆံုး ဆု ဆန္ခါတင္စာရင္းထြက္ေပၚလာၿပီျဖစ္ပါတယ္။ အေကာင္းဆံုး ဆန္ခါတင္စာရင္းမွာ လီဗာပူးလ္ကစားသမား (၅) ေယာက္အထိ ပါ၀င္လာပါတယ္။ တိုက္စစ္မွဴး မာေနး နဲ႔ ဆာလာ တို႔ဟာ လီဗာပူးလ္အသင္းေဖာ္သစ္ သီယာဂို နဲ႔ ဒဏ္ရာ ရေနတဲ့ ဗန္ဒိုက္ခ်္ တို႔နဲ႔အတူ အေကာင္းဆံုးစာရင္းမွာ ပါ၀င္လာခဲ့တာ ျဖစ္ပါတယ္။

ဂိုးသမား အလစ္ဆန္ကလည္း ဖီဖာအေကာင္းဆံုး ဂိုးသမား ဆန္ခါတင္စာရင္းမွာ လီဗာပူးလ္အသင္းေဖာ္ေတြနဲ႔အတူ ပါ၀င္ခဲ့ပါတယ္။ ဘရာဇီး ဂိုးသမားဟာ မာေနး၊ ဆာလာ နဲ႔ ဗန္ဒိုက္ခ်္ တို႔နဲ႔အတူ မႏွစ္က လီဗာပူးလ္အသင္းကို ပရီးမီးယားလိဂ္ဖလားရရွိေအာင္ အဓိက စြမ္းေဆာင္ေပးထားသူလည္း ျဖစ္ပါတယ္။

စပိန္လက္ေရြးစင္ဂိုးသမား သီယာဂိုကေတာ့ ေႏြရာသီအေျပာင္းအေရႊ႕ကမွ ဘိုင္ယန္ျမဴးနစ္အသင္းကေန လီဗာပူးလ္ကို ေျပာင္းေရႊ႕လာသူပါ။ ဆန္ခါတင္စာရင္းမွာ ပရီးမီးယားလိဂ္က ေနာက္ထပ္ၾကယ္ပြင့္အျဖစ္ မန္စီးတီးကစားသမား ဒီဘ႐ိုင္းက ပါ၀င္ခဲ့ပါတယ္။ ဒါ့အျပင္ ေဘာလြန္းဒီေအာဆုအမ်ားဆံုး ရထားသူေတြ ျဖစ္တဲ့ ဘာစီလိုနာ ၾကယ္ပြင့္ မက္ဆီ နဲ႔ ဂ်ဴဗင္တပ္စ္ ၾကယ္ပြင့္ ေရာ္နယ္ဒို တို႔လည္း ထံုးစံအတိုင္း ပါ၀င္ခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း မက္ဆီ နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ လႊမ္းမိုးမႈကို ၿပီးခဲ့တဲ့ႏွစ္က ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မွဴး လီ၀န္ေဒါစကီး အေကာင္းဆံုး စိန္ေခၚသြားခဲ့ၿပီး အသင္းအတြက္ (၄၇) ပြဲကစား (၅၅) ဂိုး သြင္းထားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္လွမ္းႏိ္ုင္ခဲ့တဲ့ ပီအက္စ္ဂ်ီက အမ္ဘာေပ နဲ႔ ေနမာ တို႔လည္း ပါ၀င္ခဲ့ၿပီး မႏွစ္က ရီးရဲလ္မက္ဒရစ္ အသင္း စပိန္လာလီဂါဖလားကို ရရွိေအာင္ အသင္းေခါင္းေဆာင္ရာမိုစ့္လည္း ပါ၀င္ခဲ့တာ ျဖစ္ပါတယ္။

ဂိုးသမားေနရာအတြက္ ဘိုင္ယန္ျမဴးနစ္ ဂိုးသမား ႏူအာ နဲ႔ တာစတီဂန္တို႔အျပင္ အက္သလက္တီကိုမက္ဒရစ္က အိုဘလက္ခ္တို႔ ပါ၀င္ခဲ့ပါတယ္။ မႏွစ္က ဖီဖာအေကာင္းဆံုးဆုကိုေတာ့ ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီက ဆြတ္ခူးခဲ့တာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ဘယ္သူရရွိသြားမလဲဆိုတာ ေစာင့္ေမွ်ာ္ၾကည့္ရႈရမွာ ျဖစ္ပါတယ္။